HUAWEI nova 2i ရဲ့ အလန်းဆုံး စွမ်းဆောင်ရည်များ

0
1275

လက်ရှိမှာ မိုဘိုင်းဖုန်းဈေးကွက် တစ်ခုလုံးမှာ ထုတ်လုပ်နေတဲ့ မိုဘိုင်းဖုန်းတွေဟာ မျက်နှာပြင်အပြည့် ရုပ်ထွက် ဒီဇိုင်းဖြစ်ပါတယ်။ အရင်တုန်းက တန်ဖိုးကြီးခဲ့ပေမယ့် အခုအချိန်မှာတော့ အသင့်အတင့်တန်ဖိုးနဲ့ ကို မျက်နှာပြင်အပြည့်ဒီဇိုင်း ကို ရရှိနိုင်ပါပြီ။

အဲဒီအထဲမှာမှ ထူးထူးခြားခြားလေး ဖြစ်ပြီး လူကြိုက်များနေတာ က Huawei Nova 2i ပဲ ဖြစ်ပါတယ်။

သူနဲ့ ဈေးနှုန်းတန်းတူ ဖုန်းတွေအများအပြား ၀င်ရောက်လာပေမယ့် သုံးစွဲသူကို ပိုပြီး ဆွဲဆောင် နိုင်စေမယ့် ကိုယ်ပိုင်အရည်အချင်း အပြည့်အ၀ ထည့်သွင်းထားတဲ့အတွက် ပိုပြီး Favourite ဖြစ်စေမယ့် အကြောင်းရင်းပဲ ဖြစ်ပါတယ်။

HUAWEI nova 2i က Full View 5.9 inch နဲ့ လာပြီး Full HD+ 2160 x 1080 Resolution ကို အပြည့်အဝခံစားစေမှာ ဖြစ်ပါတယ်။ မျက်နှာပြင် အရည်အသွေးက တောက်ပပြီး အရောင်အသွေး စုံညီလှပါတယ်။

ကိုယ် အသုံးပြုချင်တဲ့ ပုံရိပ်၊ ဗွီဒီယိုများ၊ ရုပ်ရှင်များကို ကြည်လင်ပြတ်သားစွာ ကြည့်ရှုနိုင်ပါတယ်။ Screen Ration ကို 18:9 အသုံးပြုထားပြီး Games များကို မြင်ကွင်းကျယ်ပြန့်စွာ တွေ့မြင်ခံစားစေရမှာ သေချာပါတယ်။  18:9 သုံးထားတဲ့အပြင် FHD+ အသုံးပြုထားတာကြောင့် ရုပ်ရှင်ကြည့်ရတာ အင်မတန်အဆင်မပြေကောင်းမွန်ပါတယ်။ ရုပ်ရှင်ပဲ ကြည့်ကြည့်၊ ဂိမ်းပဲ ဆော့ဆော့ ရှယ်ပဲ လို့ ဆိုလို့ရတဲ့ အနေအထားပါ။

ပိုပြီး သဘောကျစေတဲ့ အချက်ကတော့ ဖုန်းရဲ့မျက်နှာပြင်ကိုလည်း ကြိုတင်ကာကွယ်တဲ့အနေနဲ့ Screen Protector ကိုလည်း ကြိုတင်ကပ်ပေးထားတာ ပါရှိတဲ့အချက်ပဲ ဖြစ်ပါတယ်။ ကောင်းသည်ထက်ကောင်း လို့ ဆိုရမှာပေါ့။

ကျောဘက်မှာ ကင်မရာနှစ်ခုပါဝင်ပြီး ထိပ်ဘက်အလယ်မှာထည့်သွင်းထားပါတယ်။ ယင်းအောက်မှာ လက်ဗွေရာစနစ် ထည့်သွင်းထားပါတယ်။ အောက်ခြေမှာ စပီကာပေါက်၊ USB ပေါက်၊ နားကြပ်ပေါက်တို့ ပါဝင်ပါတယ်။ မျက်နှာပြင်ထိပ်မှာ ဖုန်းခေါ်ဆိုမှု စပီကာ ပါဝင်ပါတယ်။

