ပိုက်ဆံအကုန်အကျသက်သာမယ့် စမတ်ဖုန်းဆက်စပ်ပစ္စည်းများ

0
1659

စမတ်ဖုန်းဆိုတာ အမျိုးမျိုးသော အရာတိုင်းအတွက် ဘက်စုံသုံးဖြစ်တယ်ဆိုတာ ကျွန်တော်တို့အားလုံးသိရှိပြီးသားပါ။ ဒါပေမယ့် စမတ်ဖုန်းဆီကနေ အမြင့်မားဆုံးသော ခံစားမှုတွေရလိုတဲ့အခါမှာတော့ ငွေကြေးအများအပြားသုံးစွဲရပါတယ်။ ကျွန်တော်တို့ကြားမှာရှိတဲ့ စပ်စုလေ့လာတတ်သူတွေကတော့ တန်ဖိုးနည်း DIY အသုံးအဆောင်များကို ရှာတွေ့ခဲ့ပါတယ်။ ဒီလိုအသုံးဝင်တဲ့ စမတ်ဖုန်းဆက်စပ်ပစ္စည်းလေးတွေကို ကျွန်တော်တို့က စုစည်းတင်ပြပေးလိုက်ပါတယ်။

၁။ ဖုန်းနဲ့ပုံကောင်းများရိုက်ကူးခြင်း

Instagram ခေတ်မှာ ကျွန်တော်တို့အားလုံးဟာ ပုံလှလှလေးတွေရိုက်ကူးပြီးတော့ အွန်လိုင်းမှာတင်ချင်ကြပါတယ်။ filter န့effect ကောင်းကောင်းတွေပါဝင်တဲ့ app အမျိုးမျိုးရှိပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ရဲ့အချိန်တွေနဲ့ငွေကြေးတွေကို ယူသွားပြီးတော့ ပျင်းစရာကောင်းတဲ့ပုံစံတွေသာ ထွက်လာပါတယ်။ ချက်ချင်းရနိုင်တဲ့ effect တွေနဲ့ ပုံကောင်းတစ်ပုံထွက်လာနိုင်ချေမရှိတော့ဘူးလား။ ကောင်းပါပြီ ဖြစ်နိုင်ပါတယ်။ သင့်ရဲ့အချိန်နဲ့ ငွေကြေးကို သက်သာစေနိုင်မယ့်နည်းလမ်းတွေ ရှိတာပေါ့။ လုပ်ရမှာကလည်း အရမ်းကိုလွယ်ကူပါတယ်။ ကင်မရာပေါ်မှာ သင့်ရဲ့ဖုန်းကိုကပ်ဖို့အတွက် တိပ်လေးလိုအပ်ပြီးတော့ မာကာပင်န်နဲ့ အရောင်ခြယ်လိုက်ပါ။ လှပတဲ့ရလဒ်တွေထွက်လာမယ်လို့ အာမခံပါတယ်။

၂။ ဖုန်းအတွက် VR မျက်မှန်ပြုလုပ်ခြင်း

Virtual reality ဆိုတာကတော့ တဖြည်းဖြည်းနဲ့ ပိုမိုကျော်ကြားလူကြိုက်များလာပါတယ်။ ဂိမ်းတွေနဲ့ ဗွီဒီယိုတွေကလည်း VR တွေနဲ့ ဖန်တီးလာကြပါတယ်။ ဒါပေမယ့် virtual reality ကို ဖုန်းမှာခံစားနိုင်ဖို့အတွက်ကတော့ ဈေးသက်သက်သာသာနဲ့မရနိုင်တဲ့ မျက်မှန်တွေလိုအပ်ပါတယ်။ စိတ်မပူပါနဲ့။ ဈေးသက်သာစွာနဲ့ အိမ်မှာဖန်တီးနိုင်တာလည်း ရှိပါတယ်။ VR glasses template တစ်ခုကို အွန်လိုင်းကရှာပြီးတော့ ပရင့်ထုတ်ပြီး ကပ်ကြေးနဲ့ဖြတ်လိုက်ပါ။ ကော်နဲ့သေချာကပ်ပါ။ biconvex lenses တွေကိုကပ်လိုက်ပါ။ ဒါဆိုရင်တော့ virtual reality ခံစားဖို့အတွက် အသင့်ဖြစ်နေပါပြီ။

