headphone jack မပါတော့တဲ့ Huawei P20 ရဲ့ပေါက်ကြားလာသောပုံရိပ်များ

0
422

Huawei ကို Mobile World Congress မှာ ဖုန်းအသစ်တွေမြင်ရမယ်လို့ မျှော်လင့်ခဲ့ပေမယ့် ပရီမီယမ် flagship ဖုန်းတွေကို မမြင်ရပါဘူး။ Huawei MediaPad M5 တက်ဘလက်ရဲ့ ပေါက်ကြားလာတဲ့ပုံတွေကိုလည်း မြင်ပြီးတာ တစ်လလောက်ရှိပါပြီ။ အခုအချိန်ကတော့ Huawei P20 ကို ကြည့်ရမယ့်အချိန်ပါ။ Huawei P12 လို့ထင်ထားခဲ့ပေမယ့်လည်း 20 အထိ ခုန်ကျော်လိုက်ပါတယ်။ Huawei P20 ကိုတော့ P20 ၊ P20 Lite နဲ့ P20 Plus ဆိုပြီးတော့ ဗားရှင်းသုံးမျိုးနဲ့ ရနိုင်မှာပါ။

Huawei P20 Plus မှာတော့ 4000mAh ဘတ်ထရီ Always-on Display feature အပြင် ကင်မရာသုံးလုံးကိုလည်း တွေ့မြင်ရမှာပါ။ Huawei P20 Lite ကတော့ 19:9 display ၊ 2900mAh ဘတ်ထရီတို့ကို တွေ့ရပါတယ်။

ဒီဇိုင်းပိုင်းနဲ့ ပတ်သတ်လာရင်တော့ P20 စီးရီးဟာ Mate 10 နဲ့ ဆင်တူပါတယ်။ ဘောင်နည်းဒီဇိုင်းတွေ ဖြစ်ပါတယ်။ prototype မှာတော့ ပျောက်နေတဲ့အပိုင်းလေး ရှိပါတယ်။ အသံခလုတ်တွေ မပါဝင်ပါဘူး။ ပါဝါခလုတ်ကတော့ ညာဘက်မှာရှိပါတယ်။

ကင်မရာကိုလည်း ရှင်းရှင်းလင်းလင်း မမြင်ရပါဘူး။ အနောက်ကင်မရာသုံးလုံးကိုလည်း ရနိုင်မလား မသေချာပါဘူး။ Huawei P20 ၊ P20 Pro ဒါမှမဟုတ် Huawei P20 Plus မှာသာ ပါနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

Huawei P10 နဲ့ ယှဉ်လိုက်မယ်ဆိုရင် P20 ဟာအနားလေးတွေ ကွေးထားပါတယ်။ အောက်ဘက်မှာ စပီကာနှစ်လုံးထည့်သွင်းထားတာမို့ အသံပိုင်း တိုးတက်လာပါတယ်။ headphone audio jack မပါဝင်တော့တာမို့ တချို့လူတွေအတွက် စိတ်ပျက်သွားနိုင်ပါတယ်။