၂၀၁၈ မှာ Multiplayer ဆော့လို့ရတော့မယ့် Stardew Valley ဂိမ်း

0
292

ငယ်ငယ်တုန်းက ဆော့ခဲ့ရတဲ့ ဂိမ်းအမျိုးအစား တစ်ခု ကို မှတ်မိကြဦးမှာပါ။ P1 မှာ ဆော့ခဲ့ရတာပါ။ အဲဒီဂိမ်းမှာ ဖွန်ကြောင်လို့ ရတာတွေ အပြင် အသီးအနှံတွေ အထွက်တိုးအောင် ရေကန်ထဲကို ကြက်ဥတွေ သွားပစ်ချပြီး နတ်ဆက်ရတာတွေပါ ပါဝင်ပါတယ်။ အဲဒီ ဂိမ်းဟာ လက်ရှိမှာ Single Player အဖြစ်နဲ့ PC မှာ ဆော့လို့ရပေမယ့် Multi Player အနေနဲ့တော့ ဆော့လို့ မရသေးပါဘူး။

မနှစ်ကကြေညာခဲ့တဲ့ developer ConcernedApe ရဲ့ Stardew Valley ကတော့ multiplayer feature ရတော့မှာပါ။ ၂၀၁၇ နှစ်ကုန်ပိုင်းမှာ beta ထွက်လာမယ်လို့မျှော်လင့်ခဲ့ပေမယ့်လည်း ထွက်မလာခဲ့ပါဘူး။ အဲဒီ beta ဟာ ၂၀၁၈ အထိရောက်လာခဲ့ပြီးတော့ ဘယ်အချိန်မှာထွက်လာမလဲဆိုတာကတော့ မဖော်ပြထားသေးပါဘူး။

Stardew Valley blog မှာတော့ multiplayer beta ဟာ ၂၀၁၈ နွေဦးမှာ ထွက်ရှိလာဖို့အတွက် စီစဉ်ထားတယ်လို့ အတည်ပြုပေးထားပါတယ်။ feature အသစ်တွေကိုလည်း လုပ်ဆောင်ပြီးကြောင်း သိရပါတယ်။

သူတို့အနေနဲ့ translated text တွေကိုရရှိပြီးတော့ ဂိမ်းထဲမှာပေါင်းစပ်ပြီးတဲ့အချိန်မှာတော့ public beta ဟာ အဆင်သင့်ဖြစ်လောက်ပြီလို့ ယူဆထားပါတယ်။ ၂၀၁၈ နွေဦးကို အမီထုတ်ဖို့ စိတ်ကူးထားတာပါ။ နှောင့်နှေးမှုတွေကတော့ developer တွေအနေနဲ့ ပေါလစ်တိုက်မပြီးနိုင်သေးတာပါ။ ဒါပေမယ့်လည်း ဒီထက်မကြာတော့ဘူးလို့ မျှော်လင့်ရတာပါပဲ။

Stardew Valley ရဲ့ multiplayer feature ကတော့ local ရော online play ပါ ကစားနိုင်မှာဖြစ်ပါတယ်။ အခုအချိန်မှာတော့ အချိန်ကောင်းကို စောင့်ရဦးမှာပါ။