တက်ဘလက်အကြောင်း ဂျာနယ်လစ်တွေ သိထားသင့်တဲ့အချက်ငါးချက်

0
1642

ဂျာနယ်လစ်တွေနဲ့ ဓါတ်ပုံသမားတွေကတော့ သူတို့ဘယ်လို package လုပ်မလဲ၊ ဘယ်လိုအသုံးချကြမလဲဆိုတာကို ပြန်စဉ်းစားသင့်နေပါပြီ။ သူတို့အလုပ်နဲ့ တက်ဘလက်ကွန်ပျူတာတွေကလည်း ဆက်စပ်နေတယ်မလား။ တက်ဘလက်တွေကတော့ အရင်တုန်းက စာဖတ်ဖို့အတွက်သာ အသုံးပြုခဲ့ကြပါတယ်။ ဒါပေမယ့် ဈေးကွက်နဲ့ဝယ်လိုအားတွေဟာ သတင်းအချက်အလက်နည်းပညာခေတ်မှာတော့ ပြောင်းလဲလာခဲ့ပါတယ်။

ဆန်ဖရန်စစ္စကိုမှာရှိတဲ့  Storify ရုံးချုပ်မှာ “New rules of storytelling: The rise of tablets” ဆိုတဲ့ ပွဲလေးတစ်ခု ကျင်းပခဲ့ပါတယ်။ တက်ဘလက်တွေရဲ့ ပေါ်ထွန်းလာမှုဆိုတဲ့ခေါင်းစဉ်နဲ့ပေါ့။

ဒီအကြောင်းကိုဆွေးနွေးခဲ့တဲ့သူတွေကတော့ John Knight – Once မဂ္ဂဇင်းရဲ့ အယ်ဒီတာနဲ့ တွဲဖက်တည်ထောင်သူ ၊ iPad photojournalism publication နဲ့ Jessi Rymill – Closed Mondays ရဲ့ ဒီဇိုင်းပိုင်းနဲ့ တည်းဖြတ်အကြံပေး၊ Al Gore ရဲ့ “Our Choice” နဲ့ Tim Ferriss ရဲ့ “4-Hour Chef.” ပရောဂျက်များလုပ်ဆောင်ခဲ့သူ တို့ ဖြစ်ပါတယ်။

ဂျာနယ်လစ်တွေနဲ့ ဓါတ်ပုံသမားတွေသိထားသင့်တဲ့ tablet publishing အကြောင်းကို အခုလိုပြောထားပါတယ်။

၁။ tablet publishing  မှာ ကုန်ကျစရိတ်မရှိဘူး – အခုအချိန်အထိပေါ့

Once မဂ္ဂဇင်းကိုတော့ စက်တင်ဘာမှာ launch လုပ်ခဲ့ပြီးတော့ ဂျာနယ်လစ်တွေနဲ့ ဓါတ်ပုံသမားတွေကို အကျိုးတူပူးပေါင်းဆောင်ရွက်စေတဲ့ပုံစံနဲ့ လည်ပတ်နေတာပါ။ စာဖတ်သူတွေဟာ လက်ရှိမှာတော့ edition တစ်ခုကို $2.99 ပေးနေရပါတယ်။ tablet publishing က ၀င်ငွေကောင်းလားဆိုတာကို ပရိတ်သတ်တွေကမေးတော့ Once က အခုလိုဖြေကြားခဲ့ပါတယ်။ “မရှိပါဘူး။ နောက်တာပါ။ တစ်ခါတစ်ရံပေါ့ ။ အင်း ပေးနိုင်ပါလိမ့်မယ်။ တကယ်လို့ ကျွန်တော်တို့မှာ 20,000 subscribers ရမယ်ဆိုရင်တော့ ၀င်ငွေကောင်းနိုင်ပါတယ်။ ဆိုလိုတာက ဓါတ်ပုံအတွက် $2,500  ပေးပြီးတော့ စာသားအတွက် $1  ပေးမယ်ဆိုရင်တော့ ပိုကောင်းပါလိမ့်မယ်။ စစချင်းမှာတော့ သင်ကိုယ်တိုင်က စရမှာပါ။ ဈေးကွက်ကိုဖြန့်ဖို့ ကျွန်တော်တို့လက်ထဲမှာပါ။ ဖြန့်ချိသူတွေထက် ကျွန်တော်တို့မှာ ဈေးကွက်မရှိသေးပါဘူး။”

