ကြိုးမဲ့အားသွင်းစနစ်ပါဝင်လာမယ့် Xiaomi Mi Max 3

0
2911

Xiaomi Mi Max 3 ရဲ့ သတင်းတွေကိုတော့ XDA က ဖော်ထုတ်ပေးလိုက်ပါပြီ။

ဒီပုံရိပ်တွေအရ 18:9 display (7-inches) ၊ Qualcomm Snapdragon 660 SoC ၊ 5,500 mAh ဘတ်ထရီနဲ့ ကြိုးမဲ့အားသွင်းစနစ်ကိုလည်း Xiaomi အတွက် ပထမဆုံးအနေနဲ့ ယူဆောင်ပေးလိုက်ပါတယ်။

Snapdragon 635 chip ကိုအသုံးပြုထားမယ်လို့ သိရပေမယ့် ဒီသတင်းက တိကျမယ်လို့ မယူဆရသေးပါဘူး။ 3 GB/64 GB နဲ့4 GB/128 GB မမ်မိုရီပမာဏတွေကလည်း ခန့်မှန်းချက်တွေသာသာ ရှိပါသေးတယ်။ ဒါကြောင့် Snapdragon 660 ကတော့ အချက်အလက်မြင့်မြင့်မော်ဒယ်လ်တွေမှာ အသုံးပြုမယ့်ပုံပေါက်ပါတယ်။

ကင်မရာအသေးစိတ်ကတော့ မသိရသေးပါဘူး။ ဒါပေမယ့် ဇန်န၀ါရီလမှာ တွေ့ရတဲ့ပုံတွေအရဆိုရင် ကင်မရာနှစ်လုံးတပ်ဆင်ထားမှာပါ။ အရှေ့ကင်မရာမှာ firmware မှာတွေ့ရတဲ့ကုဒ်တွေအရ ပြောရမယ်ဆိုရင် iris scanning နည်းပညာကို အသုံးပြုထားမှာပါ။

အဲဒီဟန်းဆက်မှာ Android 8.1 Oreo နဲ့အတူ တွေ့မြင်ရနိုင်ပြီးတော့ အနောက်ဘက်မှာ fingerprint scanner တပ်ဆင်ထားမှာပါ။ ဒါပေမယ့် NFC တော့ မပါလောက်ပါဘူး။ MicroSD ကဒ်စိုက်နိုင်ခြင်း၊ Dirac-tuned audio နဲ့ Qualcomm ရဲ့ aptX ၊ aptX HD Bluetooth audio codecs တွေပါဝင်မယ်လို့ firmware ကို အခြေခံပြီးတော့ ပြောနိုင်ပါတယ်။

ပုံမှန်အရ ကုဒ်တွေကိုကြည့်လိုက်ခြင်းအားဖြင့် ဖုန်းအတွက် ဈေးနှုန်း၊ ထွက်ရှိမယ့်ရက်တွေက မသိရပါဘူး။ ဒါပေမယ့်သတင်းတွေကြားထားတာကတော့ အကြမ်းဖျင်း ဒေါ်လာ ၂၆၅ ကျသင့်နိုင်ပြီး နွေရာသီနောက်ပိုင်းမှာ launch လုပ်မယ်လို့ မျှော်လင့်ထားပါတယ်။