အပင်တွေကို အလိုအလျောက်ရေလောင်းထိန်းချုပ်ပေးသွားမယ့် Plantario

0
1308

ကိုယ်ပိုင်ဆေးဖက်ဝင်အပင်လေးတွေ၊ ငရုတ်ပင်၊ အသီးအရွက်လေးတွေကို တိုက်ခန်း၊ အခန်းလေး၊ အိမ်ထဲမှာ စိုက်ချင်တယ်ဆိုရင်တော့ မီရာမီ ဖလော်ရီဒါ အခြေစိုက်အဖွဲ့လေးက ဖန်တီးထားတဲ့ Plantario ပစ္စည်းလေးက သင့်စိတ်ကြိုက်ဖြစ်စေမှာပါ။ Plantario ကတော့ အသီးအရွက်လေးတွေနဲ့ ဆေးဖက်ဝင်အပင်လေးတွေကို ရေလောင်းဖို့၊ နေပြဖို့ စိတ်ပူစရာမလိုဘဲ စိုက်ပျိုးနိုင်စေမယ့် စမတ်ဂါးဒန်းပစ္စည်းလေးပါ။ ဗွီဒီယိုလေးမှာ ရေလောင်းစနစ်တွေ၊ အလင်းအမှောင်စနစ်တွေကို CES 2018 မှာ ပြသခဲ့တဲ့ သရုပ်ပုံလေးပဲ ဖြစ်ပါတယ်။ CES 2018 Innovation Award ကိုလည်း ရရှိခဲ့ပါတယ်။

Kickstarter ကနေ ထုတ်လုပ်ဖို့လိုအပ်တဲ့ $30,000 ရဖို့အတွက် Plantario ကို စတင် launch လုပ်လိုက်ပါပြီ။ အခုဆိုရင်တော့ $199 နဲ့ မှာယူနိုင်ပြီးတော့ pay later scheme ကိုအသုံးပြုထားပါတယ်။ Kickstarter campaign ပြီးသွားရင်တော့ $799 မှ လက်ကျန်ငွေ $500 ကို ဆက်လက်ပေးဆောင်ရမှာပါ။

Plantari လေးကတော့ စမတ်ဖုန်း၊ တက်ဘလက်နဲ့ တွဲဖက်အသုံးပြုရမှာဖြစ်ပြီးတော့ အရာတိုင်းက အဆင်ပြေနေရဲ့လားဆိုတာကို စစ်ဆေးနိုင်ပါတယ်။ Plantario ကတော့ သုံးစွဲသူတွေကို ငွေကုန်၊ အချိန်ကုန်သက်သာစေပြီးတော့ အိမ်အလှဆင်ပစ္စည်းလေးအနေနဲ့ အသုံးပြုနိုင်စေဖို့ ရည်ရွယ်ထားတာပါ။

အပြည့်အစုံကိုတော့ Kickstarter campaign မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။