ဘတ်ဂျက်ဘုရင်တစ်ယောက်ဖြစ်လာနိုင်တဲ့ Honor 9 Lite Review လေးကို တင်ဆက်ပေးလိုက်ပါတယ်။
ဟန်ချက်တွေထိန်းထားနိုင်တဲ့အတွက် အခုအချိန်အတွင်းမှာ ရနိုင်တဲ့ဘတ်ဂျက်ဖုန်းတွေထဲကတစ်လုံး ဖြစ်လာပါတယ်။
ဘတ်ဂျက် Homor ဖုန်းရဲ့ သိလိုသမျှအချက်တွေအားလုံး ပွင့်ထွက်လာပါပြီ။ အရင်ဖုန်းတွေပေးအပ်ထားသမျှတွေဟာ ဖုန်းကောင်းတစ်လုံးဖြစ်စေပေမယ့် NFC မပါဝင်တဲ့အတွက်ကြောင့် နည်းနည်းတော့ အားလျော့ပါတယ်။ သူဟာ Google Pay အသုံးပြုမှုကိုလည်း ပိတ်ထားပါသေးတယ်။
Honor 9 Lite ကတော့ Honor 9 ထက် နည်းနည်းလေးနိမ့်တယ်ဆိုတာမျိုးတော့ မဟုတ်ပါဘူး။ Honor 9 မှာကတော့ aspect ratio display ရှည်ရှည်၊ ကင်မရာလေးလုံး ပါဝင်ပါတယ်။ သိုလှောင်မှုကောင်းကောင်း ဒါမှမဟုတ် screen ကြီးကြီး မရလည်း အေးဆေးပဲဆိုရင်တော့ Honor 9 Lite က Honor 7X ထက် ပိုဝယ်သင့်ပါတယ်။ ယူကေမှာဆိုရင်တော့ £199 နဲ့ ရနိုင်ပြီးတော့ Android 8.0 Oreo နဲ့အတူ hardware တွေကလည်း ကောင်းပါတယ်။ ဒါကြောင့် ဒီအချိန်အတွက် ဘတ်ဂျက်ဖုန်းတစ်လုံးဆိုတာ ငြင်းလို့မရပါဘူး။
အားသာချက်
- အရမ်းလန်းတဲ့ ဈေးနှုန်း
- display ကောင်းကောင်း
- ဘတ်ထရီသက်တမ်း ခပ်မိုက်မိုက်
- NFC ပါဝင်တဲ့အတွက် Android Pay အသုံးပြုနိုင်
- Android 8.0 Oreo
အားနည်းချက်
- Micro-USB ဖြစ်ပြီး USB-C မဟုတ်ခြင်း
- Fingerprint magnet
- ကြိုးမဲ့အားသွင်းမဟုတ်ခြင်း
- အရာတိုင်းကို It slides off EVERYTHING
Honor 9 Lite Full review
High-end ဖုန်းတွေကတော့ စိတ်လှုပ်ရှားစရာကောင်းပါတယ်။ဒါပေမယ့် သူတို့တွေက ခန့်မှန်းရလွယ်ပါတယ်။ နှစ်တိုင်းမှာ ဈေးအကြီးဆုံးဖုန်းတွေဟာ feature အများစု၊ အဆင့်မြင့်ကင်မရာတွေ၊ ပိုမိုကောင်းမွန်တဲ့ display တွေ၊ သိုလှောင်မှုပမာဏများများ စတာတွေနဲ့ ထွက်ပေါ်လာလေ့ရှိပါတယ်။ ဒီစက်ဝန်းက ဘယ်တော့မှ အဆုံးမသတ်ပါဘူး။
စမတ်ဖုန်းတွေဟာ စိတ်လှုပ်ရှားစရာကောင်းပေမယ့်လည်း ကျွန်တော့အတွက်ကတော့ ဘတ်ဂျက်က အရေးပါတဲ့အရာတစ်ခု ဖြစ်နေပါတယ်။ ဒီတော့ ငွေနည်းနည်းနဲ့ ဖုန်းကောင်းတစ်လုံးကို ၀ယ်ယူချင်တဲ့သူတွေအတွက်တော့ စဉ်းစားရခက်ပါတယ်။ ဒီအတွက် Honor 9 Lite ရှိတယ်လို့ ပြောချင်ပါတယ်။
Honor ဖုန်းတွေဟာ များသောအားဖြင့် ဈေးကြီးဖုန်းတွေထဲမှာ မပါပါဘူး။ လူတွေကို brand နဲ့ ဆွဲဆောင်တဲ့ဖုန်းမျိုး မဟုတ်ပါဘူး။ Huawei ဆီကနေ နာမည်တစ်မျိုးနဲ့ ထွက်လာတာဖြစ်ပြီး Honor 9 Lite ကတော့ ဘတ်ဂျက်ကိုက်တဲ့ အကောင်းဆုံးစမတ်ဖုန်းတွေထဲက တစ်ခုဖြစ်လာပါတယ်။ ဒီဖုန်းကို သင့်နိုင်ငံမှာ ရနိုင်ဖို့တော့ လိုအပ်တာပေါ့လေ။
