Dual-curved ဒီဇိုင္းနဲ႔ Meizu 15 Plus ရဲ႕ ဓါတ္ပံုမ်ားထြက္ေပၚလာ

0
642

Meizu 15 Plus ရဲ႕ သတင္းအခ်က္အလက္နဲ႔ ဓါတ္ပံုမ်ားယခင္ႏွစ္ ဒီဇင္ဘာလကတည္းကထြက္ေပၚေနပါတယ္။ အခုလည္း Glass Screen Protector မ်ားပါတဲ့ သူ႔ရဲ႕ ဓါတ္ပံုမ်ားေပါက္ၾကားထြက္ေပၚလာပါတယ္။ သူ႔ရဲ႕ မ်က္နွာျပင္ဟာဘယ္နဲ႔ ညာဘက္ေထာင့္မ်ားမွာအေကြးပံုသ႑ာန္ ရွိတဲ့ Dual-curved Design ျဖစ္ပါတယ္။ မ်က္ႏွာျပင္ရဲ႕ အထက္နဲ႔ ေအာက္မွ ေဘာင္မ်ားဟာလည္းအလြန္ပါးလႊာပါတယ္။

Meizuဟာဒီႏွစ္ထဲမွာကုမၸဏီသက္တမ္း ၁၅ ႏွစ္ျပည့္မွာ ျဖစ္ပါတယ္။ အဲဒီအတြက္ ကုမၸဏီက ၁၅ ႏွစ္ျပည့္ အထူးထုတ္ စမတ္ဖုန္းအသစ္ တစ္လံုးကိုတီထြင္ေနတဲ့ သတင္းမ်ားစြာလည္းထြက္ေပၚခဲ့ဖူးပါတယ္။ သူ႔ရဲ႕ အမည္ကေတာ့ Meizu 15 Plus ျဖစ္ၿပီးQualcomm Snapdragon 845 Chipset သို႔မဟုတ္Exynos 8895 Chipsetထည့္သြင္းထားတဲ့ စြမ္းေဆာင္ရည္ျမင့္ စမတ္ဖုန္း ျဖစ္ႏုိင္ပါတယ္။

ယခင္ထြက္ေပၚခဲ့ဖူးတဲ့ ဓါတ္ပံုမ်ားအရမ်က္ႏွာျပင္ရဲ႕ ဘယ္၊ ညာနဲ႔ ေအာက္ ဟာေဘာင္ေပ်ာက္ဒီဇိုင္း ျဖစ္ၿပီးအေပၚထိပ္မွာေတာ့ ကင္မရာနဲ႔ Earpiece တို႔ တပ္ဆင္ထားတဲ့ ပါးလႊာတဲ့ ေဘာင္ေလးသာပါပါတယ္။ Meizu M6s မွာလို Dual-Rear Camera မ်ားနဲ႔ 10-LED Flash တစ္လံုးကိုအေနာက္ ဘက္မွာတပ္ဆင္ထားပါတယ္။ Meizu M6s ရဲ႕ ေဘးဘက္မွာလက္ေဗြရာ ကိရိယာအတြက္ ခလုတ္တစ္ခုကိုသီးျခားတပ္ဆင္ေပးထားပါတယ္။ သူ႔မွာေတာ့ အဲဒီခလုတ္ မပါသလိုအေရွ႕နဲ႔ အေနာက္ဘက္မွာလည္း လက္ေဗြရာကိရိယာမေတြ႕ရပါဘူး။

Apple ရဲ႕ Face ID လိုမ်က္ႏွာအာရံုခံနည္းပညာထည့္ေပးထားႏုိင္ပါတယ္။ ဒါမွမဟုတ္ မ်က္နွာျပင္ေအာက္မွာလက္ေဗြရာကိရိယာကို ျမဳွပ္ႏွံထားႏုိင္ပါ တယ္။ Meizu 15 ကိုယြမ္ ၂၉၉၉ နဲ႔ 15 Plus ကိုယြမ္ ၃၄၉၉ ၀န္းက်င္ျဖင့္ ေရာင္းခ်ႏုိင္ပါတယ္။ ေဒၚလာအားျဖင့္ ၄၅၀ နဲ႔ ၅၃၀ အၾကားက်သင့္မွာပါ။ မတ္လမွာသူ႔ကိုေရာင္းခ်မယ္လို႔ မီဇူးရဲ႕ တည္ေထာင္သူ Jack Wong က အတည္ျပဳထားပါတယ္။

