Enterprise Gadget Trending

လက်နက်ကိုင် ဓါးပြတိုက်မှုကိုကာကွယ်ဖို့ ဖုန်းတွေကို Lock လုပ်သွားမယ့် Verizon

Verizon ကတော့ ရောင်းချပြီးရင် ပြန်ဖွင့်ပေးမှာပါ။ ဒါပေမယ့် မသေချာသေးပါဘူး။

Verizon Wireless ဟာ သုံးစွဲသူတွေကို ရောင်းချနေတဲ့ဖုန်းတွေကို lock လုပ်တော့မှာပါ။ ဒါဟာ အဲဒီဖုန်းတွေကို အခြားသောဆက်သွယ်ရေးလုပ်ငန်းတွေရဲ့ဆင်းကဒ်တွေနဲ့ အသုံးပြုခွင့်ကို ကာကွယ်ပိတ်ပင်လိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် Verizon ကတော့ သုံးစွဲသူတွေမ၀ယ်ခင်မှာ သူခိုးတွေရန်ကနေ ကာကွယ်တဲ့အနေနဲ့လုပ်ဆောင်တာဖြစ်ပြီး သုံးစွဲသူတွေဝယ်ယူပြီးနောက်ပိုင်းမှာတော့ unlock ပြုလုပ်ပေးမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မရှင်းလင်းတာတစ်ခုကတော့ သုံးစွဲသူတွေအနေနဲ့ သူတို့ဖုန်းကို unlock ဖြစ်ဖို့အတွက် ဘယ်လောက်စောင့်ရမလဲဆိုတာပါပဲ။ ပြီိးတော့ unlock လုပ်ဖို့အတွက် ဘယ်လိုအဆင့်တွေကိုလုပ်ဆောင်ရမလဲဆိုတာရောပါ။ သူတို့ရဲ့စတိုးဆိုင်တွေမှာ ဓါးပြခဏခဏတိုက်ခံရနေတယ်လို့ Verizon က ပြောပါတယ်။ Verizon ဟာ 2008 ခုနှစ်က၀ယ်ယူခဲ့တဲ့ C Block” 700MHz wireless spectrum ကိုအသုံးပြုထားတဲ့ open access လိုအပ်ချက်ကြောင့် ဖုန်းတွေကို lock လုပ်မထားပါဘူး။ အဲဒီအချိန်ကတည်းကစပြီးတော့ အခြားသောဆက်သွယ်ရေးလုပ်ငန်းတွေထက် သုံးစွဲသူအတွက် အဆင်ပြေတဲ့ unlock ပေါ်လစီတွေရှိခဲ့တာပါ။

Verizon ဟာ အခုလိုပြောင်းလဲမှုကို အဲဒီစည်းမျဉ်းတွေနဲ့ လွဲမသွားအောင်လည်း ပြင်ဆင်နေပါတယ်။ ဒီလိုပြောင်းလဲမယ့်အကြောင်းကို Verizon ရဲ့ ပြောဆိုခွင့်ရှိသူရဲ့ စကားများ၊ Verizon official ထံမှ စသားများနဲ့အတူ ဝေေ၀ဆာဆာတင်ပြခဲ့တဲ့ CNET ကို ကျေးဇူးတင်ရမှာပါ။

“ဒီလိုပြောင်းလဲမှုဟာ အရင်ကသဘောတူထားခဲ့တဲ့ စည်းမျဉ်းကို ထိခိုက်မှာမဟုတ်ပါဘူး။ ဒါဟာ သူခိုးတွေရန်ကနေ ကာကွယ်ဖို့၊ အလွဲသုံးစားမှုတွေ ပပျောက်ဖို့အတွက်ပါ” လို့ Verizon ရဲ့ပြောဆိုခွင့်ရှိသူက ပြောကြားထားပါတယ်။ “C Block ရဲ့စည်းမျဉ်းတွေနဲ့ မကိုက်ညီနေတာကို သိပါတယ်။”

ပေါ်လစီအသစ်ဟာ open access စည်းမျဉ်းကို ချိုးဖောက်နေသလားဆိုတာ FCC ကို မေးမြန်းထားခဲ့ပါတယ်။ ပြန်ကြားပြီဆိုတာနဲ့ update တင်ပေးသွားမှာပါ။

အခုအချိန်မှာတော့ Verizon ရဲ့ Device Unlocking ပေါ်လစီကတော့ “ကျွန်တော်တို့ရဲ့ 4G LTE ပစ္စည်းတွေကို lock မလုပ်ပါဘူး။ အခြားဆက်သွယ်ရေးကဒ်ကိုအသုံးပြုမယ်ဆိုရင်လည်း ကုဒ်တွေလိုအပ်မှာ မဟုတ်ပါဘူး” လို့ သိရပါတယ်။