အခု review အကြောင်း
ဒီအကြောင်းကို ယူကေ Honor 9 Lite ကို စမ်းသပ်ကြည့်ဖို့ပေးထားတာကို စမ်းသပ်ကြည့်ခဲ့ပါတယ်။ တစ်ပတ်လောက်တော့ကြာပါတယ်။ review ရေးနေတုန်းမှာ Android 8.0 Oreo ကို EMUI 8.0 နဲ့ အသုံးပြုခဲ့တာပါ။
Honor 9 Lite Hardware
Operating System EMUI 8.0 / Android 8.0
Processor Kirin 659
RAM 3GB
Storage 32GB /Expandable via microSD card
Display 5.65-inch 2160 x 1080 / 18:9 aspect ratio / 2.5D curved glass
Main Camera 13MP and 2MP dual-cameras
Front Camera 13MP and 2MP dual-cameras
SIM Card Dual SIM or nanoSIM + microSD
Battery 3000mAh
Colors Sapphire Blue, Midnight Black, and Glacier Gray
Ports Micro USB, 3.5mm headphone jack
NFC Yes
Fingerprint scanner Yes
Price £199
Honor 9 Lite ကတော့ နာမည်အရကြည့်မယ်ဆိုရင် Honor 9 ထက် နိမ့်မယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ Honor 9 အပြီးမှာ ထွက်ရှိလာတာမို့ အဲဒီနာမည်ပေးလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တူညီနေတဲ့အချက်ကတော့ တောက်ပတဲ့ကျောပြင်ပါ။
Honor ကတော့ ဈေးကွက်ထဲမှာ လှပမှုအရှိဆုံးဖုန်းတွေထဲက တစ်ချို့ကိုထုတ်လုပ်နေတာဖြစ်ပြီး Honor 9 Lite ကတော့ တောက်ပပြီး sapphire blue နောက်ကာဗာလေးနဲ့ အတော်လေးကို လှပကြွရွနေပါတယ်။ အခြားသောအရောင်တွေရနိုင်ပေမယ့်လည်း အပြာရောင်လေးကတော့ အတော့ကို ကြည့်လို့ကောင်းနေပါတယ်။
ကြည့်လို့ကောင်းတယ်ဆိုပေမယ့်လည်း သန့်ရှင်းအောင်ထားဖို့တော့ လိုအပ်ပါတယ်။ ဖုန်းမှာ လက်ဗွေရာလေးတွေ ထင်ကျန်နေမှာကတော့ ကျိန်းသေပါပဲ။ မှန်ကြည့်ချင်တယ်ဆိုရင်တော့ အရှေ့ကင်မရာကို သုံးနေစရာတောင် မလိုအပ်တော့ပါဘူး။ အရှေ့ဘက်မှာရှိတဲ့ အပြာရောင်အပိုင်းကတော့ ပုံမှန်ဖြစ်နေတာကိုတော့ ကျေးဇူးတင်ပါတယ်။ နောက်တစ်ခုကတော့ စားပွဲပေါ်တင်လိုက်မယ်ဆိုရင်တော့ ချောနိုင်ပါတယ်။
အရောင်လေးတွေက ကင်မရာအပိုင်း၊ Honor logo တို့အတွက် အဆင်ပြေပြေထည့်သွင်းပေးစေနိုင်ပါတယ်။ ထုတ်လုပ်သူ logo ကို အရှေ့ဘက်မှာထားခြင်းဟာ ဘောင်ကြီးသွားစေပါတယ်။ ဒါပေမယ့် ဒီမှာတော့ တွေ့ရမှာ မဟုတ်ပါဘူး။ Honor 9 Lite မှာ 5.65-inch ၊ 2160 x 1080 FHD+ display ၊ 18:9 aspect ratio တို့ ပါဝင်ပါတယ်။ Honor ကတော့ FullView လို့ အမည်တပ်ထားပါတယ်။ အဲဒီ display အတွက် အကြိုက်ကြီးမဟုတ်ပေမယ့်လည်း ဖုန်းရဲ့အရွယ်အစားနဲ့ဆိုရင်တော့ အဆင်ပြေပါတယ်။
