30TB SSD ကို ၂လက်မခွဲ drive အဖြစ်ပြောင်းမယ့် Samsung

0
149

အဲဒီdriveလေးမှာ 40GB DDR4 လည်း ပါဝင်နေပါတယ်။

သင့်ရဲ့လုပ်ငန်းသုံးအတွက် သိုလှောင်မှုပမာဏ များများလိုအပ်နေပါသလား။ Samsung SSD လေးက ကူညီပေးပါလိမ့်မယ်။ အခုအသစ်ထွက်လာတဲ့ PM1643 လေးကတော့ ၂လက်မခွဲသာရှိတဲ့ drive လေးထဲမှာ 30.72TB ကို အသုံးပြုနိုင်စေမှာပါ။

အတွင်းထဲမှာတော့ NAND flash 32 1TB package ကိုမောင်းနှင်နေတဲ့ flash controller ကိုးခုပါဝင်ပြီး package တစ်ခုချင်းစီမှာတော့ 512Gb 3-bit-per-cell V-NAND အလွှာ ၁၆ခု ပါဝင်ပါတယ်။ 40GB DDR4 RAM လည်း ပါဝင်ပါတယ်။ RAM ကလည်း ပုံမှန်မဟုတ်ပါဘူး။ 8Gb chip တွေကို Through Silicon Vias (TSVs) နဲ့တည်ဆောက်ထားတာမို့ ဒေါင်လိုက်စီထားလို့ရပါတယ်။ 4GB package ၁၀ ခုအဖြစ် စီစဉ်ထားပါတယ်။

အဲဒီ drive မှာ 12Gb/s Serial Attached SCSI interface ကို အသုံးပြုထားပါတယ်။ Samsung ကတော့ 400,000 read နဲ့ 50,000 write random IOPS ၊ဆက်တိုက် read & write လုပ်မယ်ဆိုရင်တော့ 2,100MB/s နဲ့ 1,700MB/s အထိ လုပ်ဆောင်နိုင်မယ်လို့ ပြောကြားထားပါတယ်။

Samsung ဟာ ငါးနှစ်လောက်အထိ support ပေးနိုင်လိမ့်မယ်လို့ ပြောထားပါသေးတယ်။

ဈေးနှုန်းနဲ့ ဘယ်မှာရနိုင်သလဲဆိုတာကိုတော့ မသိရသေးပါဘူး။ ဇန်န၀ါရီလမှာ စတင်လုပ်ဆောင်ခဲ့ပြီးတော့ 30TB နဲ့အတူ 15.36TB ၊ 7.68TB ၊ 3.84TB၊ 1.92TB ၊ 960GB ၊ 800GB ဆိုပြီးတော့လည်း ထုတ်လုပ်ဦးမှာပါ။