ရေစိမ်ခံ 4K action ကင်မရာကို ဒေါ်လာ50နဲ့ရနိုင်မယ့် Amazon ရဲ့ flash sale

0
1065

Aukey 4K Waterproof Action Camera ကတော့ ပုံမှန်အားဖြင့် ဒေါ်လာ70 ပါ။ အခြားသောကင်မရာတွေဆိုရင်လည်း အဲလောက်ဈေးကြီးပါတယ်။ GoPro ရဲ့ HERO6 Black ကတော့ ဒေါ်လာ400 ရှိပါတယ်။ Aukey မော်ဒယ်လ်ကတော့ ခန့်ညားတဲ့ 4K  ဗွီဒိယိုတွေကိုရိုက်ကူးနိုင်စေပြီးတော့ ဆက်စပ်ပစ္စည်းတွေကလည်း ၁၅မျိုးလောက်ရှိတာမို့ လိုချင်ရင် ထပ်မံဝယ်ယူနိုင်ပါသေးတယ်။

အရမ်းမိုက်တာကတော့ မူလတန်ဖိုး ဒေါ်လာ70ကနေ  Amazon က $49.69 အထိ လျှော့ချရောင်းပေးနေတာပါ။ ဒါကြောင့် CXE65XK6 ကုဒ်လေးကို အသုံးပြုပြီးတော့ ၀ယ်ယူထားလိုက်ပါ။ action camera လိုချင်နေတယ်ဆိုရင်တော့ အချိန်ဆွဲမနေပါနဲ့တော့။

အားသာချက်လေးတွေကိုလည်း တစ်ချက်ကြည့်လိုက်ပါဦး

ကြည်လင်ပြတ်သားသော ရိုက်ချက်များ – 4K Ultra HD 25fps 12 Megapixel Action ကင်မရာ ကို 170° HD wide-angle fisheye lens နဲ့ ရရှိနိုင်ခြင်း၊ အရမ်းကိုကြည်လင်ပြတ်သားတဲ့ ဗွီဒီယိုတွေနဲ့ ဓါတ်ပုံတွေကို စွန့်စားခန်း၊ လုပ်ဆောင်ချက်တွေနဲ့ အားကစားစတဲ့အခြေအနေမျိုးစုံမှာ အသုံးချနိုင်ပါတယ်။

လိုအပ်ချက်တွေနဲ့ ကိုက်ညီနိုင်ခြင်း – ဆက်စပ်ပစ္စည်းလေးတွေလည်း အများအပြားရှိတာမို့ လုပ်ဆောင်ချက်တိုင်း၊ အခြေအနေတိုင်းအတွက် စိတ်ကြိုက်ပြင်ဆင်ခြယ်သနိုင်စေပါတယ်။

ဖုန်းနဲ့ချိတ်ဆက်ထားနိုင်ခြင်း – လွတ်လပ်ပြီးတော့ သက်တောင့်သက်သာရှိစေတာကတော့ ၀ိုင်ဖိုင်နဲ့ချိတ်ဆက်ပြီးတော့ ကင်မရာကို ကြည့်ရှုနိုင်ခြင်း၊ ထိန်းချုပ်ခြင်းတွေပြုလုပ်နိုင်ပါတယ်။ 2.4GHz wrist remote လည်း ပါဝင်ပါတယ်။

ကြံ့ခိုင်တဲ့ဒီဇိုင်း – ရေစိုခံအိတ်လေးကလည်း ၃၀မီတာ (၉၈.၄ပေ) ကို ဒိုင်ဗင်ထိုးတဲ့အခါ အသုံးပြုနိုင်ပါတယ်။ သင့်ရဲ့ကင်မရာကို မိုးရေ၊ ရွှံ့၊ သဲနဲ့ အခြားထိခိုက်မှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။

ပါဝင်မယ့်ပစ္စည်းများ – AUKEY Sports Action Camera ၊ Charging Dock အပါအ၀င် ဆက်စပ်ပစ္စည်း အမျိုး၂၀ကျော်၊ User Manual ၂၄လ အာမခံကဒ်