Honor 9 Lite ကတော့ ပေါ့ပါးပြီး ကိုင်ဆောင်ရတာ အဆင်ပြေပါတယ်။ ဒါပေမယ့် သူ့မှာ ကြီးမားတဲ့ display တော့ ရှိနေဆဲပါပဲ။ LG G6 နဲ့ဆင်တူပါတယ်။ သူဟာ Pixel 2 ထက် ပိုရှည်ပြီးတော့ ပိုကျယ်ပါတယ်။ ဒါပေမယ့် display ကိုလည်း ကျယ်ကျယ်အသုံးပြုထားပါတယ်။ တစ်ဖက်တည်းနဲ့ အသုံးပြုချင်တယ်ဆိုရင်တော့ လက်ကြီးမှအဆင်ပြေမှာပါ။ ဒါပေမယ့် ထည့်ဖို့အတွက် အိတ်ကပ်ကြီးကြီး မလိုအပ်ပါဘူး။
fingerprint scanner ကတော့ အသုံးဝင်ပါတယ်။ Ascend Mate 7 ကတည်းကစပြီးတော့ Huawei ဟာ မြန်ဆန်တိကျတဲ့ fingerprint sensor တွေကို ဖုန်းမှာထည့်သွင်းပေးခဲ့ပါတယ်။ ဒီဖုန်းမှာလည်း အတူတူပါပဲ။
နောက်ထပ် feature တစ်ခုနဲ့ မိတ်ဆက်ပေးရမယ်ဆိုရင်တော့ notification tray access ပါပဲ။ အဲဒါလေးကိ ဖုန်းလက်ခံဖို့အတွက် ကိုင်ထားနိုင်ပြီးတော့ ကင်မရာ app အတွက်လည်း ပိတ်တဲ့ခလုတ်အဖြစ် အသုံးပြုနိုင်ပါသေးတယ်။ နှိုးစက်ပိတ်ခြင်း၊ gallery app ထဲမှာ ဓါတ်ပုံများကြည့်ခြင်းအတွက်လည်း အသုံးပြုနိုင်ပါတယ်။
Honor 9 Lite ရဲ့ ဒီလို အထိအတွေ့လေးတွေက လက်တစ်ဖက်တည်းနဲ့ အသုံးပြုရတဲ့အရသာဟာ one-handed UI mode ကို အသုံးပြုစရာမလိုအပ်ဘဲ ခံစားနိုင်ခြင်းကလည်း ထူးခြားတဲ့အချက်ပါပဲ။
Display အကြောင်းပြောရမယ်ဆိုရင်လည်း အတော်လေးကောင်းပါတယ်။ default color mode ကတော့ vivid ဖြစ်ပြီးတော့ အနက်ဘက်ကို နည်းနည်းရောက်ပါတယ်။ built-in “eye comfort” mode ကတော့ ကာလာတွေကို warm ဖြစ်နေစေမှာပါ။ “smart” resolution feature ကတော့ screen resolution ကို ပါဝါစားသက်သာအောင် ပြောင်းလဲပေးနိုင်ပါတယ်။ ကျွန်တော်ကတော့ အပြောင်းအလဲများတာကို မကြိုက်တတ်ပေမယ့် သင်ကတော့ ကျွန်တော်နဲ့ ကွဲပြားနိုင်တာမို့ အသုံးပြုကြည့်သင့်ပါတယ်။
Display မှာတော့ အဟိုက်လေးပါပြီး အရှေ့ပိုင်းကတော့ အတော်လေးရောင်ပြန်ဟပ်နေတဲ့အတွက် ကိုယ်ပုံကိုယ် ပြန်မြင်နေတဲ့အခါမျိုးလည်း ကြုံရပါတယ်။
Hardware ပို်င်းကို သွားကြည့်ရအောင်။ Honor 9 Lite မှာ NFC ပါဝင်ပါတယ်။ 2017 မှာ ထွက်ပေါ်လာခဲ့တဲ့ Honor 7X နဲ့ Honor 6A တို့ဟာ ဒီဖုန်းထက် ပိုဈေးကြီးပြီးတော့ NFC မပါဝင်တဲ့အတွက် Google Pay ကို အသုံးမပြုနိုင်ပါဘူး။ ဒီလိုအရာတွေကြောင့် premium feature မပါဝင်သလို ဖြစ်သွားတာကို Honor က မြင်လိုက်ပါတယ်။