Huawei Nova 2i ရဲ့ကင်မရာပိုင်းကလည်း အရမ်းကို ထူးခြားပါတယ်။ မြန်မာ့ဈေးကွက်ထဲကို ပထမဆုံး ၀င်ရောက်လာတဲ့ ကင်မရာလေးလုံးပါ ဖုန်းလို့ ပြောနိုင်သလို ရှေ့ကင်မရာနှစ်ခုက 13MP+2MP ဖြစ်ပြီး ကျောဘက်ကင်မရာနှစ်ခုက 16MP+2MP ဖြစ်ပါတယ်။ 2MP ဆင်ဆာက ဘိုခေးဓာတ်ပုံတွေ ရိုက်ကူးနိုင်အောင် ထောက်ပံ့ပေးပါတယ်။

 

အဓိက ကင်မရာ 16MP နှင့် ဓာတ်ပုံရိုက်ကူးမှုကို 16:9 နှင့် ပြုလုပ်နိုင်သလို 18:9 နှင့်လည်း ရိုက်ကူးနိုင်ပါတယ်။ ပြည်တွင်းဈေးကွက်သို့ ၀င်တဲ့ အလယ်အလတ်တန်းဖုန်းတွေထဲမှာတော့ အကောင်းဆုံးကင်မရာပါရှိထားတဲ့ စမတ်ဖုန်းတစ်လုံး လို့ ဆိုနိုင်ပါတယ်။

Hardware အကြောင်းကို ပြောဦးမလား။ Huawei Nova 2i ကို Huawei က ကိုယ်တိုင် ထုတ်လုပ်ထားတဲ့ Kirin 659 Processor သုံးထားပါတယ်။ 2.36GHz အမြန်နှုန်းရှိပြီး Kirin 659 Processor ဟာ အကောင်းဆုံး Mid Class Processor ဆိုရင်လည်း မမှားပါဘူး။ RAM4GB+64GB ကို ပူးတွဲသုံးစွဲထားတဲ့အပြင် Kirin 659 Processor ကြောင့် 3D ဂိမ်းများကို လွယ်ကူ ချောမွေ့စွာ ကစားနိုင်တာ တွေ့ရပါတယ်။ ပရိုဆက်ဆာ နဲ့ RAM အပြင် နောက်ကွယ်က ထောက်ပံ့ထားတဲ့ ပစ္စည်းတွေကြောင့် တခြားဖုန်းတွေလို ဂိမ်းကြာကြာ ဆော့ရင် ပူလာတာမျိုး မရှိနိုင်တော့ပါဘူး။

Huawei Nova 2i မှာ Android Nougat အခြေခံ EMUl 5.1 အသုံးပြုထားပါတယ်။ P10 အသုံးပြုထားတဲ့ Skin ဖြစ်ပါတယ်။ အသုံးဝင်တဲ့စနစ်တွေ အများကြီး ပါဝင်ပါတယ်။

ဖုန်းသုံးစွဲသူတိုင်း ကြုံရတတ်တဲ့ ဘက်ထရီ ပြသနာကိုလည်း Huawei Nova 2i မှာ ကြုံရဖို့ မရှိပါဘူး။ ဘာလို့လဲဆိုတော့ HUAWEI nova 2i ရဲ့ Battery Performance ဟာ ဂိမ်းတွေ အကြာကြီး ဆော့မယ့်လူတွေအတွက် တောင် တစ်နေ့တာအေးအေးဆေးဆေး အသုံးပြုနိုင်ပြီး အားအပြည့်သွင်းထားမယ် Standby ဆိုရင်တော့ ၄၈ နာရီ ကောင်းကောင်း အလုပ်လုပ်နိုင်ပါတယ်။

HUAWEI nova 2i က အကောင်းဆုံးစွမ်းဆောင်နိုင်ပြီး High End များကိုတောင် ယှဉ်ပြိုင်နိုင်တဲ့ထိရှိပါတယ်။ Mid-range ဆိုတဲ့အတိုင်း သင့်တင့်တဲ့ Performance ကို ပေးစွမ်းနိုင်ပါတယ်။

HUAWEI nova 2i ရဲ့ ထူးခြားတဲ့ Performance ၊ Camera စွမ်းဆောင်ရည်များက Mid-range ဖုန်းများထဲတွင် အထူးကောင်းမွန်ပြီး ဖုန်းဝယ်ယူရာတွင် မဖြစ်မနေ စဉ်းစားရမှာ ဖြစ်ပါတယ်။