Samsung Galaxy A8+

0
1844

အရှေ့ကင်မရာနှစ်လုံးနဲ့ ပထမဆုံး Samsung ဖုန်းတစ်လုံးထွက်ရှိလို့ လာပါပြီ။
..

Galaxy A8+ ကတော့ Infinity Display ဒီဇိုင်းကို အလတ်တန်းစားဖုန်းတွေဆီကို ယူဆောင်လာပါပြီ။ သူနဲ့အတူ Samsung Pay နဲ့ IP68 ရေစိုခံလည်း ပါဝင်ပါသေးတယ်။

Galaxy A စီးရီးရဲ့ မျိုးဆက်လေးခုမြောက်ကို ရောက်နေပါပြီ။ နှစ်တိုင်းမှာ Samsung ဟာ flagship Galaxy S စီးရီးကနေ အလတ်တန်းစားဖုန်းတွေအထိ feature အသစ်တွေမိတ်ဆက်ပေးနေကြပါ။ ဒီနှစ်မှာတော့ Samsung ဟာ Infinity Display ဒီဇိုင်းကို Galaxy A စီးရီးတွေထံ ယူဆောင်လာပေးပါတယ်။

Galaxy A8+ ကိုတော့ Samsung ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Exynos 7885 Octa ကိုအသုံးပြုထားတာမို့ အတွင်းပိုင်းမှာ ARM ရဲ့ high-performance Cortex A73 cores တွေကို ထည့်သွင်းထားပါတယ်။ region အပေါ်ကိုမူတည်ပြီးတော့ 6GB RAM အထိ ရနိုင်မှာပါ။ ဈေးနှုန်းကတော့ ဒေါ်လာ ၅၀၀ ကနေစတင်မှာဖြစ်ပြီး Galaxy A8+ ကိုလည်း ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့သိထားသမျှ အကြောင်းအရာလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

သူ့မှာ ၆လက်မ Infinity Display ကို အသုံးပြုထားတယ်

Galaxy A8+ မှာ 18.5:9 Infinity Display ကိုဘောင်နည်းဒီဇိုင်းနဲက ထုတ်လုပ်ထားလို့ S8+ နဲ့ Note 8 တို့နဲ့တောင် ဆင်တူနေပါတယ်။ Samsung flagship တွေမှာ QHD panel ရှိပေမယ့်လည်း Galaxy A8+ မှာတော့ ၆လက်မ display ကို 2220×1080 resolution နဲ့တွဲဖက်အသုံးပြုထားပါတယ်။

Panel ကတော့ curve မဖြစ်ပါဘူး။ ဒါကြောင့် S8+ ၊ Note 8 တို့မှာနှစ်ဖက်ကွေဒီဇိုင်းနဲ့ အခက်ကြုံနေတယ်ဆိုရင်တော့ Galaxy A8+ က အဆင်ပြေမှာပါ။ ဘောင်တွေကတော့ အရမ်းမကျဉ်းပါဘူး။ အရှေ့ဘက်ကဒီဇိုင်းကလည်း LG G6 ၊ Pixel 2 XL တို့လိုမျိုး လုပ်ဆောင်ထားပါတယ်။

Samsung က အခုအချိန်မှာ display လုပ်ငန်းကိုဦးဆောင်ထားပြီးတော့ အမြတ်အစွန်းများစွာကို စံချိန်တင်သိမ်းပိုက်နေပါတယ်။ A8+ ရဲ့ Super AMOLED display ကလည်း ထင်ရှားတဲ့အစိတ်အပိုင်းတစ်ခုပါပဲ။ အရောင်ရင့်ရင့်နဲ့ ကာလာအမျိုးမျိးပါဝင်ပါတယ်။ ဒီနှစ်ကစတင်ပြီးတော့ Samsung ဟာ Gear VR platform ကို Galaxy A လိုင်းတွေမှာ ထောက်ပံ့ပေးလိုက်ပါတယ်။