USB-C ကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားဖို့တော့ လိုပါတယ်။
Honor 9 Lite Software
အရင်နှစ်တွေတုန်းက Huawei ထုတ်ဖုန်းတွေကို review ရေးတဲ့အခါ hardware အကြောင်းကို ဝေေ၀ဆာဆာပြောနိုင်ပြီး software ပိုင်းမှာတော့ နှုတ်ဆိတ်နေရပါတယ်။ အဲဒီနေ့တွေကတော့ မေ့မရပါဘူး။
EMUI ဟာ Android pure သမားတွေအတွက် အယူအဆတွေကွဲပြားလိမ့်မယ်ဆိုတာ တကယ်မှန်ပါတယ်။ တောက်ပနေဆဲဖြစ်ပြီတော့ menu system ကလည်း အဖြူရောင်ကို သုံးထားပြီး default အဖြစ်သုံးထားပါတယ်။ app drawer မရှိပါဘူး။ ဒါပေမယ့် settings ထဲမှာ app drawer ကို ထည့်သွင်းနိုင်ပြီးတော့ Play Store ကနေ ဒေါင်းလုတ်ပေးထားတဲ့ themes တွေ အများကြီးရှိပါတယ်။ neon app icon တွေကို dark theme နဲ့ပေါင်းစပ်ထားတာကို တွေ့ရပါတယ်။ အတော်လေးမိုက်ပါတယ်။
Honor ဟာ Android Oreo ကို ခုန်သွားတာဖြစ်လို့ ခြေတစ်လှမ်းနောက်ကျမနေပါဘူး။
EMUI ဟာ အရင်ထက်ပိုကောင်းလာတယ်ဆိုတာတော့ ၀န်ခံရမှာပါ။ အရင်တုန်းကဟာတွေနဲ့ ယှဉ်လိုက်ရင် အံ့သြစွာနဲ့ ယောင်ယမ်းမိတဲ့အထိ ပြောင်းလဲသွားခဲ့တာပါ။ Honor 9 Lite ဟာ Android 8.0 Oreo ပေါ်မှာ EMUI 8.0 ကို အသုံးပြုထားတာပါ။ Oreo ကတော့ ဖုန်းအသစ်တွေတိုင်းမှာ မျှော်လင့်ထားတဲ့အရာတစ်ခုဖြစ်ပြီးတော့ ဘတ်ဂျက်ဖုန်းမှာရနိုင်တယ်ဆိုတော့ အံ့သြစရာပါပဲ။
EMUI မှာ app တွေဟာ နောက်ကွယ်မှာ run နေတဲ့အအချိန်မှာလည်း notification လေးတွေရနိုင်ပါတယ်။ နောက်ကွယ်မှာ run နေခြင်းအတွက်လည်း အဆင်ပြေပြေလုပ်ဆောင်နိုင်ပါတယ်။
EMUI ကတော့ Honor 7X ၊ Honor 6A နဲ့တော့ အတော်ကြီးပြောင်းလဲသွားခြင်း မရှိပါဘူး။ ဒါပေမယ့်အဓိကအချက်ကတော့ Honor 9 Lite က Oreo ရနိုင်ခြင်းပါပဲ။
Honor 9 Lite Camera
The Honor 9 Lite မှာတော့ ဖုန်းရဲ့နှစ်ဖက်စလုံးမှာ ကင်မရာနှစ်လုံးကို အသုံးပြုထားပါတယ်။13MP + 2MP အတွဲအစပ်ကို အသုံးပြုထားတာပါ။ ဘာကြောင့် ဒါက အရေးပါသလဲ။ portrait mode ကို အရှေ့ကင်မရာနဲ့ရိုက်နိုင်ပြီလေ။
