Enterprise Gadget Trending

စမတ်မျက်မှန်များတပ်ဆင်ကာ ရာဇ၀တ်သားများဖမ်းဆီးနေတဲ့ တရုတ်ရဲတပ်ဖွဲ့ဝင်များ

ဗဟိုတရုတ်ရဲဝန်ထမ်းတွေဟာ ရာဇ၀တ်သားတွေကိုဖမ်းဖို့အတွက် tool အသစ်တစ်ခုကို အသုံးပြုတော့မှာပါ။ တချို့ဝန်ထမ်းတွေဟာ လမ်းလျှောက်နေတဲ့လူတွေထဲက ရာဇ၀တ်ကောင်တွေကို ဆွဲထုတ်နိုင်မယ့် ဆော့ဖ်ဝဲလ်ပါဝင်တဲ့ special facial recognition မျက်မှန်တွေကို ၀တ်ဆင်နေကြပါပြီ။ အဲဒီမျက်မှန်တွေဟာ ရထားဘူတာရုံမှာ စတင်အသုံးပြုနေပြီဖြစ်ပြီး Lunar New Year holiday အတွက် ရှုပ်ယှက်ခတ်နေတဲ့ လူတွေကို စောင့်ကြည့်ခဲ့တာပါ။

မျက်မှန်တွေဝတ်ဆင်ထားတဲ့ဝန်ထမ်းတွေဟာ Zhengzhou အရှေ့ပိုင်း မြန်နှုန်းမြင့် မီးရထားလမ်းပိုင်းကို စောင့်ကြည့်ခဲ့ကြတာပါ။ facial recognition မျက်မှန်ကိုအသုံးပြုခြင်းဟာ  “chunyun” ရာသီအစပိုင်းမှာ စတင်ခဲ့တာပါ။ ဒီအချိန်ဟာ အားလပ်ရက်အတွက် နေထိုင်ရာအိမ်ကို ပြန်ကြတဲ့ကာလ ဖြစ်ပါတယ်။ အရင်အပတ် အင်္ဂါနေ့က အဲဒီမျက်မှန်တွေဟာ ရဲတွေကို ရာဇ၀တ်ကောင်တွေအား ကူညီရှာဖွေပေးခဲ့ပါတယ်။ အလွဲသုံးစားမှု ၂၆မှုကိုလည်း တွေ့ရှိစေခဲ့ပါတယ်။ ရထားလမ်းပိုင်းတွေမှာ မျက်မှန်တပ်ဆင်ထားတဲ့ ၀န်ထမ်းတွေကို လေးဘက်လေးလံမှာ တွေ့မြင်ရမှာပါ။

မျက်မှန်တွေကိုတော့ ရဲတွေအတွက် ဒီဇိုင်းထုတ်ထားပြီးတော့ တက်ဘလက်နဲ့ လင့်ချိတ်ထားပါတယ်။ သွားလာသူတွေရဲ့ မျက်နှာကို scan ဖတ်ပြီးတော့ တက်ဘလက်ပေါ်က ဆော့ဖ်ဝဲလ်နဲ့ တိုက်ဆိုင်ပြီးတော့ သံသယရှိသူတွေကို တိုက်ဆိုင်ကြည့်တာပါ။

မီးရထားလမ်းကို တစ်ရက်မှာ လူပေါင်း ၇၀ ၀၀၀ ကနေ ၁၂၀ ၀၀၀ လောက်အထိ အသုံးပြုနေကြတာပါ။ ဒါကြောင့် ဒီမျက်မှန်တွေကို ဒီအားလပ်ရက်အပြီး ဆက်လက်သုံးစွဲသွားမလား၊ ဒါမှမဟုတ် ၀န်ထမ်းတွေကို တိုးချဲ့တပ်ဆင်ပေးသွားမလားဆိုတာ စောင့်ကြည့်ရမှာပါ။

myanmarmobileapp
Myanmar Mobile App Store www.myanmarmobileapp.org