ဒီလိုပြောင်းလဲမှုကို နွေဦးမှာ တွေ့မြင်ရမှာပါ။ သုံးစွဲသူတွေအတွက်ကတော့ နည်းနည်းအကျိုးသက်ရောက်မှုလေးတွေတော့ ရှိနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖုန်းတွေဟာ software update ကနေတစ်ဆင့် unlock ဖြစ်သွားမှာပါ။

မဖြေရသေးသော မေးခွန်းများ

ဒါပေမယ့်လည်း unlock လုပ်ထားတာကတော့ ချက်ချင်းမဖြစ်နိုင်ပါဘူး။ ဒီအကြောင်းကို နောက်မှာဆက်လက်ပြောကြားထားပါတယ်။

Verizon ကတော့ lock လုပ်ထားတာဘယ်လောက်ကြာမလဲဆိုတာကိုလည်း ပြောမထားပါဘူး။ ပေါ်လစီထွက်လာတော့မှ ပြောမှာပါ။  ဒါကြောင့် အချိန်အတိုင်းအတာကို မပြောနိုင်သေးဘူးဖြစ်နေပါတယ်။ စောင့်ဆိုင်းရမယ့်အချိန်ကာလဟာ ခိုးထားတဲ့အလုံးနဲ့ ချက်ချင်းဝယ်ယူထားတဲ့အလုံးလားဆိုတာကို ခွဲခြားနိုင်ဖို့ဖြစ်ပါတယ်။

တကယ်လို့ သုံးစွဲသူတွေအတွက် ဖုန်းတွေကို ရောင်းချပြီး ဒါမှမဟုတ် ရောင်းနေစဉ်မှာပဲ ချက်ချင်း unlock လုပ်ပေးနိုင်မယ့်ဆိုရင်တော့ သိပ်တော့စိတ်ပူစရာမလိုပါဘူး။ ဒါပေမယ့် ဘယ်လိုဆိုတာမသိရသေးတာက တော်တော်ဆိုးပါတယ်။

သုံးစွဲသူတွေဟာ ထုတ်လုပ်သူတွေဆီကနေ တိုက်ရိုက်ဝယ်ယူခြင်းအားဖြင့်၊ ဖုန်းတွေကို activate လုပ်ခြင်းအားဖြင့် Lock ကျခြင်းကို ရှောင်ရှားနိုင်ပါတယ်။

ဒီအတွက် အကျိုးသက်ရောက်မှုတွေက ဘာတွေရှိမလဲ၊ သုံးစွဲသူတွေအနေနဲ့ ၀ယ်ယူပြီးနောက်မှာ unlock လုပ်ဖို့ အဆင့်တွေကဘာတွေလဲ၊ open access ကိုရော ကိုက်ညီသွားအောင် ဘယ်လိုများလုပ်ဆောင်ထားသလဲဆိုတာ Verizon ကို မေးမြန်းထားခဲ့ပါတယ်။

Verizon ကတော့ အဖြေပြန်မပေးသေးပါဘူး။ သူ့မှာ မျှဝေပေးလို့ရတဲ့သတင်းအသေးစိတ် မရှိသေးကြောင်းပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒီလိုပြောင်းလဲမှုတွေဘာကြောင့်လုပ်သလဲဆိုတဲ့ အသေးစိတ်ကိုတော့ မပြောခဲ့ပါဘူး။ မကြာသေးခင်က ဓါးပြတိုက်ခံရမှုနဲ့ ဓါးပြမှုတွေတိုးပွားခြင်းအကြောင်းကိုတော့ ရရှိထားပါတယ်။

ဒီလိုလုပ်ငန်းရဲ့ ပြဿနာဟာ Verizon ရဲ့ ပြဿနာဖြစ်လာပါတယ်။ ကျွန်တော်တို့ရဲ့ဖုန်းတွေဟာ တစ်ချိန်လုံးကို unlock ဖြစ်နေလို့ပါပဲ။ တစ်နှစ်ထက်တစ်နှစ် ဓါးပြမှုတွေဟာ ၂၀၀ ရာခိုင်နှုန်းထက် ပိုလာပါတယ်။ ဒီတစ်ပတ်ထဲမှာကိုပဲ မျက်နှာအုပ်ထားပြီးသေနတ်ကိုင်ထားတဲ့ လူလေးယောက်ဟာ ကျွန်တော်တို့ရဲ့နေရာတစ်ခုကို သွားရောက်ပြီးတော့ ၀န်ထမ်းကို သေနတ်နဲ့ချိန်ပြီး ဖုန်းတွေကို ထရပ်ကားနဲ့ သယ်ဆောင်သွားပါတယ်။ ကျွန်တော်တို့ရဲ့ဝန်ထမ်းတွေကို ရာဇ၀တ်သားတွေရန်ကနေလည်း ကာကွယ်ပေးရမှာဖြစ်သလို သူတို့ရဲ့အချက်အလက်တွေကို အသုံးပြုဖို့ကြိုးစားနေတဲ့ ရာဇ၀တ်သားတွေရန်ကနေလည်း သုံးစွဲသူတွေကို ကာကွယ်ပေးရမှာ ကျွန်တော်တို့တာဝန်ပါ။

