စမတ်ဖုန်းတွေမှာ သုံးမယ့် စိန်နဲ့ပြုလုပ်ထားတဲ့ Daimond Display ဆိုတာ

0
1596

စိန်ဆိုတာ အမျိုးသမီးတွေအကြိုက်လို့တော့ ပြောကြတယ်။ ဒါပေမယ့် မကြာခင်မှာ စိန်ဟာ စမတ်ဖုန်းတွေအကြိုက်လို့ ပြောင်းရနိုင်ချေရှိပါတယ်။ စိန်နဲ့ပြုလုပ်ထားတဲ့ ဖုန်းမျက်နှာပြင်ဆိုတာကတော့ ပြုတ်ကျလို့မှန်ကွဲရခြင်းကို လျှော့ချပေးနိုင်မယ့် ဖြေရှင်းနည်းတစ်ခုပါပဲ။။ ၂၀၁၇မှာတောင် ရနိုင်မယ်လို့ ပြောနေပါတယ်။ ဖြစ်တော့မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် စိန်ကိုအသုံးပြုထားတဲ့စမတ်ဖုန်းမျက်နှာပြင်တွေကတော့ ဖြစ်မလာဘူးလို့ ကျွန်တော်တို့ မပြောပါဘူး။ အချိန်နောက်ကျတာဖြစ်ပေမယ့်လည်း စိန်နဲ့ပြုလုပ်ထားတဲ့မျက်နှာပြင်တွေကတော့ စမတ်ဖုန်းသုံးစွဲသူတွေလိုအပ်တဲ့အရာတစ်ခု ဖြစ်လာနိုင်ပါတယ်။

စမတ်ဖုန်းတစ်လုံးရဲ့ စိတ်မချရဆုံးသောအပိုင်းဖြစ်တဲ့ စမတ်ဖုန်းမျက်နှာပြင်တွေကို ကာကွယ်ပေးတဲ့ပစ္စည်းမျိုးစုံရှိပါတယ်။ ဓါတုနည်းပညာသုံးမှန်တွေ (Gorilla Glass ၊ Dragontail Glass) တွေကတော့ အတိုင်းအတာတစ်ခုအထိ ကာကါယ်ပေးနိုင်ပြီးတော့ ကာဗာတွေကိုလည်းအသုံးပြုနိုင်ပါသေးတယ်။ ဒါတွေက ပြုတ်ကျသွားမယ်ဆိုရင် ကာကွယ်ပေးနိုင်ပါတယ်။ ကောင်းတော့ကောင်းပါတယ်။ ဒါပေမယ့်လည်း စိတ်တော့မချရဘူးပေါ့လေ။

 

စိန်နဲ့ပြုလုပ်ထားတဲ့မှန်တွေကတော့ ဒီကိစ္စကို ဖြေရှင်းပေးဖို့ရည်ရွယ်ပါတယ်။ Akhan Semiconductor ရဲ့ Miraj Diamond Glass ဟာ သာမန်ပစ္စည်းတွေထက် ပိုကြံ့ခိုင်တယ်လို့ ဆိုထားပါတယ်။ “nanocrystal pattern ကိုအသုံးပြုထားတဲ့အတွက် ခရစ်စတယ်တွေကို သေချာစီမထားဘဲ ကြုံသလိုစီထားပြီးတော့ ကွဲကြေခြင်း၊ ထိခိုက်ခြင်းတွေကို ကာကွယ်ပေးထားပါတယ်”

အကောင်းဆုံးတစ်ခုကိုပြောပြပါဆိုရင်တော့ သူ့ကို Gorilla Glass ဒါမှမဟုတ် အလားတူပစ္စည်းတွေနဲ့ တွဲဖက်အသုံးပြုနိုင်ခြင်းပါပဲ။ Akhan ရဲ့ စီအီးအို Adam Khan ကတော့ ဒီနည်းပညာဟာ၂၀၁၉မှာ ရောက်ရှိလာမယ်လို့ ပြောထားပါတယ်။ ဈေးသက်သာဖို့တော့ မမျှော်လိုက်ပါနဲ့။ အဲဒီနှစ်မှာထုတ်လုပ်မယ့် flagship တွေမှာထည့်သွင်းလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။