LG Q6 နဲ႔ Samsung Galaxy J7 Pro အားႏႈိင္းယွဥ္ၾကည့္ျခင္း

0
1384

ျပည့္စုံေကာင္းမြန္တဲ့ လုပ္ေဆာင္ခ်က္နဲ႔ ဖုန္းကိုသာ ေရြးခ်ယ္ကိုင္တြယ္လိုသူေတြ အတြက္ ေစ်းကြက္ထဲမွာ တန္းျမင့္၊အလယ္အလတ္ဆင့္ စမတ္ဖုန္းအမ်ားစု ရွိေနပါတယ္။ ဒီလိုစမတ္ဖုန္းေတြထဲက ကိုရီးယား အေျခစိုက္ စမတ္ဖုန္း ထုတ္လုပ္သူေတြျဖစ္တဲ့ LG နဲ႔ Samsung တို႔ရဲ႕ အလယ္အလယ္ဖုန္းေတြကို ႏိႈင္းယွဥ္ေဖာ္ျပေပးသြား မွာျဖစ္ပါတယ္။ သူတို႔ကေတာ့ Full View Display စမတ္ဖုန္း LG Q6 နဲ႔ Display အေကာင္းဆုံးဖုန္းေတြထဲမွာ တစ္လုံးအပါအဝင္ျဖစ္တဲ့ Galaxy J7 Pro တို႔ပဲျဖစ္ပါတယ္။

LG နဲ႔ Samsung တို႔ရဲ႕ စမတ္ဖုန္း၂မ်ိဳးလုံးမွာ 5.5-inch မ်က္ႏွာျပင္နဲ႔အတူ Corning Gorilla Glass-covered displays သုံးထားပါတယ္။ အဓိကကြာျခားခ်က္လို႔ ဆိုႏုိင္တာကေတာ့ Q6 မွာ သုံးထားတာက IPS LCD display နဲ႔အတူ စြမ္းအားျပည့္ [2160 x 1080]  442 ppi နဲ႔ျဖစ္ၿပီး J7 Pro မွာေတာ့ [1920×1080] 428 ppi နဲ႔ Full HD AMOLED display ကိုသုံးထားတာပါ။ LG Q6  က FullView Display ျဖစ္ပါတယ္။ G6 လိုပဲ 18:9 သံုးထားပါတယ္။ မ်က္ႏွာျပင္အျပည့္နီးပါး ႐ုပ္ထြက္ ျဖစ္ပါတယ္။

LG Q6 မွာ ေက်ာဘက္ကင္မရာ 13MP f/2.2 သံုးထားပါတယ္။ ေရွ႕ကင္မရာက 5MP f/2.2 ျဖစ္ပါတယ္။ ဗီဒီယိုမွတ္တမ္းတင္မႈကို 1080 p ျဖင့္ ျပဳလုပ္ႏုိင္ပါတယ္။ J7 Pro မွာေတာ့  ေနာက္ဘက္ျခမ္း Camera ေရာ ေရွ႕ Selfie Camera ေရာ ၂ ခုစလုံးကုိ 13 Megapixel အရည္အေသြးရွိ Camera ေတြပဲအသုံးျပဳထားတယ္။