၃။ ဖုန်းအတွက် joystick ပြုလုပ်ခြင်း

ဖုန်းမှာဂိမ်းကစားဖို့အတွက် joystick လိုချင်ပါသလား။ တကယ်ဖြစ်နိုင်ပါတယ်။ ကုန်ကျစရိတ်လည်း မရှိပါဘူး။ ပထမဆုံးလုပ်ရမှာက ပလတ်စတစ်ဘူးကို ဓါးနဲ့ အပိုင်းနှစ်ပိုင်းရအောင် ဖြတ်လိုက်ပါ။ ကပ်ကြေးကိုအသုံးပြုပြီးတော့ ၄-၆လက်မအရှည်ရအောင်လုပ်ပါ။ အပိုင်းသေးကို အလူမီနီယမ်အပါးစားနဲ့ အုပ်လိုက်ပြီးတော့ အလုံးလေးဖြစ်အောင်လုပ်ပါ။ ပလတ်စတစ်ပြားလေးကို အလုံးလေးမှာကပ်လိုက်ပါ။ ပုံမှာပြထားတဲ့အတိုင်း အ၀ိုင်းလေးဖြစ်သွားအောင် လုပ်လိုက်ပါ။ သားရေပင်ကြိုးနှစ်ကြိုးကိုယူပြီးတော့ ချိတ်လိုက်ပါ။ ဖုန်းမှာချိတ်ပြီးတော့ ဂိမ်းကိုဖွင့်လိုက်ပါ။ ကဲ joystick ရပါပြီ။ စိတ်ကြိုက်သာကစားပါတော့။

၎။ ဖုန်းနဲ့ အနီးကပ်ပုံများရိုက်ကူးခြင်း

အနီးကပ်ပုံတွေလည်း ရိုက်ချင်တယ် ကင်မရာကလည်း အဲလောက်မကောင်းဘူးဆိုကြပါစို့။ ဈေးကြီးတဲ့ macro effect lens ကတော့ အကောင်းဆုံးပါပဲ။ ဒါပေမယ့်လည်း မိနစ်အနည်းငယ်အချိန်ပေးပြီးတော့ ကိုယ်တိုင်ဖန်တီးလိုက်မယ်ဆိုရင်ရော။ လေဆာပွိုင်တာအဟောင်းလေးလိုအပ်ပါတယ်။ အတွင်းထဲမှာ focusing lens ပါတဲ့အရာပေါ့။ ဖယ်လိုက်ပါပြီးရင်တော့ ဆံညှပ်ကလစ်လေးနဲ့တွယ်ထားလိုက်ပါ။ effect ကတော့ အလန်းစားပါပဲ။

၅။ ဖုန်းအတွက် stylus လုပ်ခြင်း

စမတ်ဖုန်းအတွက် stylus တွေကတော့ လူကြိုက်မများပါဘူး။ ဒါပေမယ့်လည်း လိုအပ်တဲ့အခြေအနေတွေက ရှိတတ်ပါတယ်။ ဥပမာ ဖုန်းမှာ၊ တက်ဘလက်မှာ ပုံဆွဲတဲ့အခါ လက်နဲ့ဆိုရင် မတိကျပါဘူး။ stylus ၀ယ်ဖို့ကျလည်း တော်တော်လေးဈေးကြီးနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ဘာသာလုပ်လိုက်တာက ပိုကောင်းပါတယ်။ ခဲတံတစ်ချောင်းကို အလူမီနီယမ် foil နဲ့ ပတ်ပြီးတော့ အနားစလေးတွေကို တင်းသွားအောင်ဖိလိုက်ပါ။ လွယ်လွယ်လေးပါပဲ။ မကြောက်ပါနဲ့ မှန်ကိုမခြစ်မိစေရပါဘူး။

၆။ ဖုန်းရဲ့အသံကို ပိုကျယ်အောင်ပြုလုပ်ခြင်း

ရေချိုးရင်း သီချင်းနားထောင်တာကြိုက်လား၊ ဒါပေမယ့် ရေသံကိုလွှမ်းအောင် သီချင်းသံက မကျယ်ဘူးဖြစ်နေတယ်မဟုတ်လား။ ဖြစ်တတ်ပါတယ်။ စမတ်ဖုန်းအတွက် ဈေးကြီးတဲ့ amplifier တပ်ဖို့မစဉ်းစားပါနဲ့။ အလွယ်ကူဆုံးနည်းလမ်းရှိပါတယ်။ လိုအပ်တဲ့အရာကတော့ ဖန်ခွက်တစ်လုံးပါပဲ။ နောက်တစ်ခါ အသံကျယ်ချင်တယ်ဆိုရင်တော့ ဖုန်းကို ဖန်ခွက်ထဲထည့်လိုက်ပါ။ ဖြေရှင်းပြီးသားဖြစ်သွားပါပြီ။