Arizona State University က ဖေ့စ်ဘွတ်သူငယ်ချင်းတွေကို ထိန်းသိမ်းဖို့အတွက် အရေးကြီးတဲ့အချက်တွေကို ကျောင်းတက်ဆဲကျောင်းသားတွေကို မေးမြန်းခဲ့ပါတယ်။ လူမှုကွန်ရက်ကြောင့် လူမုန်းများတာမျိုး မဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကို စဉ်းစားစေခဲ့ပါတယ်။ ဒီရလဒ်ကိုတော့ ၂၀၁၂ခုနှစ် ဧပြီလ Journal of Social and Personal Relationships မှာ ထုတ်ဝေခဲ့ပါတယ်။
စည်းမျဉ်းတွေကတော့ အသက်ကြီးသူတွေနဲ့ ကွာခြားနေနိုင်ပါတယ်။ ကောလိပ်ကျောင်းသားတွေ သတ်မှတ်ထားတဲ့စည်းမျဉ်းလေးတွေကို ကြည့်လိုက်ရအောင်။
- တုံ့ပြန်မှုကို မျှော်လင့်ထားခြင်း
သုံးစွဲသူတွေဟာ ဒီအချက်ကိုတော့ တော်တော်လေးထောက်ခံထားတာ တွေ့ရပါတယ်။ သင့်ရဲ့ဖေ့စ်ဘွတ် wall ပေါ်ကို တစ်ယောက်ယောက်က ပို့စ်တင်လိုက်ရင် သင့်ရဲ့တုံ့ပြန်မှုကို သူတို့မျှော်လင့်ထားကြပါတယ်။
- မလေးမစားမလုပ်ခြင်း
ဖေ့စ်ဘွတ်ပေါ်ကသူငယ်ချင်းတစ်ယောက်နဲ့ ပတ်သတ်ပြီးတော့ မလေးစားတဲ့သဘောသက်ရောက်တဲ့ ပို့စ်တင်ခြင်းဟာ မကောင်းတဲ့အပြုအမူတစ်ခုပါ။
- ပို့စ်မတင်ခင်စဉ်းစားခြင်း
သင်တင်လိုက်တဲ့ပို့စ်က သူငယ်ချင်းတစ်ယောက်ကိုများ ထိခိုက်သွားမလားဆိုတဲ့အတွေးမျိုး မတင်ခင်ကတည်းက စဉ်းစားသင့်ပါတယ်။
- ပြန်မတင်ခြင်း
တကယ်လို့ သူငယ်ချင်းတစ်ယောက်က သူ့wall ပေါ်မှာ သင်တင်ထားတဲ့ပို့စ်ကို ဖျက်လိုက်တာဖြစ်ဖြစ်၊ tag ထားတာကိုဖြုတ်လိုက်တာဖြစ်ဖြစ် နောက်တစ်ခါ ပြန်မတင်သင့်ပါ။
- သူစိမ်းမဆန်ခြင်း
ဖေ့စ်ဘွတ်ဆိုတာကတော့ မျက်နှာချင်းဆိုင်တွေ့ရတာမျိုး မဟုတ်ပါဘူး။ တကယ့်သူငယ်ချင်းတွေဆိုတာ အပြင်မှာချိန်းပြီး တွေ့ဆုံသင့်ပါတယ်။ ဒီအချက်ကိုလည်း သုံးစွဲသူတွေက သဘောတူကြပါတယ်။
- ရိုးသားခြင်း
သင့်ကိုယ်သင် အရိုးသားဆုံး ပြသနေထိုင်ပါ။ သူငယ်ချင်းတွေကိုလည်း ကောင်းမွန်စွာဆက်ဆံပါ။
- မစွဲလန်းခြင်း
ဖေ့စ်ဘွတ်က အလုပ်ကိုထိခိုက်လာမယ်ဆိုရင်တော့ နိုးပါလို့ ပြောလိုက်ပါ။
- ကိုယ့်ဘာသာ ကာကွယ်ခြင်း
သင်မှတပါး အခြားသူသုံးခွင့်မရှိတဲ့ အချက်အလက်များကို ဘယ်တော့မှ ပို့စ်မတင်ပါနဲ့။
- နောက်တစ်ကြိမ်စဉ်းစားခြင်း
ဖေ့စ်ဘွတ်က သူငယ်ချင်းတွေနဲ့ ဆက်သွယ်တဲ့အခါမှာ သုံးစွဲသူအများစုကတော့ သူတို့ဟာ “common sense” ဆိုတဲ့ စည်းမျဉ်းကို အသုံးပြုတယ်လို့ ဆိုကြပါတယ်။