April 2018 မှာ Android Oreo ကို beta test ပြုလုပ်မည်

0
1053

သင်က Vivo စမတ်ဖုန်းသုံးစွဲသူတစ်ယောက်ဆိုရင် Android 8.0 Oreo ပေးမယ့်သတင်းကိုစောင့်နေတာဖြစ်ရင်ဖြစ် ဒါမှမဟုတ် ဘယ်အချိန်ပေးမယ်ဆိုတာကို စောင့်နေတာဖြစ်နိုင်ပါတယ်။ သတင်းကောင်းကတော့ Vivo ဟာ Android Oreo အတွက် beta test လုပ်နေကြောင်း ကြေညာလိုက်ပါပြီ။ Vivo X20 နဲ့စတင်ပြီးတော့ April 2018 မှာ ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

Vivo ဟာ ဥရောပနဲ့ ယူအက်စ်မှာ နာမည်မကြီးသေးပါဘူး။ သူတို့ကတော့ အာရှနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံဈေးကွက်တွေကို သိမ်းပိုက်ထားပါတယ်။ ဒါပေမယ့် ပထမဆုံးမျက်နှာပြင်အောက်မှာလက်ဗွေစနစ်ပါတဲ့ဖုန်းဆိုပြီးတော့ သတင်းတက်လာတာမို့ ကြားချင်ကြားဖူးနိုင်ပါတယ်။ ဒါတွေကထားလိုက်ပါ။ Vivo သုံးစွဲသူတွေကတော့ Oreo ကို တင်နိုင်တော့မှာပါ။ Vivo ဟာ သူ့ရဲ့ ကိုယ်ပိုင် Android skin FuntouchO ကိုအသုံးပြုနေတာဖြစ်ပြီးတော့ Android Oreo အထိ upgrade လုပ်နိုင်တော့မှာပါ။

April 2018 မှာတော့ Vivo X20 က ပထမဆုံးရရှိမှာပါ။ Oreo upgrade အတွက်စမ်းသပ်တဲ့အထဲမှာ Vivo X20 Plus ၊ Vivo X9s ၊ Vivo X9s Plus ၊ Vivo X Play 6 ၊ Vivo X9 နဲ့ Vivo X9 Plus ဆိုပြီးတော့ စုစုပေါင်းခုနှစ်ခု ရရှိမှာပါ။

Vivo မှာ ဒီထက်မကတဲ့ဖုန်းတွေရှိပါတယ်။ ဒါပေမယ့်လည်း နောက်ထပ် ဘယ်ဖုန်းတွေကို ထပ်ပေးမလဲဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။