3D Printer ရှိရုံနဲ့ အလွယ်တကူ ထုတ်နိုင်မယ့် စမတ်ဖုန်း မိုက်ခရိုစကုပ်လေး

0
314

သြစတေးလျအခြေစိုက် ARC Centre of Excellence for Nanoscale BioPhotonics (CNBP) မှ သုတေသီတွေဟာ သူတို့ဖန်တီးထားတဲ့ 3D printable စမတ်ဖုန်း မိုက်ခရိုစကုပ်လေးကို ပြသလိုက်ပါတယ်။ အဲဒီပစ္စည်းလေးဟာ ပါဝါပေးစရာမလိုပါဘူး။ တစ်မီလီမီတာရဲ့အပုံပေါင်း၂၀၀ ရဲ့ တစ်ပုံလောက်အထိ ကြည့်နိုင်အောင် အားကောင်းပါတယ်။ ဒါကြောင့် သွေးဆဲလ်၊ ဆဲလ် နျူကလီရိုင်း၊ အပင်ဆဲလ်၊ မိုက်ခရိုစကုပ်နဲ့ကြည့်မှမြင်ရမယ့် သတ္တ၀ါလေးတွေကို ကြည့်နိုင်ပါပြီ။

စမတ်ဖုန်းရဲ့ flash ကိုအသုံးပြုပြီး လုပ်ဆောင်နိုင်တာမို့ စမတ်ဖုန်းနဲ့တွဲဆက်ပြီးကြည့်နိုင်ပေမယ့် ပါဝါထပ်ပေးရသေးတဲ့ မိုက်ခရိုစကုပ်တွေနဲ့ ယှဉ်လိုက်မယ်ဆိုရင်တော့ ပိုကောင်းပါတယ်လို့ ဖန်တီးသူတွေက ပြောပါတယ်။ တပ်ဆင်ရတာလွယ်ကူပြီးတော့ လုပ်ဆောင်ရမယ့်အဆင့်တွေကလည်း နည်းပါးပါတယ်။ ARC သုတေသီတွေဟာ အခုလို 3D printing ဖိုင်လေးကို အများအတွက် မျှဝေပေးလိုက်ပါပြီ။ 3D printer ရှိသူတိုင်း အသုံးပြုနိုင်စေဖို့ပဲဖြစ်ပါတယ်။

ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Dr Anthony Orth ကတော့

“ကျွန်တော်တို့ဟာ ရိုးရှင်းတဲ့ မိုဘိုင်းလ်ဖုန်း မိုက်ခရိုစကုပ်လေးကို ဒီဇိုင်းဖန်တီးခဲ့ပြီးတော့ စမတ်ဖုန်းကင်မရာတွေနဲ့ ကိုက်ညီအောင်လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော်တို့ဖန်တီးထားတဲ့ပစ္စည်းလေးဟာ ဈေးမကြီးပါဘူး။ နေရာတိုင်းအတွက် အဆင်ပြေစေမယ့် ဖြုတ်တပ်လုပ်နိုင်တဲ့ tool လေးပါ။” အပြည့်အစုံကိုတော့ Nature.com website ၊ CNBP.org မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။