နောက်ထပ်ဖုန်းတွေမှာ မျက်နှာပြင်တွေကို စိန်နဲ့လုပ်တော့မယ်ဆို

0
85

ဖုန်းမှန်ကွဲတယ်ဆိုတာ အတိတ်မှာထားခဲ့ရမယ့်အရာ ဖြစ်လာနိုင်ပါတယ်။ယူအက်စ်စမတ်ဖုန်းအပိုပစ္စည်းထုတ်လုပ်တဲ့ ထုတ်လုပ်သူတစ်ယောက်ကတော့ စိန်နဲ့ပြုလုပ်ထားတဲ့မျက်နှာပြင်ကို စတင်ထုတ်လုပ်နေပါပြီ။

မှန်ကိုစတင်စမ်းသပ်နေတဲ့သူကတော့ Akhan Semiconductor ဖြစ်ပြီးတော့ အဲဒီနည်းပညာဟာ ၂၀၁၉ မှာ အသက်ဝင်လာမှာဖြစ်ပါတယ်။ဘယ်စမတ်ဖုန်းထုတ်လုပ်သူနဲ့ လက်တွဲလုပ်ဆောင်နေသလဲဆိုတာကတော့ မပြောသေးပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာတော့ စမတ်ဖုန်းအပြင် fitness band လိုမျိုးပစ္စည်းတွေနဲ့ပါ ပူးပေါင်းသွားမယ်လို့ ပြောကြားထားပါတယ်။

Akhan ရဲ့ စိန်မျက်နှာပြင်တွေကိုတော့ ‘Miraj Diamond Glass’ လို့ခေါ်ဆိုပြီးတော့ ကွဲကြေခြင်းကို လျှော့ချပေးနိုင်တဲ့ random pattern ကိုအသုံးပြုထားတဲ့ ‘nanocrystal’ pattern ကို သုံးစွဲထားပါတယ်။

ဒါကြောင့် LED panel ဒါမှမဟုတ် sensorတွေစတဲ့အောက်ဘက်မှာရှိတဲ့အရာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ကိုယ်ပိုင်ဓါတ်ခွဲခန်းမှာ ဖန်တီးခဲ့တဲ့ nanocrystalline စိန်တွေကိုအသုံးပြုမယ့် Akhan ဟာ စိန်ကိုအခြေခံထားတဲ့ ပစ္စည်းတွေကို အထူးပြုလေ့လာနေပါတယ်။

Akhan နဲ့ပူးပေါင်းထားတဲ့ လုပ်ငန်းကတော့ လက်ရှိမှာ stress test နဲ့စမ်းသပ်ပြီးတော့ ကြံ့ခိုင်ရည်ကို တိုင်းတာနေပါတယ်။အထိအတွေ့ကိုလည်း ဘယ်လောက်အထိတုံ့ပြန်နိုင်သလဲဆိုတာကို စစ်ဆေးနေပြီးတော့ Gorilla Glass လိုမျိုးနဲ့ တွဲဖက်အသုံးပြုချိန်မှာ ဘယ်လောက်ကောင်းမွန်နိုင်မလဲဆိုတာကိုလည်း စမ်းသပ်နေပါတယ်။

“စိန်ကိုအသုံးပြုထားတဲ့ display တွေနဲ့ ကင်မရာစနစ်တွေဟာ ပိုမိုမာကျော တောင့်တင်းပြီးတာ့ touch နဲ့ပတ်သတ်ရင်လည်း ပါးလွှာပါတယ်။ ဒါ့အပြင် တကယ့်စိန်အစစ်ရဲ့ လှပကျက်သရေရှိမှုတွေကလည်း ပေါင်းစပ်နေပါသေးတယ်။”

Akhan ကတော့ အများအပြားမထုတ်နိုင်ခင်မှာ ကျော်လွှားရမယ့်အခက်အခဲတွေ အများကြီးရှိနေသေးကြောင်း ပြောဆိုခဲ့ပါတယ်။

ဖုန်းထုတ်လုပ်သူတွေအနေနဲ့ အလင်းဘယ်လိုပြန်သလဲဆိုတာမျိုးတွေ လေ့လာပြီးတော့ ထုတ်လုပ်မှုအပိုင်းအတွက် ပြင်ဆင်သင့်ပါတယ်။

ဖုန်းမျက်နှာပြင်တွေဟာ ရောင်ပြန်နှုန်းများတဲ့အတွက်ကြောင့် ကြည့်ရတာခက်ခဲပါတယ်။ဒါကြောင့် user experience ကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီးတော့ brightness ကိုလည်း တိုးသွားစေပြီးတော့ အကျိုးဆက်အနေနဲ့ဖုန်းရဲ့ဘတ်ထရီကိုလည်း ကျဆင်းစေနိုင်ပါတယ်။

စိန်မျက်နှာပြင်တွေဟာ ဖုန်းမျက်နှာပြင်နည်းပညာကို တိုးတက်လာစေနိုင်တယ်ဆိုပေမယ့်လည်း ဈေးကတော့ မနည်းမနောဖြစ်နိုင်ပါတယ်။မကြာမီအချိန်အတွင်းမှာထွက်ရှိလာတော့မယ့် high-end စမတ်ဖုန်းမော်ဒယ်လ်တွေမှာသာ အသုံးပြုနိုင်ချေရှိပါတယ်။

လက်ရှိဖုန်းမျက်နှာပြင်တွေကတော့ အလူမီနီယမ်၊ ဆီလီကွန်နဲ့ အောက်ဆီဂျင်တို့ကိုပေါင်းစပ်ထားတာပါ။ အများစုကတော့ Gorilla Glass ဆိုတဲ့ ကွဲကြေမှုကာကွယ်ထားတဲ့ coating ဒါမှမဟုတ် sapphire ခရစ်စတယ်မျက်နှာပြင်တွေကို အသုံးပြုထားကြပါတယ်။

Apple ဟာ Corning နဲ့လက်တွဲပြီးတော့ Gorilla Glass တွေကို iPhone မော်ဒယ်လ်တွေမှာ ဆက်လက်သုံးစွဲနေပါတယ်။အခြားသောလုပ်ငန်းတွေကလည်း Samsung ရဲ့ Galaxy S8 Active ၊ Motorola Moto Z2 Force တို့လိုမျိုး မှန်မကွဲဖုန်းတွေ ထွက်ရှိခဲ့ပါသေးတယ်။

ကျွမ်းကျင်သူတွေကတော့ စိန်ဟာ သဘာဝပစ္စည်းတွေထဲမှာ မာကျောမှုအရှိဆုံးဆိုတော့ ဒီကိစ္စကိုဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ယူဆထားကြပါတယ်။