စမတ်ဖုန်းဘတ်ထရီရဲ့ သက်တမ်းကိုပိုမိုကောင်းမွန်စေမယ့်နည်းလမ်းများ

0
1661

စမတ်ဖုန်းကိုအသုံးပြုပြီးတော့ လမ်းကြောင်းရှာတာ၊ ကော်ဖီဖိုးပေးတာ၊ လမ်းလျှောက်ချိန်ကို မှတ်တာစတာတွေကို လုပ်ဆောင်နေပါသလား။ တစ်နေ့လုံး ဖုန်းမရှိမဖြစ်တဲ့ဘ၀ကိုရောက်နေပြီလား။ ဒါဆိုရင်တော့ ပလပ်ပေါက်နားမှာ ကျောက်ချနေတာဖြစ်ဖြစ်၊ ပလပ်ပေါက်လုနေရတာဖြစ်ဖြစ် လုပ်နေရမှာကျိန်းသေပါပဲ။ ဒါကြောင့် အားမသွင်းခင်အချိန်လေးမှာ ဖော်ပြထားတဲ့ tip လေးတွေကို စမ်းသုံးကြည့်ပါလား။

၁။ ဘယ် app က ဘတ်ထရီအားကို အရမ်းစားနေသလဲကြည့်ပါ

Apple သမားဆိုရင်တော့ iOS 8 မှာပါဝင်လာတဲ့ ဘတ်ထရီစားတဲ့ app ကြည့်တဲ့ tool လေးကို အသုံးပြုနိုင်ပါတယ်။ (Settings > General > Usage > Battery Usage) ဒီလိုလုပ်လိုက်ခြင်းက ဘယ် app ကို ပိတ်ရမလဲဆိုတာ သိသွားစေတယ် ဒါမှမဟုတ် ဖျက်ပစ်လိုက်တာမျိုးအထိ လုပ်နိုင်ပါတယ်။ Battery Drain Analyzer လေးကလည်း စမတ်ဖုန်းပိုင်ရှင်တွေကို ဘယ်လို app က ဘတ်ထရီစားနေသလဲဆိုတာ ကူညီပေးနိုင်ပါတယ်။

၂။ notification တွေကို “နိုး” လို့ပြောလိုက်ပါ

Snapchat ၊ tweet ၊ Instagram တွေဆီကနေ notification တက်လာတိုင်း ဖုန်းလေးကတုန်သွားပါတယ်။ အဲဒီလိုတုန်ဖို့ ပါဝါတွေအသုံးပြုရပါတယ်။ ဒါကြောင့် notification alert ကိုအနည်းဆုံးထားခြင်းအားဖြင့် ဘတ်ထရီသုံးစွဲမှုကို ခြွေတာလိုက်ပါ။

၃။ fetch function ကိုအသုံးမပြုပါနဲ့

ကျွန်တော်တို့သိတာပေါ့ အီးမေးလ်တစ်စောင်လွဲသွားမှာကို ကြောက်တယ်ဆိုတာကို။ ဒါပေမယ့် fetch function – အီးမေးလ်အသစ်ကို အမြန်စောင့်ကြည့်နေပေးပြီးတော့ inbox update အမြဲလုပ်ပေးနေတဲ့ လုပ်ဆောင်ချက် – ကတော့ ဘတ်ထရီအားရဲ့ အဓိကတရားခံလို ဖြစ်နေပါတယ်။ အဲဒီ feature ကို ပိတ်ထားလိုက်ပါ။

၎။ သုညအထိ မဆင်းပါနဲ့

ဖုန်းရဲ့ဘတ်ထရီကို သုညအထိဖြစ်အောာင် ဘယ်တော့မှမသုံးပါနဲ့။ ဘတ်ထရီအများစုက လီသီယမ်ဘတ်ထရီတွေဖြစ်တာမို့ စောစောစီးစီးနဲ့မကြာခဏအားသွင်းပေးဖို့ ဒီဇိုင်းထုတ်ထားတာပါ။ အားအရမ်းနည်းသွားမယ်ဆိုရင်တော့ မြန်မြန်ပျက်စီးစေနိုင်ပြီး ကြာရှည်ခံနိုင်အားကိုလည်း လျော့ကျစေမှာပါ။

