Google Android 9.0 P အကြောင်း ကြိုတင်ခန့်မှန်းကြည့်ခြင်း

0
1640

Android Pez? Pie? Popsicle? ဘယ်လိုပဲတွေဖြစ်လာမလဲ P တစ်လုံးတည်းနဲ့ ခန့်မှန်းရတာလွယ်တော့မလွယ်ဘူး။

Android ဟာ ကမ္ဘာပေါ်ကစမတ်ဖုန်းအများစုမှာ အသုံးပြုနေကြတာပါ။ Google ဟာ လူသုံးများနေတဲ့ OS ကို tip-top ပုံစံနဲ့သွားနေတယ်ဆိုတာ အံ့သြစရာတော့မကောင်းပါဘူး။ သင့်ရဲ့ဟန်းဆက်မှာ နောက်ဆုံးဗားရှင်းရနိုင်ဖို့အတွက်ကတော့ အတော်လေးကြာဦးမှာပါ။ ဒါပေမယ့်လည်း တဖြည်းဖြည်းနဲ့တော့ ရောက်လာမှာမဟုတ်လား။ ဒါပေမယ့်လည်း နောက်ဆုံးဗားရှင်းကလည်း မကြာခင်မှာ ရောက်လာတော့မှာပါ။ Android 9.0 P အကြောင်းကလည်း အင်တာနက်မှာ ပျံ့နှံ့နေပါပြီ။

သွားရည်စာနာမည်လေးတွေနဲ့ Google က တစ်ချိန်လုံးဖမ်းစားထားတာပါ။ ဒီတော့ ဘာနာမည်တွေ ဖြစ်လာမလဲ။ ဘယ်လို feature တွေကို Android 9.0 မှာ Google  က ထည့်ပေးထားမလဲ။ သိလိုသမျှအရာတွေကို သိသမျှတင်ပြထားပါတယ်။

Android P ကို ဘယ်လိုခေါ်ကြမလဲ

Google မှာက အမြဲတမ်း သွားရည်စာတွေပဲ စဉ်းစားနေတာဖြစ်ပြီးတော့ Android version တွေကလည်း သူတို့ရဲ့ ကိုယ်ပိုင်သွားရည်စာကိုဦးတည်ထားတဲ့ နာမည်လေးတွေနဲ့ ထွက်ရှိပေးထားခဲ့တာပါ။ ကျွန်တော်တို့တွေ နောက်ကိုပြန်ကြည့်လိုက်ပါ။ Oreo ၊ Nougat ၊ Marshmallow ၊ Lollipop နဲ့ အများကြီးပါပဲ။

ဒီတော့ Android P ကရော ဘယ်လိုဖြစ်မလဲ။ မသိသေးပါဘူး။ ကျွန်တော်တို့မှာ Google က အရိပ်ပြထားတာလေးရှိပါတယ်။ အဲဒါကတော့ P တစ်လုံးတည်းပါ။ ဒါပေမယ့် P နဲ့စတဲ့ စကားလုံးတွေကလည်း အများသား။

Bloomberg ပြောတာကတော့ “Pistachio Ice Cream” လို့ခေါ်မှာပါ။ ဒါပေမယ့် အဲဒီနာမည်နဲ့ဈေးကွက်တော့ ရောက်မလာလောက်ပါဘူး။ ခေါ်ရတာ ထောက်လိုက်မယ့်ဖြစ်ခြင်း။

Android 9.0 Popsicle ကတော့ ခေါ်ရတာကောင်းမယ်လို့ ထင်ပါတယ်။ နောက်ပြီး pie၊ parfait ၊ praline ဒါမှမဟုတ် panna cotta လို့လည်း စဉ်းစားနိုင်ပါသေးတယ်။ Oreo ၊ KitKat လို့ခေါ်တဲ့အစဉ်အတိုင်းတွေကို စဉ်းစားကြည့်ရင် Android Pez လို့လည်း ခေါ်နိုင်ပါတယ်။

