Samsung Galaxy S8 ထက် ဈေးနှုန်းသက်သာတဲ့ clone ဖုန်းငါးမျိုး

0
416

မကြာသေးခင်အပတ်ကပဲ Samsung Galaxy S9 ကတော့ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့် အရင်မျိုးဆက်ဖြစ်တဲ့ flagship Galaxy S8 ကတော့ ဈေးလျှော့တော့မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း Galaxy S8 ကို eBay မှာဝယ်မယ်ဆိုရင်တော့ $500 ပေးရဦးမှာပါ။ ဘတ်ဂျက်တော့ အတော်လေးထိခိုက်နိုင်ပါတယ်။ ဒါပေမယ့်လည်း Galaxy S8 လိုပုံစံကိုကြိုက်နေတယ်ဆိုရင်တော့ ရွေးချယ်စရာလေးတွေရှိပါတယ်။

တရုတ်ဖုန်းထုတ်လုပ်သူတွေကို တစ်ချက်ကြည့်လိုက်ပါ။ Galaxy S8 ဟာ ၂၀၁၇မှာ စတင်ရောက်ရှိခဲ့ပြီး တရုတ်နိုင်ငံ clone တွေကလည်း မနှစ်ကတည်းက ထွက်ပေါ်ခဲ့တာပါ။ ပြောရမယ်ဆိုရင်တော့ အတော်လေးကို ကျက်သရေရှိပါတယ်။ ဒါပေမယ့် မူရင်းအချက်အလက်တွေနဲ့ အရည်အသွေးတွေကိုတော့ မှန်းထားလို့မရဘူးပေါ့။

Galaxy S8 သွင်ပြင်ရှိတဲ့ စမတ်ဖုန်းတွေကို စာရင်းပြုစုခဲ့ပါတယ်။ အဲဒီအထဲကမှ တချို့ကလည်း Galaxy S9 ကိုတောင် clone လုပ်ကြဦးမယ့်သဘောမှာ ရှိနေပါတယ်။ fingerprint scannerကို ကင်မရာ sensor အောက်မှာထားခဲ့တာကတော့ မျှော်မှန်းထားတဲ့အတိုင်းပါပဲ။

ပေါက်ကြားထားတဲ့ပုံတွေက မှန်ကန်မယ်ဆိုရင်တော့ Galaxy S9 ရဲ့ ဒီဇိုင်းကတော့ အတော်လေးပြောင်းလဲသွားမှာပါ။ နောက်ပြီး clone တွေကိုလည်း မြင်ရနိုင်တော့မှာပါ။

Bluboo S8

Bluboo S8 ကတော့ Galaxy S8 clone တွေထဲမှာ ပထမဆုံးထွက်လာခဲ့တဲ့ဖုန်းပါ။ အဲဒီဖုန်းမှာ 5.7-inch display ၊ 18:9 aspect ratio ၊ 1440 x 720 resolution ပါဝင်ပါတယ်။ octa-core 1.5GHz MediaTek MT6750T processor ကိုအားပြုထားပြီး 3GB RAM နဲ့ 32GB storage တို့ကလည်း အားဖြည့်ကူညီထားပါတယ်။

Galaxy S8 နဲ့မတူတာကတော့ အနောက်ဘက်မှာ dual ကင်မရာကိုတပ်ဆင်ထားပြီးတော့ 13-megapixel sensor နဲ့ 3-megapixel တို့ကိုအသုံးပြုထားပါတယ်။ ဒါ့အပြင် အရှေ့ဆယ်လ်ဖီကင်မရာအတွက်ကတော့ 5-megapixel ဖြစ်ပါတယ်။

Bluboo မှာ USB Type-C connectivity ပါဝင်ပြီးတော့ 3,450 mAh ဘတ်ထရီလည်း သုံးထားပါတယ်။ Android 7.0 Nougat ကို သုံးထားပါသေးတယ်။

ဈေးနှုန်းလေးကတော့ $134.99 ဖြစ်ပါတယ်။

Blackview S8

နောက်တစ်ခုကတော့ Blackview S8 ဖြစ်ပါတယ်။ Bluboo နဲ့မတူတာကတော့ ကင်မရာလေးလုံးပါဝင်ခြင်းပါ။

အဲဒီဖုန်းမှာ 5.7-inch display ၊ 1440 x 720 resolution နဲ့ MediaTek MT6750T processor ၊ 4GB RAM ၊ 64GB internal storage တို့ကို အသုံးပြုထားပါတယ်။

