စမတ်ဖုန်းတွေမှာ သုံးဖို့ Cake Browser review

0
1032

စမတ်ဖုန်းကိုအသုံးပြုတယ်ဆိုတာကတော့ notebook ဒါမှမဟုတ် desktop အသုံးပြုခြင်းကနေ ခြားနားပါတယ်။ အခုအချိန်အထိ mobile web browser တွေဟာ desktop ဗားရှင်းရဲ့ မီနီအနေနဲ့သာ ရှိနေသေးတာပါ။

အဲဒီလိုဖြစ်ရပ်တွေကို ခွဲထါက်လာဖို့ကြိုးစားခဲ့တာကတော့ အများသိတဲ့ Opera Coast ပါပဲ။ သူကလည်း ပျောက်သွားပါပြီ။ ဒါပေမယ့်စိတ်ကျေနပ်စရာကောင်းတဲ့ Cake Browser ကတော့ လက်ရှိသုံးနေတဲ့ Safari နဲ့ Chrome ကိုလွှင့်ပစ်လိုက်လို့ ရပါပြီ။

အကြံကောင်း – browsing experience တစ်ခုလုံးကို Google ရဲ့ I Feel Lucky button အဖြစ် ပြောင်းလိုက်ပါ။

သူ့ရဲ့အလုပ်လုပ်ပုံတစ်မျိုးပါ။

Cake ဟာ search screen အနေနဲ့စတင်မြင်ရမှာဖြစ်ပါတယ်။ တစ်ခုခုကိုရိုက်လိုက်ပြီးတော့ search ကိုနှိပ်လိုက်ပါ။ browser ဟာ သက်ဆိုင်ရာပေ့ခ်ျကို ခေါ်သွားမှာဖြစ်ပြီး background tab တွေကိုလည်းလုပ်ဆောင်ပေးပါတယ်။ သူတို့တွေကိုလည်း ပြောင်းလဲဖွင့်နိုင်ပါသေးတယ်။

စစချင်းမှာတော့ ထူးဆန်းသလိုဖြစ်နေပြီးတော့ ရံဖန်ရံခါမှာ စိတ်အနှောင့်အယှက်ဖြစ်ပါတယ်။ ‘Iceland’ လို့ရိုက်လိုက်ပြီးတော့ Reykjavík ဆီကို ခရီးသွားဖို့အတွက် tip လေးတွေရှာကြည့်တဲ့အခါမှာ အနီးနားမှာရှိတဲ့ စူပါမားကတ်တွေကိုပါ မြင်ရပါတယ်။

ဒါဟာ အားသာချက်တွေပါပဲ။ ၀က်ဘ်ပေ့ခ်ျတွေကို ကြည့်နေရင်းနဲ့ standard results page တွေကိုမြင်ရမှာမဟုတ်ပါဘူး။ normal results list ကိုလိုချင်တယ်ဆိုရင်တော့ search လုပ်ပြီးသွားရင် ဘယ်ဘက်ကနေ ဆွဲလိုက်ရုံပါပဲ။ သူ့ရဲ့အားသာချက်ကတော့ သုံးကြည့်တဲ့အခါ search လုပ်ရတာကိုလွယ်ကူအောင် လုပ်ပေးထားတာပါ။ လင့်တစ်ခုချင်းကို လိုက်နှိပ်နေစရာမလိုဘဲ ဘေးကိုဆွဲလိုက်တာနဲ့ tab လေးတွေပြောင်းသွားမှာပါ။ ကျွန်တော်ကတော့ အဲဒီ feature ကို အရမ်းကြိုက်ပါတယ်။

Cake ဟာ shortcuts တွေကိုအသုံးပြုထားတဲ့အတွက်ကြောင့် search လုပ်တဲ့နေရာမှာလည်း တိကျစွာ၊ မြန်ဆန်စွာ လုပ်ဆောင်ပေးနိုင်ပါတယ်။ ကြီးမားပြီးတော့ ကာလာစုံတဲ့ခလုတ်တွေက သင့်ကိုဗွီဒီယို၊ ဓါတ်ပုံ၊ သတင်းနဲ့ ရှော့ပင်း စတာတွေကို တိုက်ရိုက်ခေါ်ဆောင်သွားမှာပါ။ ဒါကြောင့် loading လုပ်တာနှေးနေရင်တောင်မှ သေသပ်တဲ့ဒီဇိုင်းကို တွေ့မြင်ရမှာပါ။ သဘောကတော့ စာတွေပုံတွေမမြင်ရသေးခင်မှာ ဘောင်လေးတွေကို အရင်မြင်ရတဲ့အတွက် နည်းနည်းတော့ စိတ်ချမ်းသာတာပေါ့လေ။ မြင်နေကြ loading အ၀ိုင်းမဟုတ်သလို၊ အဖြူရောင်ဗြောင်လည်း မဟုတ်ပါဘူး။

အားနည်းချက်လေးတွေလား ရှိတာပေါ့။ customization နည်းနည်းပဲလုပ်နိုင်ပါတယ်။ အချက်အလက်ခိုးယူမှုအတွက်ကတော့ သံသယရှိပါတယ်။ ပြီးတော့ built-in search engine အနေနဲ့ add လို့မရပါဘူး။

လူအများစုကတော့ DuckDuckGo က ကောင်းပေမယ့်လည်း Google နဲ့ Bing လောက် အသုံးမပြုကြပါဘူး။ ဒါပေမယ့် ယူကေမှာရှော့ပင်းထွက်တဲ့အခါ eBay ၊ Google တို့ကို ကန့်သတ်ထားပါတယ်။

Cake Browser ဟာ Chrome ၊ Safari ကနေ ခွဲထွက်သွားလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ သူတို့က ရင့်ကျက်နေပြီ။ feature စုံတယ်၊ မြန်ဆန်တယ်။ ဒါပေမယ့် Cake ဟာ အဲလိုတွေမလုပ်နိုင်လို့ ဒေါင်းလုတ်မဆွဲရတော့ဘူးလား။

Cake ဟာ အားနည်းချက်တွေရှိနိုင်ပြီးတော့ အခြား browserတွေက feature တွေ ခိုးယူသွားလိမ့်မယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် သူပေးထားတာက အသစ်အဆန်း၊ အင်တာနက်နဲ့ ထိတွေ့မှုကို ပျော်ရွှင်ဖွယ်ဖြစ်စေတဲ့အတွက်ကြောင့် စမတ်ဖုန်းတွေအတွက်တော့ ခံစားမှုအသစ်ရနိုင်မှာပါ။

ဒါလေးက သင့်ကို လည်ပတ်ဖို့ ၊ ခံစားမှုအသစ်တွေရရှိဖို့အတွက် နေရာသစ်တွေကိုရှာဖွေတဲ့နေရာမှာ အကူအညီဖြစ်စေပြီးတော့ ဒါလေးကသူ့ကို အားသာသွားစေပါတယ်။

Cake Browser ကို Android ရော iOS မှာပါ အသုံးပြုနိုင်ပါပြီ။