MWC ပွဲအတွက် စမတ်ဖုန်းများကို အမြည်းကြွေးလိုက်တဲ့ ဆိုနီ

0
129

ဘာစီလိုနာမှာကျင်းပမယ့် Mobile World Congress 2018 ကတော့ တစ်ပတ်တောင်မလိုတော့ပါဘူး။ အဲဒီပွဲအတွက်ပြင်ဆင်ထားတဲ့ နောက်ဆုံးပေါ်စမတ်ဖုန်းတွေကို ဆိုနီက အမြည်းချကျွေးလိုက်ပါတယ်။

MWC 2018 မှာ ဆိုနီဟာ ဖုန်းအတော်များများကို ထုတ်ပြသွားမှာဖြစ်ပြီးတော့ Sony Xperia XZ2 နဲ့ အခြားသော flagship အသစ်တွေလည်း ပါဝင်နိုင်ပါတယ်။ တွစ်တာပေါ်မှာ ဗွီဒီယိုလေးတင်ပြီးတော့ ကျွန်တော်တို့ကို မရိုးမရွဖြစ်အောင် လုပ်ထားပါတယ်။

အဲဒီဗွီဒီကို ကြည်ပြီးတော့ MWC 2018 မှာ ဆိုနီဘာတွေပြင်ဆင်ထားမလဲဆိုတာ မသိရပါဘူး။

အနည်းဆုံးတော့ flagship စမတ်ဖုန်းနှစ်လုံး ပြသသွားနိုင်ကြောင်းသိထားပြီးတော့ ဒီဇိုင်းပိုင်းမှာလည်း ပြောင်းလဲထားမယ်လို့ ခန့်မှန်းထားပါတယ်။