သင့်ဖုန်းက သင့်ရဲ့ကိုယ်ပိုင်နယ်မြေလို့ထင်နေပါသလား ဒါဆိုရင်တော့ မှားသွားပါပြီ။ ဟက်လို့မရတဲ့ဖုန်းကတော့ မရှိသေးပါဘူး။ ဖြစ်လာနိုင်တဲ့အန္တရာယ်တွေကို လျှော့ချဖို့အတွက် ဟက်ခံနိုင်တဲ့အခြေအနေ၊ ဘယ်လိုသိရှိအောင်လုပ်မလဲ၊ ဘယ်လိုကာကွယ်ကြမလဲဆိုတာကို ဖော်ပြထားပါတယ်။
ဘယ်လိုဟက်လို့ရသလဲ
အလွယ်ကူဆုံးနည်းလမ်းကတော့ သင့်ဖုန်းကိုခဏလေးယူပြီးတော့ Spy Phone App ၊ Spyzie ဒါမှမဟုတ် Sphera တို့လို spy app တွေကို install လုပ်ခြင်းပါ။
လက်ဖက်ရည်ဆိုင် ဒါမှမဟုတ် လေဆိပ်က အကာအကွယ်မဲ့ဝိုင်ဖိုင်တွေကို အသုံးပြုခြင်း – ဟုတ်ပါတယ်။ တော်တော်လေးကို လွယ်ပါတယ်။ အများသုံးဝိုင်ဖိုင်ဆိုတဲ့အတွက်ကြောင့် သင့်နားမှာရှိတဲ့လူတိုင်းနဲ့ traffic တွေကိုမျှဝေအသုံးပြုနေရပါတယ်။
ဘယ်ကမှန်းမသိတဲ့ USB နဲ့အားသွင်းခြင်း (လေယာဉ်၊ ကားပေါ်မှာ) – သင့်ရဲ့အချက်အလက်တွေ ခိုးယူခြင်း၊ ကူးသွားခြင်းတွေဖြစ်နိုင်ပါတယ်။
SMS phishing – ဒါကတော့ လင့်တစ်ခုပါဝင်တဲ့ မက်ဆေ့ခ်ျတစ်ခုရရှိခြင်းပါ။ ဥပမာ ဘဏ်အကြောင်း၊ ငွေလွှဲအကြောင်း၊ ပုံတွေအကြောင်းပါဝင်နိုင်ပါတယ်။ လင့်ကိုနှိပ်ပြီးတော့ ဒေါင်းလုတ်ဆွဲလိုက်တာနဲ့ သင့်ရဲ့ဖုန်း contact တွေက ဟက်ကာဆီကို ရောက်သွားပါပြီ။
Signalling System SS7 အကူအညီနဲ့ ဟက်ခြင်း- အဲဒီစနစ်ကတော့ တစ်ကမ္ဘာလုံးကတယ်လီဖုန်းရုံးတွေ အသုံးပြုနေတာပါ။ ပြီးတော့ သင့်ရဲ့တယ်လီဖုန်းတည်နေရာကို ထောက်လှမ်းနိုင်ပါတယ်။ ဒါပေမယ့် သင်ကဆယ်လီမဟုတ်ဘူးဆိုရင်တော့ စိုးရိမ်စရာမလိုပါဘူး။
ဘာတွေဖြစ်လာမလဲ
- ၁. ရုတ်တရက် အားအမြန်ကုန်သွားခြင်း – ဒါဆိုရင်တော့ဖုန်းထဲမှာ ကိုယ်မသိတဲ့ app တစ်ခုခု run နေလို့ပါ။
- ၂။ ဖုန်းပူလာခြင်း – ဖုန်းလည်းမခေါ်ဘူး၊ ဂိမ်းလည်းမဆော့ဘူးဆိုပါစို့။ ကိုယ်မသိတဲ့ app တစ်ခုခု run နေလို့ပါ။
- ၃။ ဖုန်းက အလိုလို reboot ကျခြင်း ၊ switch တွေပိတ်ခြင်း၊ နံပါတ်တွေနှိပ်ခြင်း၊ application တွေဖွင့်ခြင်း – system က ပျက်သွားတာမဟုတ်ပါဘူး။
- ၄။ သင့်ရဲ့ recent call တွေမှာ unknown ဖုန်းတွေမြင်နေရခြင်း
- ၅။ ကိုယ့်ဖုန်းကို switch off လုပ်လို့မရခြင်း – ဖုန်းက app အမျိုးမျိုးကို ဖွင့်နေပြီးတော့ အလင်းတွေတိုးလာတာမျိုးတွေ ဖြစ်လာပါတယ်။
- ၆။ ဖုန်းခေါ်နေတဲ့အချိန်မှာ noise ဒါမှမဟုတ် echo သံတေကြားရခြင်း၊ အရင်တုန်းက မကြားဖူးတဲ့အသံတွေပေါ့။
ဘယ်လိုရှောင်ရှားမလဲ
လင့်တစ်ခုခုပါတဲ့ မက်ဆေ့ခ်ျရလာပြီဆိုရင်တော့ URL အပြည့်အစုံကိုကြည့်ပါ။ မမြင်ရဘူးဆိုရင် မဖွင့်ပါနဲ့။
ဖုန်းကို မသိတဲ့ကွန်ပျူတာနဲ့အားသွင်းမယ်ဆိုရင် “Only charging” ကိုပဲရွေးပါ။
“Only charging” ကို အသုံးမပြုပါနဲ့။
အများသုံးဝိုင်ဖိုင်တွေကို အလိုအလျောက်ချိတ်မိအောင် မလုပ်ပါနဲ့။ ကိုယ့်ဘာသာရွေးချယ်ပြီးတော့ ဖွင့်လိုက်ပါ။
ဝိုင်ဖိုင်ကွန်ရက်တွေက တစ်ခုမကပါဘူး။ FreeInternet ၊ wifiFree လို သံသယဖြစ်စရာရှိတဲ့ နာမည်တွေကို ရှောင်ပါ။ လက်ဖက်ရည်ဆိုင်ရောက်နေရင်တော့ password ပါတဲ့ဟာမျိုးကိုပဲ ချိတ်ပါ။
အများသုံးဝိုင်ဖိုင်ကနေပြီးတော့ အွန်လိုင်းဈေးဝယ်တာမျိုးတွေ မလုပ်ဆောင်မိပါစေနဲ့။
Android သုံးမယ်ဆိုရင်တော့ စိတ်ချရတဲ့ anti-virus program သွင်းထားလိုက်ပါ။
ဖုန်းမှာ password ခံထားပါ။