Xiaomi ထုတ်ကုန်တွေကို ချစ်တယ်လို့ ၀န်ခံလိုက်တဲ့ ပဲရစ်ဟယ်လ်တန်

0
137

သောကြာနေတုန်းက New York Fashion Week ကျင်းပခဲ့ပါတယ်။ သင်အကြိုက်ဆုံး ဖက်ရှင်icon တွေလည်း အဲဒီပွဲကိုတက်လာခဲ့ကြပါတယ်။ ပဲရစ်ဟယ်လ်တန်ကတော့ အဖြူရောင်ဒီဇိုင်းတွေနဲ့ တက်ကြွနေသလို၊ Bryan Boy ကလည်း အနက်ရောင်ဗွီနိုင်းဘောင်းဘီနဲ့ ဖက်ရှင်ဘလော့အကြောင်း ပြောခဲ့သလို စူပါမော်ဒယ်လ် Alla Kostromichova ကတော့ သူမရဲ့ ရွှေရောင်ဝတ်စုံအကြောငိးကု အသားပေးဖော်ပြခဲ့ပါတယ်။ သိပါသလား သူတို့အားလုံးဟာ Xiaomi Mi Power Bank Pro နဲ့ ဓါတ်ပုံရိုက်ခဲ့ကြတာကိုပေါ့။

(Influencer marketing )လွှမ်းမိုးမှုကိုအသုံးချတဲ့မားကတ်တင်းဆိုတာကတော့ ထုတ်ကုန်တွေကို ဆယ်လီတွေနဲ့ ဓါတ်ပုံတွဲရိုက်ပြီးတော့ ကြော်ငြာခြင်းပဲဖြစ်ပါတယ်။ ဒီလိုကြော်ငြာဖို့အတွက်ဆယ်လီတွေကို အခကြေးငွေပေးရပါတယ်။ လွှမ်းမိုးအားကောင်းတဲ့ Kim Kardashian ဟာ ထုတ်ကုန်တစ်ခုကို သုံးစွဲပြီး Instagram ပို့စ်တင်ပေးခအနေနဲ့ $250,000 ပေးရကြောင်း သိရပါတယ်။

ပဲရစ်ဟယ်လ်တန် ၊ Bryan Boy ၊ Alla Kostromichova ၊ Krystal Bick နဲ့ Misshattan တို့ကတော့ Xiaomi ထုတ်ကုန်တွေကို အသုံးပြုပြီး Instagram ပေါ်တင်ပေးဖို့အတွက် ငှားရမ်းထားတယ်လို့ သက်သေမရှိပါဘူး။ ဒါပေမယ့်လည်း အမေရိကားကဆယ်လီတွေက တရုတ်ပစ္စည်းကို တစ်ပတ်အတွင်း အသုံးပြုမှုတူညီနေကြတယ်ဆိုတော့ သံသယ၀င်တာ မဆန်းပါဘူး။

Xiaomi ကတော့ ဘာမှမပြောထားပါဘူး။ သုံးလလောက်ကမှဖွင့်ထားတဲ့ အကောင့်လေးမှာ Xiaomi ထုတ်ကုန်တွေ ပြသထားပြီးတော့ NYC မှာ Xiaomi Power Bank နဲ့ ရိုက်ကူးထားတဲ့ ဆယ်လီတွေပုံနဲ့ အဆုံးသတ်ထားပါတယ်။ အဲဒီပုံတွေကို Amazon မှာ ကြော်ငြာတဲ့အခါ ထည့်သုံးထားကြောင်း တွေ့လိုက်ရတော့ တကယ်ပဲအံ့သြသွားမိပါတယ်။ တော်ပါတယ်။ Xiaomi ရယ်။

ဒီဆောင်းပါးရဲ့အပေါ်မှာမြင်ရတဲ့ ပုံလေးကတော့ အောက်ပါစာတန်းလေးတွေနဲ့ တက်လာခဲ့တာပါ။

  • #NYFW!  အတွင်းမှာ အသက်ကယ်ပေးတဲ့အရာလေး  ကျွန်မဖုန်းကို ၁၀၀% အားသွင်းပေးထားပြီးတော့ အကောင်းဆုံးအချိန်လေးတွေကို မှတ်တမ်းတင်နိုင်ခဲ့တယ်။ #SelfieMoment Love my #MiPowerBank   #PoweredByMi

Fashion blogger Bryan Boy ကလည်း Instagram bio မှာ Mi Power Bank Pro ကို Amazon မှာ ၀ယ်ယူနိုင်မယ့်လင့်လေးကို ထည့်ပေးထားပါတယ်။ သူ့မှာ 669,000 follower ရှိပါတယ်။

တကယ်လို့ ဆယ်လီတွေကို ကြော်ငြာဖို့ ငှားထားခဲ့မယ်ဆိုရင်တော့ Xiaomi ဒုက္ခရောက်ပါပြီ။ #ad hashtag လေးဟာ ပို့စ်တွေအားလုံးမှာ ပျောက်နေပါတယ်။ အဲဒီဟာလေးက တရားဝင်သတ်မှတ်ထားတာမဟုတ်ပေမယ့်လည်း အတော်များများက အသုံးပြုနေကြတာပါ။ ကြော်ငြာနဲ့ အကြံပြုမှုကို ကွဲပြားအောင် လုပ်ဆောင်ပေးထားခြင်း ဖြစ်ပါတယ်။

၂၀၁၆ မှာတုန်းက Warner Bros. ဟာ Middle Earth: Shadow of Mordor ကို ကြော်ငြာခိုင်းတယ်လို့ အသိမပေးဘဲနဲ့ အခုလိုမျိုး ဆယ်လီတွေကို အခပေးငှားရမ်းခဲ့ပါတယ်။ Lord & Taylor ဆိုတဲ့ အ၀တ်အထည်ရောင်းတဲ့ဆိုင်ကလည်း Instagram ပို့စ်တွေမှာ အ၀တ်အစားဝတ်ပြီး တင်ခိုင်းခဲ့တာမို့ FTC နဲ့ ငြိခဲ့ပါသေးတယ်။

ဒီတော့ Xiaomi က ဒီလိုကြော်ငြာကျင့်ဝတ်တွေကို ဖောက်ဖျက်ခဲ့တာလားဆိုတာကတော့ မသိရသေးပေမယ့်လည်း တကယ်ဖြစ်ခဲ့ရင်တော့ ၂၀၁၈ မှာ အမေရိကရဲ့ ပွဲကြီးပွဲကောင်းတစ်ခုကို တွေ့မြင်ရတော့မှာပါ။ Mi Power Bank Pro ဟာ သူ့ရဲ့ flagship ဖုန်းတွေအတွက်မဟုတ်ပေပမယ့် Xiaomi အတွက်ကတော့ အမေရိကအတွက် ပထမဆုံး ကြော်ငြာကမ်ပိန်းဖြစ်နေပါတယ်။