MWC အပြီးမှာ ရေပန်းစားလာနိုင်တဲ့ Sony ရဲ့ ဖုန်းအသစ်နှစ်လုံး

0
1042

ဒီနှစ် Mobile World Congress မှာ ပါဝင်မယ့်ကုမ္ပဏီတွေထဲမှာ Sony ကလည်း တစ်ခုအပါအ၀င်ပါ။ သူတို့ဘာတွေလုပ်နေကြသလဲဆိုတာကိုလည်း သိချင်နေလောက်မယ်လို့ ယူဆပါတယ်။

ထုံးစံအတိုင်း ဒီဇိုင်းတွေကတော့ ထပ်မံဆန်းသစ်ထားမှာဖြစ်ကြောင်း Sony အမှုဆောင်တွေဆီကနေ ကြားထားပါတယ်။ နောက်ပြီးတော့ နောက်တစ်ပတ်မှာကျင်းပမယ့် MWC မှာ ပြသတော့မယ့် Sony ရဲ့ ဟန်းဆက်နှစ်ခုရဲ့သွင်ပြင်ကိုလည်း VentureBeat ရဲ့ကျေးဇူးနဲ့ မြင်ခွင့်ရခဲ့ပါတယ်။

Xperia XZ2 နဲ့ XZ2 Compact ကတော့ အရင်တုန်းက Sony brand ဟန်းဆက်တွေနဲ့ အတော်လေးကွဲထွက်နေပါတယ်။ သူတို့မှာ ဒီဇိုင်းတစ်ခုလုံးကို ပြန်လည်ပြင်ဆင်ထားတာမျိုးတော့ မဟုတ်သေးပါဘူး။ ဒါ့အပြင် ဘောင်တွေ သိသိသာသာပျောက်သွားတာမျိုးလည်း မဟုတ်သေးပါဘူး။

XZ2 ကတော့ အဲဒီဟန်းဆက်နှစ်လုံးထဲမှာ ပိုကြီးမားပြီး a 5.7-inch 1080p HD displayကို Qualcomm Snapdragon 845 processor နဲ့ ပေါင်းစပ်ထားပါတယ်။ အနောက်ဘက်မှာတော့ 19MP camera ကို f/1.8 aperture နဲ့တွဲဖက်ထားပြီး 4K HDR video recording ကိုလည်း လုပ်ဆောင်နိုင်မှာပါ။အရှေ့ဘက်မှာ စတူရီယိုစပီကာတစ်စုံပါဝင်ပြီးတော့ အသံပိုင်းအရ တုန်ခါမှုတွေ၊ အထိတွေ့ဆန်းသစ်မှုလေးတွေကို ခံစားနိုင်မှာဖြစ်သလို လက်ဗွေစနစ်ကိုတော့ အနောက်ဘက်မှာ တပ်ဆင်ထားပါတယ်။

အဲဒီဟန်းဆက်မှာ ပါဝင်မယ့်ဘတ်ထရီကတော့ 3180mAh ၊ USB Type-C port ၊ ကြိုးမဲ့အားသွင်းစနစ်ကိုလည်း တွေ့မြင်ရမှာပါ။ Android 8.0 Oreo ကိုလည်း ချက်ခြင်းအသုံးပြုနိုင်မှာပါ။

XZ2 Compact ကတော့ နည်းနည်းသေးပြီးတော့ 5-inch 1080p HD display ၊ Qualcomm Snapdragon 845 processor ၊ 19MP အနောက်ကင်မရာ၊ fingerprint reader ၊ စတူရီယိုစပီကာတွေပါဝင်ပြီးတော့ XZ2 လို haptic feedback system တော့ မပါဝင်ပါဘူး။ ဘတ်ထရီကတော့ 2870mAh ဖြစ်ပြးတော့ ကြိုးမဲ့အားသွင်းစနစ်လည်း မပါဝင်ပါဘူး။

XZ2 Compact ကလည်း Android Oreo ကို ချက်ခြင်းအသုံးပြုနိုင်မှာပါ။

အဲဒီဟန်းဆက်နှစ်ခုစလုံးကို မတ်လမှာ launch လုပ်မယ်လို့ မျှော်လင့်ထားပြီး အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ဈေးနှုန်းအကြောင်းလည်း ပြောဆိုထားခြင်း မရှိသေးပါဘူး။