LG Q6 ကို Octa-core Qualcomm Snapdragon 435 ႏွင့္ ပါ၀ါေထာက္ပ့ံထားပါတယ္။ Adreno 505 GPU သံုးထားပါတယ္။ ဂိမ္းကစားတဲ့အခါ၊ ၀က္ဘ္ဆိုက္ေတြ ၾကည့္တဲ့အခါ အထစ္အေငါ့မရွိတာ ေတြ႕ရပါတယ္။ RAM3GB သံုးထားတာပါတယ္။ ဘာပဲျဖစ္ျဖစ္ သာမန္ အသံုးျပဳသူမ်ားအတြက္ လံုေလာက္တဲ့ ပမာဏ ျဖစ္ပါတယ္။ LG Q6 မွာ Android 7.1.1 Nougat အေျခခံ LG ရဲ႕ UX 6.0 အသံုးျပဳထားပါတယ္။ LG G6 နဲ႔ ေဆာ့၀ဲလပ္ပုိင္း အတူတူ ျဖစ္ပါတယ္။ ေဆာ့၀ဲလ္ပုိင္းနဲ႔ပတ္သက္ၿပီး အသံုးျပဳသူေတြ ေက်နပ္မႈ ရရွိဖို႔ ေသခ်ာပါတယ္။ J7 Pro မွာေတာ့ RAM အေနနဲ႕ 3 GB ျဖစ္ၿပီး Internal Memory အေနနဲ႕ 32 GB ပါ၀င္ျပီး CPU အေနနဲ႕ Exynos 7870 Octa Core Processor ကုိအသုံးျပဳထားတာပါ။ Memory Card လည္းထပ္စုိက္လုိ႕ရပါတယ္။ Android OS အေနနဲ႔ ေနာက္ဆုံးထြက္ Android 7.0 Nougat ကိုအသုံးျပဳေပးထားပါတယ္။

J7 Pro မွာ FingerPrint Sensor ကုိေတာ့ ဖုန္းေရွ႕ဘက္ျခမ္း Home Button ထဲမွာထည့္သြင္းေပးထားပါတယ္။ LG Q6 မွာေတာ့ လက္ေဗြရာစနစ္ မပါ၀င္ပါဘူး။ ဒါေပမယ့္ LG ဟာ ဖုန္းလံုၿခံဳေရးအတြက္ မ်က္ႏွာစကင္စနစ္ ထည့္သြင္းေပးထားပါတယ္။ ေကာင္းမြန္တဲ့ အစားထုိး သံုးစြဲမႈတစ္ခုလို႔ဆိုႏိုင္ပါတယ္။ LG Q6 မွာ ဘက္ထရီ 3000 mAh ပါ၀င္ပါတယ္။ အလွ်င္အျမန္ အားသြင္းစနစ္ မပါ၀င္ပါဘူး။ J7 Pro မွာေတာ့ 3600 mAh ပမာဏရွိတဲ့ Battery ကုိအသုံးျပဳထားတာေၾကာင့္ ဘက္ထရီအားကလည္းအၾကာၾကီးခံတာကုိေတြ႕ရပါတယ္။