Galaxy A8+ ဟာ fingerprint sensor ကို ကင်မရာအောက်မှာ ထားလိုက်ပါပြီ။ ဒါကြောင့် Galaxy S9 နဲ့ S9+ မှာလည်း ဒီလိုလုပ်သွားမယ်လို့ ခန့်မှန်းမိပါတယ်။

Samsung က ဒီအပိုင်းမှာတော့ စွမ်းအားအကောင်းဆုံး ဖြစ်နေပါတယ်။

OnePlus ဟာ အိန္ဒိယမှာ လူကြိုက်များနေတဲ့အတွက် Samsung ကလည်း hardware တွေနဲ့ ဖမ်းစားဖို့လုပ်ဆောင်လိုက်တာပါ။ Galaxy A စီးရီးရဲ့အစောပိုင်းမော်ဒယ်လ်တွေဟာ hardware အမိုက်စားတွေကို အသုံးမပြုခဲ့ပါဘူး။ ဒါပေမယ့် Galaxy A8+ မှာတော့ အဲဒီလိုမဟုတ်တော့ပါဘူး။ Exynos 7885 Octa အောက်မှာ 6GB RAM ၊ 64GB သိုလှောင်မှုတွေကို ပေါင်းစပ်ထားပြီးတော့ Galaxy A8+ ဟာ အလတ်တန်းဈေးကွက်မှာ Samsung ရဲ့ အားအကောင်းဆုံးဖုန်းတစ်လုံးအဖြစ် ရပ်တည်ခွင့်ပေးထားပါတယ်။

Exynos 7885 Octa ဟာ 2.2GHz  ရှိတဲ့ Cortex A73 cores နှစ်ခုကို အသုံးပြုထားတဲ့အတွက် စိတ်ဝင်စားစရာပါပဲ။ နောက်ပြီး 1.6GHz ရှိတဲ့ energy-efficient Cortex A53 cores ခြောက်လုံးကလည်း စိတ်ကျေနပ်စေမှာပါ။ Galaxy A8+ မှာ SD ကဒ်စိုက်နိုင်ပါသေးတယ်။ ပြီးတော့ Wi-Fi ac ၊ Bluetooth 5.0 ၊ 3500mAhဘတ်ထရီတို့ကလည်း အားသွင်းပြီးတာနဲ့ တစ်ရက်လုံးအေးဆေးအသုံးပြုနိုင်စေမှာပါ။

အရှေ့ကင်မရာနှစ်လုံးနဲ့ ပထမဆုံး Samsung ဖုန်းတစ်လုံး

Galaxy A8+ ဟာ အရှေ့ကင်မရာနှစ်လုံးပါဝင်တဲ့ ပထမဆုံး Samsung စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။ 16MP f/1.9 lens ကို secondary 8MP f/1.9 lens နဲ့ အားဖြည့်ထားပြီးတော့ ဆယ်လ်ဖီတွေအတွက် Live Focus  ကို အသုံးပြုခွင့်ပေးထားတာမို့ မနှစ်က Galaxy Note 8 မှာပေးခဲ့တဲ့ feature ကို အသုံးပြုနိုင်မှာပါ။

Resolution မြင့်မြင့်အရှေ့ကင်မရာတွေကို တောင်းဆိုလာကြတဲ့အတွက် အာရှဈေးကွက်အတွက် လုပ်ဆောင်ပေးလိုက်တာဖြစ်နိုင်ပါတယ်။ မနှစ်က အိန္ဒိယမှာ အများဆုံးရောင်းရတဲ့ဖုန်းလေးလုံးထဲက တစ်လုံးကတော့ ဆယ်လ်ဖီကင်မရာကို ကြော်ငြာအားကောင်းကောင်းနဲ့ လုပ်ဆောင်ထားပြီးတော့ Xiaomi လောက်နီးနီး ရောင်းအားကောင်းလာတာကို တွေ့ရပါတယ်။ Galaxy A8+ ရဲ့ အရှေ့ကင်မရာကတော့ သူ့ရဲ့အကောင်းဆုံး feature တစ်ခုဖြစ်ပါတယ်။ Live Focus ကလည်း bokeh effect ရိုက်ချက်တွေဖန်တီးရာမှာ ကောင်းကောင်းအလုပ်ဖြစ်ပါတယ်။

