မြန်မာနိုင်ငံ ဈေးကွက်တွင် CAMON CM နှင့် SPAKR CM စမတ်ဖုန်းများကို မိတ်ဆက်​ပေးတော့မယ် TECNO Mobile

0
693

နည်းပညာမြင့် စမတ်ဖုန်းများကို ထုတ်လုပ်ရောင်းချပြီး ဈေးကွက်ကို ဦးဆောင်နေတဲ့ စမတ်ဖုန်း အမှတ်တံဆိပ် TECNO Mobile အနေဖြင့် မြန်မာနိုင်ငံ ဈေးကွက်အတွင်းသို့ စတင် ၀င်ရောက်ဖို့ ပြင်ဆင်လျက်ရှိကြောင်း သိရပါတယ်။ TECNO Mobile မှ လတ်တလော ထုတ်လုပ်ထားသည့် အရည်သွေးမြင့် စမတ်ဖုန်းများအနက် CAMON CM နှင့် TECNO SPARK CM တို့ကို ယခုလအတွင်း မြန်မာဈေးကွက်မှာ မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။

TECNO Mobile ဟာ Selfie ရိုက်ကူးမှုကို စွဲလန်းနှစ်သက်တဲ့ သက်ငယ်ပိုင်းနှင့် သက်လတ်ပိုင်းအရွယ် မိုဘိုင်းဖုန်း သုံးစွဲသူများကို စွဲဆောင်စေနိုင်သည့် အဆင့်မြင့် ကင်မရာနည်းပညာများနှင့် လုပ်ဆောင်ချက်များ ပါဝင်တဲ့ စမတ်ဖုန်းများကို ထုတ်လုပ်ရောင်းချနေတဲ့ စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်ပါတယ်။

TECNO CAMON CM ၏ အရှေ့ကင်မရာတွင် Selfie ရိုက်ကူးရာတွင် ကြည်လင်ပြတ်သားပြီး အလင်းပေးမှု ကောင်းမွန်စေရန် LED Flash ကို တပ်ဆင်ပေးထားလို့ Selfie ဓာတ်ပုံများရဲ့ အရည်အသွေးကို တိုးတက်စေပါတယ်။ ဒါ့ကြောင့်လည်း CAMON CM ရဲ့ Flash တပ်ဆင်ထားတဲ့ 13 MP ပုံထွက်နှုန်းရှိတဲ့ ရှေ့ဖက်ကင်မရာဟာ 8MP ပုံထွက်နှုန်းရှိတဲ့ ရှေ့ကင်မရာ တပ်ဆင်ထားသည့် အခြားမိုဘိုင်းဖုန်း တွေထက် အရည်သွေးပိုကောင်းတဲ့ Selfies တွေကို ရိုက်ကူးရယူ ပေးနိုင်ပါတယ်။

မကြာမီ မိတ်ဆက်ပြသပြီး ဈေးကွက်ထဲ ရောက်ရှိလာတော့မယ် TECNO Mobile ရဲ့ စမတ်ဖုန်းသစ်များဖြစ်တဲ့ CAMON CM နှင့် TECNO SPARK CM တို့ဟာ နောက်ဆုံးပေါ် စွမ်းရည်မြင့် ကင်မရာများကို အထူးသက်သာသော ဈေးနှုန်းနဲ့ ပေါင်းစပ်ပြီး ဖန်တီးထားတဲ့  ကင်မရာစမတ်ဖုန်းအဖြစ် သတ်မှတ်နိုင်ပါလိမ့်မယ်။ ဒါ့အပြင် TECNO Mobile အနေနဲ့ ပုံမှန် ပေးအပ်နေကျ (၁) နှစ် အာမခံအပြင်  ရက် (၁၀၀) အတွင်း လဲလှယ်ခွင့် အာမခံကိုလည်း ပေးအပ်ထားပါသေး​ကြောင်းသိရှိရပါတယ်။