<unicode Version>

LG Q6 နဲ့ Samsung Galaxy J7 Pro အားနှိုင်းယှဉ်ကြည့်ခြင်း

ပြည့်စုံကောင်းမွန်တဲ့ လုပ်ဆောင်ချက်နဲ့ ဖုန်းကိုသာ ရွေးချယ်ကိုင်တွယ်လိုသူတွေ အတွက် စျေးကွက်ထဲမှာ တန်းမြင့်၊အလယ်အလတ်ဆင့် စမတ်ဖုန်းအများစု ရှိနေပါတယ်။ ဒီလိုစမတ်ဖုန်းတွေထဲက ကိုရီးယား အခြေစိုက် စမတ်ဖုန်း ထုတ်လုပ်သူတွေဖြစ်တဲ့ LG နဲ့ Samsung တို့ရဲ့ အလယ်အလယ်ဖုန်းတွေကို နှိုင်းယှဉ်ဖော်ပြပေးသွား မှာဖြစ်ပါတယ်။ သူတို့ကတော့ Full View Display စမတ်ဖုန်း LG Q6 နဲ့ Display အကောင်းဆုံးဖုန်းတွေထဲမှာ တစ်လုံးအပါအဝင်ဖြစ်တဲ့ Galaxy J7 Pro တို့ပဲဖြစ်ပါတယ်။
LG နဲ့ Samsung တို့ရဲ့ စမတ်ဖုန်း၂မျိုးလုံးမှာ 5.5-inch မျက်နှာပြင်နဲ့အတူ Corning Gorilla Glass-covered displays သုံးထားပါတယ်။ အဓိကကွာခြားချက်လို့ ဆိုနိုင်တာကတော့ Q6 မှာ သုံးထားတာက IPS LCD display နဲ့အတူ စွမ်းအားပြည့် [2160 x 1080] 442 ppi နဲ့ဖြစ်ပြီး J7 Pro မှာတော့ [1920×1080] 428 ppi နဲ့ Full HD AMOLED display ကိုသုံးထားတာပါ။ LG Q6 က FullView Display ဖြစ်ပါတယ်။ G6 လိုပဲ 18:9 သုံးထားပါတယ်။ မျက်နှာပြင်အပြည့်နီးပါး ရုပ်ထွက် ဖြစ်ပါတယ်။
LG Q6 မှာ ကျောဘက်ကင်မရာ 13MP f/2.2 သုံးထားပါတယ်။ ရှေ့ကင်မရာက 5MP f/2.2 ဖြစ်ပါတယ်။ ဗီဒီယိုမှတ်တမ်းတင်မှုကို 1080 p ဖြင့် ပြုလုပ်နိုင်ပါတယ်။ J7 Pro မှာတော့ နောက်ဘက်ခြမ်း Camera ရော ရှေ့ Selfie Camera ရော ၂ ခုစလုံးကို 13 Megapixel အရည်အသွေးရှိ Camera တွေပဲအသုံးပြုထားတယ်။
LG Q6 ကို Octa-core Qualcomm Snapdragon 435 နှင့် ပါ၀ါထောက်ပ့ံထားပါတယ်။ Adreno 505 GPU သုံးထားပါတယ်။ ဂိမ်းကစားတဲ့အခါ၊ ၀က်ဘ်ဆိုက်တွေ ကြည့်တဲ့အခါ အထစ်အငေါ့မရှိတာ တွေ့ရပါတယ်။ RAM3GB သုံးထားတာပါတယ်။ ဘာပဲဖြစ်ဖြစ် သာမန် အသုံးပြုသူများအတွက် လုံလောက်တဲ့ ပမာဏ ဖြစ်ပါတယ်။ LG Q6 မှာ Android 7.1.1 Nougat အခြေခံ LG ရဲ့ UX 6.0 အသုံးပြုထားပါတယ်။ LG G6 နဲ့ ဆော့ဝဲလပ်ပိုင်း အတူတူ ဖြစ်ပါတယ်။ ဆော့ဝဲလ်ပိုင်းနဲ့ပတ်သက်ပြီး အသုံးပြုသူတွေ ကျေနပ်မှု ရရှိဖို့ သေချာပါတယ်။ J7 Pro မှာတော့ RAM အနေနဲ့ 3 GB ဖြစ်ပြီး Internal Memory အနေနဲ့ 32 GB ပါ၀င်ပြီး CPU အနေနဲ့ Exynos 7870 Octa Core Processor ကိုအသုံးပြုထားတာပါ။ Memory Card လည်းထပ်စိုက်လို့ရပါတယ်။ Android OS အနေနဲ့ နောက်ဆုံးထွက် Android 7.0 Nougat ကိုအသုံးပြုပေးထားပါတယ်။
J7 Pro မှာ FingerPrint Sensor ကိုတော့ ဖုန်းရှေ့ဘက်ခြမ်း Home Button ထဲမှာထည့်သွင်းပေးထားပါတယ်။ LG Q6 မှာတော့ လက်ဗွေရာစနစ် မပါ၀င်ပါဘူး။ ဒါပေမယ့် LG ဟာ ဖုန်းလုံခြုံရေးအတွက် မျက်နှာစကင်စနစ် ထည့်သွင်းပေးထားပါတယ်။ ကောင်းမွန်တဲ့ အစားထိုး သုံးစွဲမှုတစ်ခုလို့ဆိုနိုင်ပါတယ်။ LG Q6 မှာ ဘက်ထရီ 3000 mAh ပါ၀င်ပါတယ်။ အလျှင်အမြန် အားသွင်းစနစ် မပါ၀င်ပါဘူး။ J7 Pro မှာတော့ 3600 mAh ပမာဏရှိတဲ့ Battery ကိုအသုံးပြုထားတာကြောင့် ဘက်ထရီအားကလည်းအကြာကြီးခံတာကိုတွေ့ရပါတယ်။