ဖေဖော်ဝါရီလကုန်မှာ ရောက်ရှိလာမယ့် Alcatel 5 ၊ 3V နဲ့ 1X

0
706

CES 2018 ပွဲမှာတုန်းက Alcatel ဖုန်းသုံးလုံးကို တွေ့မြင်ခဲ့ရပေမယ့် ထွက်ရှိမယ့်ရက်ကို မသိခဲ့ပါဘူး။ အခုဆိုရင်တော့ official Alcatel Twitter အကောင့်မှာ တင်ထားပါပြီ။

မကြာခင် ရောက်ရှိလာမယ့် Alcatel 5 ၊ 3V နဲ့ 1X တို့ကို ကြိုဆိုလိုက်ရအောင်။

အဲဒီဖုန်းသုံးလုံးဟာ ဈေးနှုန်းနဲ့ လုပ်ဆောင်ချက်တွေ မတူညီကြပါဘူး။  5 စီးရီးကတော့ ဘတ်ဂျက်ဖုန်း၊ 3 စီးရီးကတော့ အလတ်တန်းစား ၊ 1 ကတော့ တတ်နိုင်လောက်တဲ့အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ Alcatel ဖုန်းတွေရဲ့ ဈေးနှုန်းတွေကို မသိရသေးပေမယ့်လည်း Alcatel 5 ကတော့ ဒေါ်လာ ၃၀၀ အောက်နဲ့ 3V ကတော့ ဒေါ်လာ၂၀၀ ကျော်မယ်လို့ ခန့်မှန်းထားပါတယ်။

Alcatel 5 ကတော့ ဒီဆောင်းပါးမှာ ယုံကြည်ချက်ရှိရှိ ဆွေးနွေးထားပါတယ်။ သူ့မှာ 5.7-inch ၊ IPS LCD ၊ 18:9 aspect ratio ၊ HD+ 1,440 x 720 resolution တွေပါလိမ့်မယ်လို့ အတော်လေးယုံကြည်ချက်ရှိပါတယ်။ အတွင်းပိုင်းမှာတော့ octa-core MediaTek chipset ၊ 3 GB RAM ၊ 32 GB သိုလှောင်မှု၊ မမ်မိုရီကဒ်စိုက်နိုင်ခြင်းတွေ ပါဝင်ပါတယ်။ အပြင်ပိုင်းကြည့်မယ်ဆိုရင်တော့ fingerprint scanner ရှိမှာဖြစ်ပြီး ကင်မရာကတော့ 12 MP sensor ဖြစ်ပါတယ်။

Alcatel 5 ကတော့ တန်ဖိုးနည်းနည်းနဲ့ ကြည့်လို့ကောင်းမယ့် ဖုန်းတစ်လုံးပါပဲ။

3V ကတော့ 6-inch ၊ 2160 x 1080 display ဖြစ်မယ်လို့ မျှော်မှန်းထားပါတယ်။ quad-core MediaTek chip ၊ 2 GB RAM ၊ 16 GB သိုလှောင်မှုတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ အပြင်ပန်းမှာ fingerprint scanner ၊ 16 MP နဲ့ 2 MP တွဲဖက်ထားတဲ့ ကင်မရာနှစ်လုံးကို တွေ့မြင်ရမှာပါ။

1X မှာကတော့ မသိတာများနေပါတယ်။ CES မှာတုန်းကတော့ ကင်မရာတစ်လုံး၊ အနောက်ဘက်မှာတပ်ဆင်ထားတဲ့ fingerprint sensor ၊ သေးငယ်ပြီးတော့ resolution နိမ့်တဲ့ 18:9 display ကိုတွေ့ရပါတယ်။ hardware နဲ့ ငွေကြေးပိုင်းအရတော့ ဒေါ်လာ ၂၀၀လောက်ဝန်းကျင်ကို ခန့်မှန်းထားပါတယ်။

အဲဒီဖုန်းတွေိကုတော့ MWC 2018 မရောက်ခင် နှစ်ရက်လောက်အလိုမှာ စတင်ရောင်းချဖို့ ပြင်ဆင်ထားတာမို့ အဲဒီအချိန်ရောက်မှ အသေးစိတ်အချက်အလက်တွေကို ထပ်မံတင်ပြပေးသွားမှာပါ။