နှစ်စက္ကန့်အတွင်း တစ်နာရီမိုင်ခြောက်ဆယ်နှုန်းကိုသွားနိုင်တဲ့ Aspark Owl

0
748

နှစ်စက္ကန့်အတွင်းမှာ မယုံနိုင်စရာစံချိန် ချိုးနိုင်ခဲ့ကြောင်း ဗွီဒီယိုလေးနဲ့သက်သေပြလိုက်ပါတယ်။

ဂျပန်နိုင်ငံ ကုမ္ပဏီအသေးလေးက နှစ်စက္ကန့်အတွင်း တစ်နာရီ၆၀မိုင်နှုန်းနဲ့ ထုတ်လုပ်ပြသခဲ့ပါတယ်။  အဲဒီကားဟာ လမ်းမတွေပေါ်မှာ မောင်းနှင်ခွင့်ရှိတဲ့ ကမ္ဘာ့ပထမဆုံးသောကား ဖြစ်တယ်လို့ ဆိုကြပါတယ်။

Aspark Owl ကိုတော့ မနှစ်ကကျင်းပခဲ့တဲ့ Frankfurt Auto Show မှာ launch လုပ်ခဲ့ပြီးတော့ သူ့မှာ 430 horsepower ၊ 563 all-wheel lb-ft torque နဲ့အလေးချိန်ကတော့ ၈၆၀ ကီလိုတောင် မရှိပါဘူး။ ၂ စက္ကန့်တည်းနဲ့မိုင်ခြောက်ဆယ်နှုန်းကို ရောက်သွားစေပါတယ်။

Aspark ကတော့ မယုံနိုင်စရာ ဗွီဒီယိုလေးကို တင်ပြပေးလိုက်ပါ။ ၂စက္ကန့်စာ စံချိန်ကို ၁.၉၂၁ စက္ကန့်နဲ့ ချိုးခဲ့တာပါ။ ဒါကြောင့် ဖော်မျူလာဝမ်းကားတွေထက် မြန်ဆန်ပါတယ်။

ဒီလိုကားမျိုး အစီး ၅၀ သာထုတ်လုပ်မှာဖြစ်ပြီးတော့ ၀ယ်ယူသူတွေအနေနဲ့ တစ်စီးကို ပေါင်၃မီလျံ ပေးရဖွယ်ရှိတယ်လို့ သိရပါတယ်။

စမ်းသပ်မှုတွေကတော့ လုပ်ဆောင်ပြီးတဲ့ပုံပါပဲ။ ဗွီဒီယိုအပြင် အဲဒီကားကိုစိတ်ဝင်စားတဲ့သူတွေက ကားရဲ့ပုံကြမ်းကိုလည်း အံ့သြခဲ့ကြပါတယ်။

Speedometer ကို ရိုက်ပြမထားခြင်း၊ အမြန်နှုန်းပြသတဲ့ မျက်နှာပြင်မရှိခြင်းကို တွေ့ခဲ့ကြပါတယ်။

နောက်ပြီးတော့ တည်နေရာဟာ တစ်နာရီမိုင်ခြောက်ဆယ်နှုန်းအတွက် သေးလွန်းတယ်လို့လည်း ဝေဖန်ကြပါတယ်။

အခု prototype လေးဟာ street-legal တာယာတွေထက် ပြိုင်ကား တာယာတွေကို အသုံးပြုထားတယ်လို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။ ဒါကြောင့် ကားကို အရှိန်တင်တဲ့နေရာမှာ အဆင်ပြေစေတာ ဖြစ်ပါတယ်။

 

Video