camera app ကတော့ အခြားသော Honor ၊ Huawei ဖုန်းတွေမှာတွေ့မြင်နေရတာနဲ့ အတူတူပါပဲ။ feature ပိုင်းမှာတော့ ပိုကောင်းလာပါတယ်။ Moving photos ၊ HDR ၊ manual photo and video mode ၊ light painting ၊ filters ၊ time lapse နဲ့ ‘variable aperture’ စတာတွေကို တွေ့မြင်ရမှာပါ။ control ပိုင်းကို စိတ်ဝင်စားတဲ့သူတစ်ယောက်ဆိုရင်တော့ Honor 9 Lite မှာ ကလိခွင့်ရရှိမှာပါ။
portrait mode မှာ bokeh effect ကို လူတွေနဲ့ မျက်နှာတွေမှာ ထည့်နိုင်သလို variable aperture feature ကလည်း ဘယ်ပုံမဆို အဲဒီလိုဖြစ်အောင် လုပ်ပေးနိုင်မှာပါ။ ဒါကြောင်း ကောင်းကောင်းကိုင်တွယ်တတ်မယ်ဆိုရင် focus တွေကို ရွှေ့နိုင်ပါတယ်။
အောက်မှာတော့ နမူနာပုံလေးတွေကို ပြသပေးထားပါတယ်။ Pixel 2 မှာတော့ portrait mode ကိုရွေးလိုက်တယ်၊ ပုံရိုက်လိုက်တယ်။ ပြီးသွားပါပြီ။ Honor 9 Lite မှာတော့ portrait mode ကိုရွေးပြီးရင် bokeh effects ကို manual သတ်မှတ်ပေးဖို့လိုအပ်ပါတယ်။ ပြီးရင်တော့ “beauty” filters ကို အရှေ့ကင်မရာမှာလည်း ချိန်ညှိနိုင်ပါသေးတယ်။
Portrait mode ကတော့ ဘယ်ဘက်မှာပါ။ ညာဘက်ကတော့ portrait mode မဟုတ်ပါဘူး။
portrait mode ကို အကြိမ်ပေါင်းများစွာ စမ်းကြည့်ခဲ့လား၊ bokeh ကို screen ပေါ်မှာ ဖွင့်ရတာကို ခံစားရတာမကောင်းဘူးလို့ တွေးမိလား။ ဟုတ်ပါတယ်။ ကျွန်တော်လည်း ဒီလိုပါပဲ။ ဘာဖြစ်လို့ ဒီအတိုင်းဖွင့်မထားတာလဲ။ ဒါက portrait mode ဖြစ်နေလို့ပါ။
portrait mode effect တွေဟာ အမြဲတမ်း ဒီအတိုင်းပါပဲ။ ဒါပေမယ့် Honor 9 Lite မှာကတော့ software အစား hardware ကိုအသုံးပြုထားတာဖြစ်လို့ ရိုက်ကူးမယ့်အရာရဲ့ အစွန်းတွေကို မသိနိုင်ပါဘူး။ မျက်နှာကိုတော့ သိရှိနိုင်ပေမယ့် အစွန်းနားလေးတွေကို ကြည့်မယ်ဆိုရင်တော့ မသေသပ်တာလေးတွေ တွေ့ရမှာပါ။
အရည်အသွေးပိုင်းနဲ့တော့ စကားပြောပါလိမ့်မယ်။ ဒါပေမယ့် £199 ဖုန်းအတွက်ကတော့ သုံးပျော်ပါတယ်။ Huawei အတွက် အကောင်းဆုံးဖုန်းတွေကိုစိန်ခေါ်မှာမဟုတ်သလို သူ့ရဲ့ရိုက်ချက်အများစုကလည်း အားကောင်းနေတာကို တွေ့ရပါတယ်။ ဒါပေမယ့် exposure ပိုင်းနဲ့ပတ်သတ်ရင်တော့ တစ်ခါတစ်ရံမှာ ရုန်းကန်နေရပါတယ်။ portrait mode တည်ငြိမ်မှုအတွက် Hardware နဲ့ ဖြေရှင်းလိုက်ခြင်းက အနောက်ရော၊ အရှေ့ကင်မရာကိုပါ ခိုင်မာတဲ့ရလဒ်တွေ ထွက်ပေါ်လာစေပါတယ်။ အသေးစိတ်နဲ့ အရောင်ထုတ်လုပ်မှုအပိုင်းမှာတော့ ကောင်းမွန်ပြီးတော့ ultra snapshot feature ကို ကြွေမိပါတယ်။