၂။ သင့်ရဲ့သတင်းအဖွဲ့အစည်းက သူတို့ကိုစိတ်ဝင်စားနေတယ်

ဇန်န၀ါရီလတုန်းက Forrester research  က ခန့်မှန်းထားတာကတော့ ယူအက်စ်သုံးစွဲသူတွေဟာ 2015 တုန်းက ကွန်ပျူတာထက် တက်ဘလက်ကိုပိုဝယ်ချင်ကြပါတယ်။

သီးသန့် app တွေ၊ သတင်းအဖွဲ့အစည်းတွေ launch လုပ်ခြင်းအပြင် တက်ဘလက်ကွန်ပျူတာတွေအတွက် publication တွေလည်း ဖန်တီးပေးသင့်ပါတယ်။ Rupert Murdoch ရဲ့ iPad-only publication  ဖြစ်တဲ့ The Daily  မှအစပြုလို့ Philadelphia media တွေကို တက်ဘလက်အသုံးပြုသူတွေအတွက်လည်း ပြုလုပ်ပေးသင့်ပါတယ်။ Economist  ကတော့ iPad ဗားရှင်းနဲ့အသုံးပြုသူ 100,000 subscribers  ရောက်သွားပါပြီ။

၃။ Tablet Publishing ဟာ Interactive ဖြစ်ဖို့မလိုသလို အရမ်းကောင်းတဲ့ ဇာတ်လမ်းတွေဖြစ်ဖို့မလိုအပ်ပါ

Once ရဲ့format ကတော့ စာဖတ်သူတွေကို ဓါတ်ပုံတွေမှာ zoom အသုံးပြုခွင့်ပေးမထားပါဘူး။ “ဒါဟာဘယ်လိုရိုက်ကူးထားသလဲ၊ ဘယ်လိုကြည့်ရမလဲဆိုတဲ့နည်းလမ်းပါ” လို့ Knight ကပြောပါတယ်။ ပုံတွေကို ဂရုတစိုက်နဲ့ရွေးချယ်ပြီးတော့ ဖန်တီးထားပါတယ်။ စာဖတ်သူတွေက ပရော်ဖက်ရှင်နယ်မဟုတ်တဲ့အတွက် publisher တွေဘက်က လုပ်ဆောင်ပေးရမှာပါ။ လူကြိုက်များတဲ့ဇာတ်လမ်းတွေကတော့ “ဓါတ်ပုံတွေကို လူတွေကကြည့်တာမဟုတ်ပါဘူး။ ဇာတ်လမ်းဇာတ်ကွက်ကို အသားပေးကြည့်တာပါ။” ဓါတ်ပုံတွေဟာ နေ့စဉ်လုပ်ဆောင်ချက်တွေရဲ့ မှတ်တမ်းတစ်ခုသဖွယဖြစ်လာပါတယ်။

၎။ Tablet Publishing ဟာ သမားရိုးကျ စာနဲ့ဓါတ်ပုံအချိုးကို ပြောင်းပြန်ဖြစ်စေတယ်

Once  မဂ္ဂဇင်းဟာ edition တစ်ခုကို story သုံးခု ထုတ်ပါတယ်။ story တစ်ခုချင်းစီမှာလည်း စာသား၈၀၀ လောက်နဲ့ဖွဲ့စည်းထားတဲ့ ဓါတ်ပုံပေါင်း ၁၅-၂၀ ပါဝင်ပါတယ်။ ပုံမှန်မဂ္ဂဇင်းမှာတော့ ပုံကသုံးပုံလောက်နဲ့ စာသားက10,000 လောက်ရှိပါတယ်။

၅။ Content တွေအတွက် “Bookification” ကို အသင့်ပြင်ထားပါ

Rymill ရဲ့ နောက်ဆုံးပေါ်ပရောဂျက်ကတော့ “4-hour Chef” ဖြစ်ပါတယ်။ တိတိကျကျပြောရမယ်ဆိုရင်တော့ Kindle Fire အတွက် လုပ်ဆောင်နေတာပါ။ အခမဲ့app ဖြစ်ပြီးတော့ တက်ဘလက်အသုံးပြုသူတွေအတွက် ဒီဇိုင်းထုတ်ထားတဲ့ app ဖြစ်တာမို့ အရသာကောင်းကောင်းခံနိုင်ပါတယ်။ သူ့မှာ combo cookbook ၊ diet နဲ့ exercise စာအုပ်တွေကြောင့် လိုချင်တဲ့ပုံစံကို ပြောင်းနိုင်ဖို့ အကူအညီပေးပါလိမ့်မယ်။