unicode version

Dual-curved ဒီဇိုင်းနဲ့ Meizu 15 Plus ရဲ့ ဓါတ်ပုံများထွက်ပေါ်လာ

Meizu 15 Plus ရဲ့ သတင်းအချက်အလက်နဲ့ ဓါတ်ပုံများယခင်နှစ် ဒီဇင်ဘာလကတည်းကထွက်ပေါ်နေပါတယ်။ အခုလည်း Glass Screen Protector များပါတဲ့ သူ့ရဲ့ ဓါတ်ပုံများပေါက်ကြားထွက်ပေါ်လာပါတယ်။ သူ့ရဲ့ မျက်နှာပြင်ဟာဘယ်နဲ့ ညာဘက်ထောင့်များမှာအကွေးပုံသဏ္ဍာန် ရှိတဲ့ Dual-curved Design ဖြစ်ပါတယ်။ မျက်နှာပြင်ရဲ့ အထက်နဲ့ အောက်မှ ဘောင်များဟာလည်းအလွန်ပါးလွှာပါတယ်။
Meizuဟာဒီနှစ်ထဲမှာကုမ္ပဏီသက်တမ်း ၁၅ နှစ်ပြည့်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် ကုမ္ပဏီက ၁၅ နှစ်ပြည့် အထူးထုတ် စမတ်ဖုန်းအသစ် တစ်လုံးကိုတီထွင်နေတဲ့ သတင်းများစွာလည်းထွက်ပေါ်ခဲ့ဖူးပါတယ်။ သူ့ရဲ့ အမည်ကတော့ Meizu 15 Plus ဖြစ်ပြီးQualcomm Snapdragon 845 Chipset သို့မဟုတ်Exynos 8895 Chipsetထည့်သွင်းထားတဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း ဖြစ်နိုင်ပါတယ်။
ယခင်ထွက်ပေါ်ခဲ့ဖူးတဲ့ ဓါတ်ပုံများအရမျက်နှာပြင်ရဲ့ ဘယ်၊ ညာနဲ့ အောက် ဟာဘောင်ပျောက်ဒီဇိုင်း ဖြစ်ပြီးအပေါ်ထိပ်မှာတော့ ကင်မရာနဲ့ Earpiece တို့ တပ်ဆင်ထားတဲ့ ပါးလွှာတဲ့ ဘောင်လေးသာပါပါတယ်။ Meizu M6s မှာလို Dual-Rear Camera များနဲ့ 10-LED Flash တစ်လုံးကိုအနောက် ဘက်မှာတပ်ဆင်ထားပါတယ်။ Meizu M6s ရဲ့ ဘေးဘက်မှာလက်ဗွေရာ ကိရိယာအတွက် ခလုတ်တစ်ခုကိုသီးခြားတပ်ဆင်ပေးထားပါတယ်။ သူ့မှာတော့ အဲဒီခလုတ် မပါသလိုအရှေ့နဲ့ အနောက်ဘက်မှာလည်း လက်ဗွေရာကိရိယာမတွေ့ရပါဘူး။
Apple ရဲ့ Face ID လိုမျက်နှာအာရုံခံနည်းပညာထည့်ပေးထားနိုင်ပါတယ်။ ဒါမှမဟုတ် မျက်နှာပြင်အောက်မှာလက်ဗွေရာကိရိယာကို မြုှပ်နှံထားနိုင်ပါ တယ်။ Meizu 15 ကိုယွမ် ၂၉၉၉ နဲ့ 15 Plus ကိုယွမ် ၃၄၉၉ ၀န်းကျင်ဖြင့် ရောင်းချနိုင်ပါတယ်။ ဒေါ်လာအားဖြင့် ၄၅၀ နဲ့ ၅၃၀ အကြားကျသင့်မှာပါ။ မတ်လမှာသူ့ကိုရောင်းချမယ်လို့ မီဇူးရဲ့ တည်ထောင်သူ Jack Wong က အတည်ပြုထားပါတယ်။

SM(MMAS)