ကလေးနှစ်ယောက်အဖေတစ်ယောက်အနေနဲ့ အသံလျှော့ခလုတ်ကိုနှစ်ချက်နှိပ်ပြီးတော့ ကင်မရာကိုဖွင့်စေပြီး တစ်စက္ကန့်အတွင်းမှာ ပုံရိုက်နိုင်ခြင်းကလည်း ချက်ချင်းရိုက်လိုက်နိုင်ခြင်းနဲ့ လွဲသွားတဲ့အရာနှစ်ခုကြားက ခြားနားမှုတွေကို ခံစားမိစေပါတယ်။
Honor 9 Lite Battery life
တစ်ခါအားသွင်းထားတာနဲ့ တစ်ရက်လုံး အေးအေးဆေးဆေး အသုံးပြုနိုင်ပါတယ်။ ဒီဖုန်းကို ညအချိန်မှာအားသွင်းဖို့ ထောက်ခံပေးချင်ပါတယ်။ ဒါမှ 3000mAhဘတ်ထရီနဲ့တစ်နေ့လုံး အားပြန်သွင်းစရာမလိုအောင် ကဲနိုင်မှာပေါ့။
9 Lite ဟာ ဘတ်ထရီအားသက်သာစေနိုင်တဲ့ စမတ်နည်းပညာရဲ့ ငါးဆက်မြောက်မျိုးဆက်ဖြစ်တယ်လို့ ပြောထားပါတယ်။ အရင်တုန်းကပြောလိုက်သလိုပဲ background ကနေ သွားနေတဲ့မလိုအပ်တဲ့ notification တွေကို ရနို်င်ပါသေးတယ်။ ဘယ်လိုနည်းပညာကိုပဲ သုံးထားထား Honor 9 Lite ဆီကနေ ကောင်းကောင်းသုံးလို့ရရင် အဆင်ပြေနေပါပြီ။
ရနိုင်သလောက် ဖျစ်ညှစ်ပြီးတော့ သုံးချင်တယ်ဆိုရင်တော့ battery saver mode သာမက ultra battery saver mode လည်းပါဝင်တာမို့ ဘတ်ထရီသက်တမ်းကို ဆွဲဆန့်နိုင်ပါတယ်။ 3000mAh ဆိုတာနဲ့ အတော်လေးကြီးနေပါပြီ။ ထားလိုက်ပါ။ တစ်ခါအားသွင်းပြီးတာနဲ့ အိပ်ယာဝင်ချိန်အထိ အသုံးပြုနိုင်ပါတယ်။
Honor 9 Lite အတွက် စဉ်းစားရမယ့်အချက်များ
£199 နဲ့ အခုအချိန်မှာဝယ်နိုင်တဲ့အကောင်းဆုံးဖုန်းလား။ ဟုတ်ပါတယ်လို့ ခိုင်ခိုင်မာမာပြောရမှာပါ။ Honor 9 Lite မှာရနိုင်တဲ့အရာကတော့ ဈေးကြီးတဲ့အရာတွေနဲ့ ယှဉ်ကြည့်လို့ရတဲ့ hardware experience၊ ‘flagship-class’ ဖုန်းတွေမှာရနိုင်တဲ့ မြန်ဆန်သွက်လက်တဲ့ feature ၊ ကင်မရာကောင်းကောင်းတွေကို ဈေးသက်သက်သာသာနဲ့ ရနိုင်တဲ့အပြင် ကိုယ်ထည်ကလည်း ပရီမီယမ်ဆန်ပါတယ်။ Honor ရဲ့ Sapphire Blue ကတော့ အရောင်တွေထဲမှာ ထင်ရှားတဲ့အရောင်တစ်ခုဖြစ်လာပါတယ်။
£199 ဈေးနဲ့ ဒီဖုန်းကတော့ အတော်လေး ခံစားမှုကောင်းကောင်းပေးနိုင်တယ်လို့ ပြောချင်ပါတယ်။
EMUI ကလည်း ပြည့်စုံတယ်လို့ ပြောမရပေမယ့် Android 8.0 Oreo ကို အသုံးပြုနိုင်တာကိုလည်း ထည့်သွင်းစဉ်းစားရမှာပါ။
ကင်မရာလေးလုံးကတော့ ကြားရတာနဲ့ကို လေးစားမိမှာပါ။ အရေးပါတဲ့ portrait mode ကို hardware အသုံးပြုပြီး ပေးစွမ်းထားပါတယ်။
ဒါကြောင့် ယုံကြည်ရတယ်၊ အရည်အသွေးကောင်းတဲ့ effect ၊ software ပေါ်မှာ မူတည်နေတာမဟုတ်ခြင်းတွေကို တွေ့မြင်ခံစားရမှာပါ။
Honor 9 Lite ကတော့ £199 နဲ့ ရနိုင်သမျှဖုန်းတွေထဲမှာ ဖုန်းကောင်းတစ်လုံးလို့ ဆိုနိုင်ပါတယ်။