အများဆုံးဓါးပြတိုက်ခံရတာကတော့ ကယ်လ်ဖိုးနီးယားက ဆိုင်တွေဖြစ်ကြောင်း Verizon က ပြောခဲ့ပြီးတော့ ရှာဖွေကြည့်မှုတွေထဲမှာ ဥပမာအနေနဲ့ ထိပ်ဆုံးကတက်နေပါတယ်။

CNET ကရေးထားတဲ့ဆောင်းပါးမှာတော့ “iPhone တွေဟာ တန်ဖိုးကြီးမြင့်မှုကြောင့် သူခိုးတွေရဲ့အဓိကပစ်မှတ်ဖြစ်နေတယ်” လို့ ဖော်ပြထားပါတယ်။ အခုလိုပြောင်းမှုကြောင့် “ကျွန်တော်တို့ရဲ့ဖုန်းတွေဟာ ရာဇ၀တ်ကောင်တွေရဲ့ တပ်မက်မှုကို လျှော့ချပေးနိုင်မယ်” လို့ Verizon က ပြောကြားခဲ့ပါတယ်။

ဖုန်းဟာ ဆက်သွယ်ရေးလိုင်းတစ်ခုကိုပဲ သုံးလို့ရသည်ဖြစ်စေဦးတော့ Apple သုံးစွဲသူတွေကတော့ သူတိုရဲ့အချက်အလက်တွေကို Activation Lock feature အသုံးပြုပြီးတော့ သူခိုးတွေခိုးသွားချိန်မှာတောင် ကာကွယ်နိုင်စေမှာပါ။ Android မှာလည်း ခိုးယူခံလိုက်ရတဲ့ဖုန်းရဲ့ အချက်အလက်တွေကိုသုံးမရအောင်လုပ်နိုင်တဲ့နည်းတွေလည်း ရှိပါတယ်။

ပေါ်လစီအသစ်ကတော့ Verizon ကို “lock ဖုန်းတွေများနေတဲ့ခေတ်ကြီးမှာ ပြိုင်ဆိုင်နိုင်ဖို့အတွက် ကာကွယ်ပြီးသားဖြစ်သွားပါတယ်။”

Verizon က အသေးစိတ်ကို ပြန်ပြောပြလိုက်ပြီမို့ အသစ်ထပ်ထည့်ထားပါတယ်။

“ဒီကနေ့စပြီးတော့ ကျွန်တော်တို့စတိုးကိုရောက်လာတဲ့ဖုန်းတွေအားလုံး activate မလုပ်ခင်အထိ lock ဖြစ်နေမှာဖြစ်ပြီးတော့ activate လုပ်မယ်ဆိုရင်တော့ unlock တန်းဖြစ်မှာပါ။ ဒါဟာ သယ်ပို့နေတဲ့အချိန် ဒါမှမဟုတ် ဂိုဒေါင်ထဲအထိ ၀င်ခိုးတာမျိုးတွေကို ကာကွယ်ဖို့ပါ”

ဒါဟာ သူခိုးတွေအတွက် ယာယီဖြေရှင်းချက်ဖြစ်ပါတယ်။ နွေဦးမှာတော့ Verizon ဟာ သုံးစွဲသူတွေဝယ်ပြီးတဲ့အချိန်မှာတောင် Lock လုပ်ထားဖို့ စီစဉ်ထားပါတယ်။ “ဒီနှစ်နွေနောက်ပိုင်းမှာတော့ lock လုပ်ထားတဲ့အချိန်ကို ထပ်တိုးလိုက်ပြီးတော့ သူများအချက်အလက်တွေနဲ့ လာဝယ်တာကို ကာကွယ်သွားဖို့ စီစဉ်ထားပါတယ်”

စည်းမျဉ်းတွေမှာ မတရားတာမျိုး ခွင့်မပြု

ရှေ့နေတစ်ယောက်နဲ့ သုံးစွဲသူတစ်ယောက်ကတော့ Verizon ရဲ့ C Block စည်းမျဉ်းအပေါ် အခုလိုသုံးသပ်ခဲ့ပါတယ်။