Android P ဘယ်တော့ထွက်လာမှာလဲ

Android 8.0 Oreo ကတော့ မျှော်လင့်ထားတာထက်ကို ပိုစောပြီး ထွက်လာခဲ့ပါတယ်။ beta versionကို March မှာ ထွက်ခဲ့ပြီးတော့ full ဗားရှင်းကတော့ August မှာ ထွက်ခဲ့ပါတယ်။ ဒါဟာ အရင်ဗားရှင်းတွေထက် လပေါင်းများစွာ စောခဲ့တာပါ။ ဒါကြောင့် Google ဟာ OS ဗားရှင်းအသစ်တွေကို developer တွေနဲ့ စမ်းသပ်သူတွေဆီကို မြန်နိုင်သမျှ မြန်အောင် ပို့ဆောင်ပေးနေတယ်ဆိုတာ ဖော်ပြနေတာပါ။

Android 9.0 ကိုရော အဲဒီလိုစောစောမြင်ရမှာလား။ ပေါက်ကြားလာမှုတွေကို ကြည့်လိုက်ခြင်းအားဖြင့် beta ကို နောက်လအနည်းငယ်လောက်မှာ မြင်ရတော့မှာပါ။

ဟုတ်ပါတယ်။ Android version အသစ်ကိုတော့ သင့်ဖုန်းအတွက် သက်ဆိုင်ရာလမ်းကြောင်းတွေကနေ ပေးမှာမဟုတ်ပါဘူး။ စမတ်ဖုန်းထုတ်လုပ်သူတွေအနေနဲ့ လက်ရှိမှာ Android Oreo ကို အသုံးပြုနေတဲ့ စမတ်ဖုန်းတွေဟာ ၁.၁% ပဲ ရှိနေပါသေးတယ်။

သင့်မှာ ဖုန်းအသစ်ရှိမယ်ဆိုရင်တော့ Android 9.0 တရားဝင်ထွက်ရှိပြီးရင်တောင် လပေါင်းများစွာစောင့်ရဦးမှာပါ။ ကံကောင်းတာကတော့ Google ရဲ့ Pixel တွေကတော့ pure Android update ဖြစ်တာမို့ချက်ချင်းရနိုင်ပါတယ်။

Android P မှာ ဘယ်လို feature တွေပါလာမလဲ

Android P မှာ icon အသစ်တွေနဲ့ဒီဇိုင်းတွေဟာ iOS ပုံစံလိုမျိုးဖြစ်လာနိုင်ပါတယ်။ အတိအကျမဟုတ်ပေမယ့်လည်း “dramatic redesign” လို့တော့ Bloomberg က တင်ပြထားပါတယ်။  iOS 11 ကတော့ feature တွေအရမ်းပြောင်းလဲလာမယ်လို့ မျှော်လင့်ထားလို့မရပါဘူး။

Android 9.0 မှာ iPhone X လိုမျိုးအဟိုက်လေးပါလိမ့်မယ်လို့လည်း ပြောနေကြပါတယ်။ Essential Phone လိုမျိုးနဲ့လည်း တူပါတယ်။ Huawei P20 Plus နဲ့ Lenovo Moto X5 တို့မှာလည်း အဲလိုထွက်လာနိုင်ပါတယ်။ Android P မှာ ခေါက်နိုင်တဲ့ screen နှစ်ဖက် စမတ်ဖုန်းတွေကိုလည်းထောက်ပံ့ပေးလာနိုင်ပါတယ်။

Google Assistant ဟာ Android P မှာ ပိုကောင်းလာနိုင်ပါတယ်။ OS အပိုင်းမှာပိုကောင်းလာမှာဖြစ်သလို၊ app တွေနဲ့ပူးပေါင်းနိုင်မှုမှာလည်း developer တွေအတွက်အဆင်ပြေလာစေမှာပါ။ home screen search bar ကိုလည်း Google Assistant နဲ့ ပေါင်းစပ်ထားနိုင်ပါတယ်။