ကင်မရာလေးလုံးပါဝင်မယ့် BLU ရဲ့ တန်ဖိုးသင့်စမတ်ဖုန်း

0
398

BLU က သူ့ရဲ့ flagship Android စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Vivo X ကို မိတ်ဆက်လိုက်ပါတယ်။

BLU Vivo X မှာတော့ 6-inch 1440×720 display ကို 18:9 aspect ratio နဲ့ တွဲဖက်ထားပါတယ်။ အဲဒီ display မှာ အရှေ့ကင်မရာနှစ်လုံးကို  20MP sensor ၊ f/2.0 aperture နဲ့ 8MP camera ၊ wide angle lens တို့နဲ့ အသုံးပြုထားပါတယ်။ ကင်မရာနှစ်လုံးစလုံးမှာ real time bokeh ကို အသုံးပြုနိုင်ပြီး အရှေ့ဘက်က flash ကလည်း အလင်းအားနည်းချိန်မှာ အထောက်အကူပြုပါတယ်။

အနောက်ဘက်မှာလည်း ကင်မရာနှစ်လုံးကို တပ်ဆင်ထားပါသေးတယ်။ 13MP sensor ၊ f/2.0 aperture ၊ phase detection autofocus နဲ့ laser focus တို့အပြင် 5MP sensor လည်း ပါဝင်ပါသေးတယ်။ ကင်မရာနှစ်လုံးစလုံးမှာ real-time bokeh ကို အသုံးပြုနိုင်ပါတယ်။

BLU Vivo X ရဲ့အတွင်းပိုင်းမှာတော့ octa-core MediaTek Helio P25 processor ကို 4GB RAM ၊ 64GB သိုလှောင်မှု၊ SD ကဒ်စိုက်နိုင်ခြင်းတွေ ပါဝင်ပါတယ်။ 4,010mAh ဘတ်ထရီနဲ့ Vivo X ကိုအားဖြည့်ထားပြီးတော့ အနောက်ဘက်က လက်ဗွေရာစနစ်ကလည်း လုံခြုံရေးစနစ်ကို ထောက်ပံ့ပေးထားပါတယ်။

ဆင်းကဒ်နှစ်ကဒ်ထိုး၊ အားအမြန်သွင်းစနစ်၊ Maxx Audio sound enhancement ၊ Android 7.0 Nougat လည်း ပါဝင်ပါတယ်။

BLU Vivo X ကို လက်ရှိမှာ Amazon ကနေ ၀ယ်ယူနိုင်ပါပြီ။

BLU Vivo X ကတော့ ဈေးကွက်မှာရနိုင်တဲ့ ဈေးသင့်စမတ်ဖုန်းဖြစ်ပါတယ်။ ကင်မရာလေးလုံးစနစ်ဟာ အတော်လေးလူစိတ်ဝင်စားနေတဲ့ feature ဖြစ်ပြီးတော့ portrait mode ကို ရိုက်ကူးနိုင်စေပါတယ်။ နောက်ပြီး ယနေ့ခေတ်မှာ ခေတ်စားနေတဲ့ 18:9 display ကိုလည်း တွေ့မြင်နိုင်ပါသေးတယ်။

ဈေးနှုန်းကတော့ ဒေါ်လာ 249.99 ဖြစ်ပါတယ်။