Android စွမ်းအားအသုံးပြုထားတဲ့ Archos Citee Connect Scooter

0
1592

Android 8.0 Oreo update အတွက် စောင့်ဆိုင်းနေကြတဲ့ဖုန်းတွေ အများကြီးပဲရှိပါတယ်။ ဒါပေမယ့် ကုမ္ပဏီတစ်ခုကတော့ Android အသုံးပြုထားတဲ့ scooter လေးကို မိတ်ဆက်လိုက်ပါတယ်။

ပြင်သစ်အခြေစိုက်လုပ်ငန်းတစ်ခုဖြစ်တဲ့ Archos ဟာ Citee Connect အမည်ရှိ Android အသုံးပြုထားတဲ့ scooter လေးကို ကို ပွဲထုတ်ပြသလိုက်ပါတယ်။ သူ့မှာ ၅လက်မ display ပါဝင်ပြီးတော့ “multimedia dashboard” အဖြစ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ စမတ်ဖုန်းတစ်လုံးမှာမျှော်လင့်ထားတဲ့ feature တွေကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်တွေနဲ့ ပတ်သတ်ပြီးတော့ အဲဒီ dashboard မှာ quad-core processor ၊ 1GB RAM ၊ 8GB သိုလှောင်မှုတွေ ပါရှိပါတယ်။ 3G အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ Citee Connect အသုံးပြုသူတွေအနေနဲ့ multimedia dashboard ကိုအသုံးပြုနိုင်လိမ့်မယ်လို့ ပြောကြားမထားပေမယ့်လည်း Google Maps ကို ပရိုမိုးရှင်းလုပ်တဲ့အခါ ပြသထားပါတယ်။

Scooter လေးကိုတော့ အလူမီနီယမ်နဲ့ ပြုလုပ်ထားပြီး ၈.၅လက်မ ရှိတဲ့ဘီးလုံးလေးတွေမှာ အပေါက်ဖြစ်နိုင်ချေနည်းပါးအောင် ပြုလုပ်ပေးထားပါတယ်။ ဘတ်ထရီကတော့ 36W ဖြစ်ပြီး 250W မော်တာလည်း ရှိပါတယ်။ Citee Connect ဟာ မြို့တွင်းနေရာတွေမှာ ၂၅ကီလိုမီတာလောက်အထိ သွားလာနိုင်ပြီးတော့ အမြန်နှုန်းကတော့ တစ်နာရီကို ၂၅ကီလိုမီတာ ဖြစ်ပါတယ်။ scooter လေးကိုတော့ ဒီနှစ်နွေမှာ €499.99 နဲ့ launch လုပ်တော့မှာ ဖြစ်ပါတယ်။