Ministry of Supply အပူပေးဂျက်ကတ်

0
285

သူတို့ရဲ့ပထမဆုံးသော အပူပေးဂျက်ကတ်ကို ဖန်တီးနိုင်ဖို့ ဖန်ငွေရှာဖို့အတွက် Kickstarter ကို တတိယအကြိမ်မြောက်အဖြစ် Ministry of Supply ဟာ အရောက်သွားခဲ့ပါတယ်။ နည်းပညာမြင့် အပူပေးဂျက်ကတ်ဟာ အသံနဲ့ထိန်းချုပ်တဲ့ နည်းပညာပါဝင်ပြီးတော့ စိတ်ကြိုက်အပူချိန်ကို အလိုလျောက် ချိန်ညှိပေးနိုင်ပါတယ်။ ဗွီဒီယိုလေးထဲမှာတော့ သေချာရှင်းပြထားတာကို တွေ့ရပါတယ်။

ဒီဂျက်ကတ်ကိုဖန်တီးဖို့အတွက် $72,000 လိုအပ်နေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ထောက်ပံ့သူတွေကြောင့် over $88,000 လောက် ရရှိခဲ့ပြီးဖြစ်ပါတယ်။ ဒီငွေတွေကို ကမ်ပိန်း ရက်၃၀အတွင်း ရခဲ့တာပါ။

Ministry of Supply ဟာ လွန်ခဲ့တဲ့ငါးနှစ်တုန်းက အောင်မြင်တဲ့ Kickstarter ကမ်ပိန်းအပြီးမှာ သူတို့ရဲ့ ကုမ္ပဏီကို စတင်ခဲ့ပါတယ်။ နောက်ဆုံး Kickstarter ကမ်ပိန်းမှာတော့ $195 ဒါမှမဟုတ် £139 လောက်နဲ့ November 2018 လောက်မှာ ဖြန့်ချိပေးနိုင်လိမ့်မယ်လို့ တွေးခဲ့ကြပါတယ်။ အဲဒီဂျက်ကတ်လေးကတော့ Kickstarter ကမ်ပိန်းအပြီးမှာတော့ $325 နဲ့ရောင်းချဖို့ မျှော်မှန်းထားပြီးတော့ လက်ကားဈေးနဲ့ဆိုရင် $130 အထိ လျှော့ပေးဦးမှာပါ။

Feature တွေကတော့

– Intelligent heat: built-in အပူပေးကိရိယာတွေဟာ အလေးချိန်မရှိသလောက်ပါပဲ။ အသုံးမပြုတဲ့အခါမှာဆို ပါနေတာ သိတောင်သိမှာမဟုတ်ပါဘူး။ ပတ်ဝန်းကျင်နဲ့ သင့်ရဲ့အကြိုက်တွေကိုထောက်လှမ်းနိုင်တဲ့ ပစ္စည်းလေးတစ်ခုပါ။

– Durable and everything-proof: မာကျူရီပါဝင်တဲ့အတွက် လေ၊ နှင်း၊ ရေ နဲ့ အနံ့အသက်တွေကို ကာကွယ်ပေးနိုင်ပါတယ်။

– Beautiful & functional: မာကျူရီဟာ နေထိုင်မှုပုံစံအမျိုးမျိုး၊ လုပ်ဆောင်မှုအမျိုးမျိုးအတွက် အဆင်ပြေအောင်ဒီဇိုင်းလုပ်ထားမို့ မြို့တွင်းနေထိုင်သူကနေ တောင်ပေါ်နေထိုင်သူတွေအထိ အသုံးပြုနိုင်ပါတယ်။ အိတ်ကပ်အများအပြားပါဝင်ခြင်း၊ ကြိုးမဲ့ဖုန်းအားသွင်းစနစ်၊ ဖြုတ်နိုင်တဲ့ ခေါင်းဆောင်း၊ အကြမ်းခံတဲ့ဂျက်ကတ်ဒီဇိုင်းတွေနဲ့ စွန်းလန်းနေပါတယ်။

– Ready to go: မာကျူရီကို ကြိုတင်လေ့ကျင့်ထားပြီးသားမို့ ဖွင့်လိုက်တာနဲ့ အပြင်ကအပူချိန်လျှော့သွားတာ၊ လှုပ်ရှားတာတွေကို သိရှိနိုင်ပါတယ်။

– Voice-controlled: Amazon Alexa လိုမျိုး smart assistant ရဲ့အကူအညီကိုယူပြီးတော့ အသံနဲ့ ဂျက်ကတ်ကို activate လုပ်နိုင်ပါတယ်။

အသေးစိတ်သိရှိချင်တယ်ဆိုရင်တော့ Kickstarter ကိုသွားပြီးတော့ လေ့လာနိုင်ပါတယ်။