Blackview S8 မှာ 8-megapixel+0.3-megapixel ကင်မရာကို အရှေ့ဘက်မှာတပ်ဆင်ထားပြီး အနောက်ဘက်မှာတော့ 13-megapixel+0.3-megapixel sensor ကို အသုံးပြုထားပါတယ်။ 3,180 mAh ဘတ်ထရီပါဝင်ပြီးတော့ Android 7.0 Nougat ကို အသုံးပြုထားပါတယ်။ Android 8.0 Oreo update ရမလားဆိုတာကတော့ မသိသေးပါဘူး။

Gearbest  ကနေ $162.99 နဲ့ ရနိုင်ပါတယ်။

Umidigi S2

ပိုကြီးတာကိုလိုချင်တာလား။ Umidigi S2 ကတော့ သင်ရှာနေတဲ့ Galaxy S8 clone ဖြစ်နိုင်ပါတယ်။ 6-inch display ၊ 720 x 1440 resolution နဲ့ phablet ဒီဇိုင်းဖြစ်ပြီးတော့ MediaTek Helio P20 processor ၊ 2.3GHz တို့က ကျေနပ်စေမှာပါ။

အဲဒီဟန်းဆက်မှာ 4GB RAM ၊ 32GB storage နဲ့ dual-camera setup (13-megapixel+5-megapixel) ကိုတော့ အနောက်ဘက်မှာ တပ်ဆင်ထားပါတယ်။ ဆယ်လ်ဖီအတွက်ကတော့ 5-megapixel ကို အသုံးပြုထားပါတယ်။

ဖုန်းကပိုကြီးလာတဲ့အတွက်ကြောင့် ဘတ်ထရီကလည်း 5,100 mAh ကို အသုံးပြုထားပါတယ်။ full-metal ကိုယ်ထည်ဖြစ်ပြီးတော့ Android 6.0 Marshmallow ကို အသုံးပြုထားတဲ့အတွက် နည်းနည်းတော့ စိတ်ပျက်စရာပါပဲ။ S2 ကိုတော့ အနက်နဲ့ အနီဗားရှင်းအဖြစ်ရနိုင်ပြီး ဈေးနှုန်းကတော့ $189.99 ဖြစ်ပါတယ်။

Homtom S8

Homtom S8 ကတော့ Blackview S8 ရဲ့ အချက်အလက်အများစုကို ယူထားပါတယ်။ အရှေ့ကင်မရာနှစ်လုံးကလွဲလို့ပေါ့။ 5.7-inch display ၊ HD+ resolution ၊ 1.5GHz MediaTek MTK6750T processor ၊ 4GB RAM နဲ့ 64GB storage တို့ကို တွေ့မြင်ရမှာပါ။

အနောက်ဘက်မှာတော့ 16-megapixel နဲ့ 5-megapixel တို့ကိုအသုံးပြုထားပြီးတော့ အရှေ့မှာ 13-megapixel ကို ထည့်သွင်းပေးထားပါတယ်။

3,400 mAh ဘတ်ထရီကို တပ်ဆင်ထားပြီး Android 7.0ကို ထည့်သွင်းပေးထားပါတယ်။ Homtom  ကနေ၀ယ်ယူနိုင်ပြီး ဈေးနှုန်းကတော့ $149.99 ဖြစ်ပါတယ်။

Meiigoo S8

အကောင်းဆုံး clone ကတော့ Meiigoo S8 ပါပဲ။ 6.1-inch display ၊ ဖော်ပြခဲ့သမျှထဲမှာ အကောင်းဆုံး 2,160 x 1080 pixels တို့ကို ခံစားနိုင်မှာပါ။

1.5GHz MediaTek MT6750T chipset နဲ့ အားဖြည့်ထားပြီးတော့ 4GB RAM ၊ 32GB internal storage တို့လည်း ပါဝင်ပါတယ်။ အပေါ်ကဖုန်းတွေလိုပဲ Meiigoo S8 မှာ dual-camera setup (13-megapixel+5-megapixel) ကို အနောက်ဘက်မှာအသုံးပြုထားပါတယ်။ ဆယ်လ်ဖီအတွက်ကတော့ 5-megapixelထည့်ပေးထားပါတယ်။

6.1-inch display ကို စွမ်းအားပေးနိုင်ဖို့ 3,300 mAh ဘတ်ထရီကို အသုံးပြုထားပြီးတော့ Android 7.0 Nougat ကို သွင်းပေးထားပါတယ်။

ဈေးနှုန်းလေးကတော့ $179.99 ဖြစ်ပါတယ်။