“အဲဒီလိုမတရားတာကိုခွင့်ပြုထားတဲ့ လိုအပ်ချက်မျိုးတော့မတွေ့မိပါဘူး”

“တကယ်လို့ သူခိုးကိုကာကွယ်ဖို့အတွက်ပဲဆိုရင် သူတို့အနေနဲ့ ဖုန်းပိုင်ရှင်ကို အလွယ်တကူပဲ Unlock လုပ်ခွင့်ပေးရမယ်မဟုတ်လား”

Verizon လိုက်နာရမယ့် ဟန်းဆက်Lockလုပ်ထားမှုကတော့ “အခြားကွန်ရက်တွေကို အဲဒီဟန်းဆက်ပေါ်မှာ အသုံးပြုမှုကိုပိတ်ပင်ခြင်း” မရှိရပါဘူး။ တကယ်လို့ တစ်ယောက်ယောက်ကများ FCC ကို အပြစ်တင်လာမယ်ဆိုရင်တော့ Verizon ဟာ “သူဟာ သင့်တင့်တဲ့ ကွန်ရက်စံနှုန်းတွေနဲ့ အဲဒီစံနှုန်းတွေကို အသုံးပြုမှုတွေအကြောင်းကို ရှင်းလင်းပြသရမှာပါ”

သုံးစွဲသူတွေအနေနဲ့လည်း အပြစ်တင်ဖို့အတွက်ကတော့ လွယ်ပေမယ့် အောင်မြင်ဖို့ဆိုတာကတော့ ခက်ခဲပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ Verizon ကို ပြဿနာဖြေရှင်းခိုင်းလိုက်တာကမှ စောင့်ရတဲ့အချိန်က နည်းနေလိမ့်ဦးမယ်။ ၂၀၁၃တုန်းက Google ဆီကနေ LTE-enabled Nexus 7 ကို ၀ယ်လာတဲ့ Verizon သုံးစွဲသူတစ်ယောက်အကြောင်း ရေးခဲ့ပါသေးတယ်။ ဖုန်းကို အသိအမှတ်မပြုရသေးတာမို့ သူဟာ Verizon ရဲ့ကွန်ရက်ကို သုံးစွဲခွင့်မရခဲ့ပါဘူး။ ဒီကိစ္စကြောင့် ဖုန်းတိုင်းမှာအသုံးပြုခွင့်ရစေမယ့် open access ကို ၀ယ်ဖြစ်သွားတာပါ။

“တကယ်လို့ Verizon ဟာ သူ့ရဲ့ကိုယ်ပိုင်လက်လီဂိုဒေါင်တွေမှာရှိတုန်းlock လုပ်ထားမယ်ဆိုရင် အဆင်ပြေပါတယ်” လို့ Bergmayer က ပြောပါတယ်။ “တောင်းဆိုလာတဲ့အခါမှာတော့ unlock ပြန်လုပ်ပေးခြင်းဟာ ကောင်းပါတယ်။ ဒါပေမယ့်လည်း ဒီအကြောင်းကိုနားမလည်တဲ့သူတွေနဲ့ ဘယ်လိုသုံးရမလဲဆိုတာကို မသိတဲ့သူတွေအတွက်ကတော့ ခေါင်းခဲစရာပါပဲ။”

CNET ကတော့ Verizon ရဲ့ ပြောင်းလဲလိုက်တဲ့ပေါ်လစီဟာ သုံးစွဲသူတွေအတွက် ပြဿနာ ဖြစ်လာနိုင်ပါတယ်ဆိုတာ အောက်ကဖြစ်ရပ်လေးတစ်ခုနဲ့ ပြောဆိုလိုက်ပါတယ်။

“ဒီလိုပေါ်လစီပြောင်းလဲမှုဟာ ဖုန်းအသစ်ဝယ်ပြီးတော့ နိုင်ငံခြားကိုသွားမယ့် သုံးစွဲသူတွေအတွက် အခက်အခဲဖြစ်လာနိုင်ပါတယ်။ နိုင်ငံတကာနဲ့ဆက်သွယ်ခကို သက်သာစေဖို့အတွက် ဒေသခံဆက်သွယ်ရေးဆီကနေ ဆင်းကဒ်ဝယ်လိုက်တာ ကောင်းပါတယ်။ တကယ်လို့ Lock ဖုန်းရှိမယ်ဆိုရင်တော့ Verizon ကိုဆက်သွယ်ပြီးတာ့ ဆင်းကဒ်ဖွင့်ပေးဖို့အတွက် တောင်းဆိုဖို့ လိုအပ်ပါပြီ။”

myanmarmobileapp
Myanmar Mobile App Store www.myanmarmobileapp.org