ကင်မရာကောင်းကောင်းနဲ့ Samsungဖုန်းတွေကို စိတ်ဝင်စားမယ်ဆိုရင်တော့ Galaxy A8+ ကိုရွေးချယ်သင့်ပါတယ်။

Android 7.1.1 Nougat ကို ချက်ခြင်းအသုံးပြုနိုင်မှာပါ။

Galaxy A8+ ကို Android 7.1.1 Nougat ကို အသုံးပြုထားတာကတော့ နည်းနည်းရှက်ဖွယ်ပါပဲ။ ဒါဟာ Samsung flagship တွေရဲ့ software experience ကို ထပ်တူခံစားနိုင်မှာပါ။ Samsung Experience 8.1 ကို ခံစားရမှာပါ။ ဒါပေမယ့် Oreo နဲ့ ထွက်လာမယ်ဆိုရင်တော့ ပိုကောင်းမယ်လို့ မျှော်မှန်းထားပါတယ်။

ဒီဖုန်းကို ကမ္ဘာအနှံ့ဈေးကွက်အထိ ဖြန့်ချိတာမလုပ်သေးတဲ့အတွက်ကြောင့် ယူအက်စ်ကို launch လုပ်တဲ့အချိန်မှာ Oreo နဲ့ တွေ့မြင်နိုင်တဲ့အခွင့်အရေးတော့ ရှိနေပါသေးတယ်။

ဒီနှစ်နောက်ပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ရနိုင်မှာပါ။

Galaxy A8+ ကတော့ လက်ရှိမှာ တောင်ကိုရီးယားနဲ့ အိန္ဒိယနိုင်ငံတို့ကို ၀င်ရောက်နေပါပြီ။ အဲဒီဖုန်းကို မကြာခင်အချိန်အတွင်းမှာ ကမ္ဘာ့ဈေးကွက်ကို ၀င်ရောက်လာလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။ Galaxy A8+ ကို ဘယ်အချိန်မှာ ရနိုင်မလဲဆိုတာကို ပြောမထားပါဘူး။ အရင်တုန်းက Galaxy A စီးရီးတွေ launch လုပ်တဲ့ပုံကိုကြည့်လိုက်မယ်ဆိုရင်တော့ ဒီနှစ်နောက်ပိုင်းမှာ မြင်ရနိုင်ပါတယ်။

Galaxy A8 လေးကိုတော့ နယ်သာလန်နဲ့ ဥရောပဈေးကွက်တွေမှာ ဒေါ်လာ ၆၂၀ နဲ့ရောင်းချနေပြီးတော့ ယူကေမှာ launch မလုပ်သေးပါဘူး။ Clove ကတော့ ဒေါ်လာ ၆၇၀ နဲ့ရောင်းချနေပါတယ်။ Galaxy A8 စီးရီးကတော့ အလတ်တန်းစားဖုန်းအတွက် အကောင်းဆုံးပြသနေတာဖြစ်ပေမယ့်လည်း ဒေါ်လာ၆၀၀ ၀န်းကျင်နဲ့ဆို OnePlus 5T အပါအ၀င် အခြားဖုန်းအမျိုးအစားများစွာကို ၀ယ်ယူနိုင်တဲ့အနေအထားပါ။

Galaxy A စီးရီးအတွက် ဦးစားပေးကတော့ အိန္ဒိယဖြစ်ပြီးတော့ Amazon ကနေ ₹32,999 ($512) နဲ့ ၀ယ်ယူနိုင်ပါပြီ။