iPhone X screen ကို အပြည့်အ၀ထောက်ပံ့ဖို့ app အသစ်တွေကို Apple အသိပေး

0
1622

App အသစ်တွေဟာ iOS 11 SDK နဲ့ တည်ထောက်ထားရမှာပါ။

ဒီနေ့ပဲ iOS developer တွေထံကို အီးမေးလ်ပို့ပြီးတော့ ARKit လိုမျိုး iOS 11 ရဲ့ feature အသစ်တွေကို အသုံးပြုဖို့အတွက် Apple က အသိပေးခဲ့ပါတယ်။ အီးမေးလ်ထဲမှာပါဝင်တဲ့အကြောင်းအရာတစ်ခုကတော့ April 2018 မှစတင်ပြီးတော့ တင်သွင်းလာတဲ့ app တွေအားလုံးဟာ iOS 11 SDK နဲ့ တည်ဆောက်ထားရမှာဖြစ်ပြီးတော့ iPhone X display အသစ်ကို ထောက်ပံ့ပေးရမှာဖြစ်ကြောင်း ပါဝင်ပါတယ်။

အပြည့်အစုံမှာ

iOS 11 ဟာ ဆန်းသစ်တဲ့ feature တွေနဲ့အတူ တစ်ကမ္ဘာလုံးက သုံးစွဲသူတွေအတွက် App Store ကိုလည်း ဒီဇိုင်းပြင်ထားခဲ့ပါတယ်။ သင်တို့ app တွေကိုလည်း အသိဥာဏ်မြင့်မားစွာ၊ သေသပ်စွာတည်ဆောက်နိုင်စေဖို့၊ Core ML ၊ ARKit ၊ camera APIs အသစ်၊ SiriKit domains အသစ်၊ Apple Music integration ၊ drag and drop for iPad တွေအတွက်လည်း အသုံးချခွင့်ပေးထားပါတယ်။

April 2018 မှစတင်ပြီး App Store ကိုတင်သွင်းလာတဲ့ iOS app အသစ်တွေဟာ Xcode 9 နှင့်အထက်ကို အသုံးပြုထားတဲ့ iOS 11 SDK နဲ့ တည်ဆောက်ထားဖို့လိုပါတယ်။ universal app တွေအပါအ၀င် iPhone အတွက် app  အသစ်အားလုံးဟာ iPhone X အတွက် Super Retina display ကို ထောက်ပံ့ပေးထားဖို့ လိုပါတယ်။

iPhone X ရဲ့ “Super Retina” screen ကို ထောက်ပံ့ပေးထားဖို့လိုတယ်ဆိုတာ ဘာကိုဆိုလိုမှန်း အီးမေးလ်ကိုဖတ်လိုက်တာနဲ့ မရှင်းလင်းခဲ့ပါဘူး။ resolution ၊ aspect ratio ကို ပြောတာလား။ အနားလေးတွေလုံးနေတာလား၊ sensor array (အဟိုက်)လေးကိုပြောတာလား home indicator လား။ ဘာလား ညာလားပါပဲ။

Apple ဟာ iPhone X ကို ဘယ်လိုမျိုးထောက်ပံ့ပေးရမလဲဆိုတာကို developer တွေထံရှင်းပြတဲ့ documentation ၊ ဗွီဒီယိုတွေကို ပို့ပြီးသား ဖြစ်ပါတယ်။ အဟိုက်လေးနဲ့ပတ်သတ်ပြီးတော့လည်း ပါဝင်ပါတယ်။ ဒါကြောင့် အဟိုက်လေးဖြစ်နိုင်ချေများပါတယ်။

နိုဝင်ဘာတုန်းက iOS app နဲ့ game developer တွေကိုတွေ့ဆုံပြီးတော့ iPhone X အတွက် app တွေကိုအဆင့်မြှင့်တဲ့အကြောင်း Ars က မေးမြန်းခဲ့ပါတယ်။ အများစုတော့ ဒီလိုမြန်မြန်ဆန်နဲ့ အကူးအပြောင်းလုပ်လိုက်တာကို အပြစ်တင်နေကြပါတယ်။

အဟိုက်လေးဟာ developer တွေအတွက် တကယ့်အတားအဆီးဖြစ်လာနိုင်တယ်ဆိုတာ သတိထားမိတဲ့အခါမှာပဲ home indicator လို့ခေါ်တဲ့ home screen ဆီရောကစေမယ့် UI လေး ဒါမှမဟုတ် multitask လုပ်ခွင့်ပေးတဲ့ဟာလေးကမှ တကယ့်အတားအဆီးဖြစ်နေတယ်ဆိုတာ သိလိုက်ရတာပါ။ တချို့ဂိမ်းတွေနဲ့ App တွေဟာ custom layout တွေ အသုံးပြုထားတာမို့ ထောင့်လုံးတွေနဲ့ငြိနေပါတယ်။

iPhone X အတွက် app အသစ်မှာ ထောက်ပံ့ပေးဖို့လိုအပ်တယ်ဆိုတာ ဖြစ်သင့်ပေမယ့်လည်း dev တွေအတွက်ကလည်း ခက်ခဲနေတဲ့အဆင့်ဖြစ်နေပါသေးတယ်။ နောက်ပြီး Apple အနေနဲ့လည်း app update တွေလိုအပ်နေပါသေးတယ်။ ရှိပြီးသား app တွေကိုလည်းပြောင်းပစ်ရမှာပါ။ ဒါဟာ development လုပ်နေတဲ့အသိုင်းအ၀ိုင်းကို အတော်လေးရိုက်ခတ်နေတဲ့ကိစ္စဖြစ်ပါတယ်။