၅။ Ringtone ကို တိုးထားပါ

ဖုန်းကို vibrate လုပ်ထားခြင်းက အများလက်ခံတဲ့ပုံစံတစ်ခုပါ။ ဒါပေမယ့် ဒီလိုလုပ်ခြင်းကြောင့် ပါဝါကို ပိုစားတယ်ဆိုတာ သင်သိပါသလား။ ဒါကြောင့် ringtone ကို အသုံးပြုပါ။ အသံလေးကိုတော့ လျှော့ထားဖို့မမေ့နဲ့နော်။

၆။ brightness မြင့်မြင့်ထားခြင်းကလည်း အကြံကောင်းမဟုတ်ပါဘူး

Screen က ပိုတောက်လေလေ ဘတ်ထရီအားပိုသုံးရလေလေပါပဲ။ ဒါကြောင့် brightness display ကို အသုံးနည်းတဲ့အချိန်မှာ အောက်ဆုံးအထိ ထားလိုက်ပါ။

၇။ dynamic background တွေကိုပိတ်ထားပါ

iPhone သုံးစွဲသူတွေဆိုရင်တော့  animated wallpaper လေးတွေထားရတာ အရမ်းကြိုက်ကြပါတယ်။ ဒါကလည်း သုံးရတာမိုက်တာကိုး။ ဒါပေမယ့် ဘတ်ထရီပိုကုန်ပါတယ်။ ရိုးရှင်းတည်ငြိမ်နဲ့ “Wallpapers & Backgrounds” လေးကို အသုံးပြုလိုက်ပါ။

၈။ Auto-lock ပြုလုပ်ထားပါ။

ဖုန်းကိုအသုံးမပြုသေးဘူးဆိုရင်တော့ auto-lock feature ကို အသုံးပြုပြီး sleep လုပ်ထားသင့်ပါတယ်။ sleep မြန်မြန်ကျလေလေ ဘတ်ထရီအားသက်သာလေလေပါ။ ဒါကြောင့် sleep time ကို ၃၀စက္ကန့်လောက်အထိ ထားလိုက်ပါ။

၉။ အေးအောင်ထားပါ

ဖုန်းဘတ်ထရီက ကမ်းခြေရောက်နေတဲ့အချိန်မျိုးမှာ မြန်မြန်ကုန်တတ်တာကို သိပါသလား။ ဘတ်ထရီလုပ်ဆောင်ချက်တွေက ရာသီဥတုအေးမြတဲ့အခါမျိုးပါ အဆင်ပြေပြေလုပ်ဆောင်နိုင်ပါတယ်။ ဒါကြောင့် နေရောင်တိုက်ရိုက်ကျတဲ့နေရာမျိုးမှာထားခြင်း၊ ပူတဲ့နေရာမျိုးမှာထားခြင်းတွေကို ရှောင်သင့်ပါတယ်။ အခန်းအပူချိန်လောက်ဆို အေးဆေးပါပဲ။ နောက်ပြီး သုညဒီဂရီလောက်ဆိုရင်လည်း ဘတ်ထရီအတွက် စိုးရိမ်ရပါတယ်။

၁၀။ အတင်းထွက်ခြင်းကလည်း အဆင်မပြေပါဘူး

အများစုယုံကြည်ကြတာကတော့ app တွေကနေ အတင်းထွက်လိုက်ခြင်းက ဘတ်ထရီအားသက်သာတယ်ဆိုတာပါပဲ။ မဟုတ်ပါဘူး။ အဲဒီလိုလုပ်လိုက်တဲ့အခါမှာ app တွေကို ပြန်ဖွင့်ဖို့လုပ်ဆောင်တဲ့အခါ ပါဝါပိုသုံးရလေ့ရှိတာကြောင့်ပါ။ ဒါကြောင့် app က crash ဖြစ်တဲ့အချိန်မျိုး ၊ app is not responding ဆိုတဲ့အချိန်မှသာ ဒီနည်းလမ်းကို အသုံးပြုသင့်ပါတယ်။