၂၀၁၉ အတွက် စိန်အသုံးပြုထားတဲ့ display ပါဝင်မယ့် ပထမဆုံးသော စမတ်ဖုန်း

0
1629

၂၀၁၉ အတွက်မှာထွက်ရှိမယ်လို့ မျှော်မှန်းထားတဲ့ စိန်အသုံးပြုထားတဲ့ display ပါဝင်တဲ့ စမတ်ဖုန်းတစ်လုံးအကြောင်း သတင်းရထားပါတယ်။ Diamond semiconductor ကုမ္ပဏီတစ်ခုဖြစ်တဲ့ Akhan Semiconductor ဟာ နည်းပညာအသစ်ကို ဖန်တီးလုပ်ဆောင်နေပါတယ်။ အဲဒီနည်းပညာကတော့ ဈေးကွက်မှာလက်ရှိအသုံးပြုနေတဲ့ စမတ်ဖုန်း display တွေထက် ဆယ်ဆမာကျောပြီးတော့၊ ခြောက်ဆကြံ့ခိုင်တဲ့ display တွေပါ။

Mirage Diamond Glass လို့ခေါ်တဲ့ နည်းပညာကတော့ ဓါတ်ခွဲခန်းမှရရှိတဲ့စိန်တွေကို “nanocrystal” pattern နဲ့အသုံးပြုထားပြီးတော့ display ရဲ့ ကွဲနိုင်မှုအခြေအနေကို လျှော့ချပေးနိုင်အောင် လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ ဒီလိုစိန် glass ကို ရှိနေတဲ့မျက်နှာပြင်ကို coat လုပ်ဖို့အတွက်လည်း Gorilla Glass လိုမျိုး အသုံးချနိုင်ပါသေးတယ်။

Akhan ရဲ့ ပါတနာဟာ ရည်မှန်းထားတဲ့အတိုင်း လုပ်ဆောင်နိုင်ဖို့အတွက် စမ်းသပ်နေပါတယ်။ သူတို့ဟာ ရောင်ပြန်နှုန်းကိုလျှော့ချနိုင်ဖို့အတွက် ရှာဖွေလုပ်ဆောင်ခဲ့တာမို့ လင်းနေတဲ့အချိန်မှာလည်း အေးဆေးကြည့်နိုင်မှာပါ။

Akhan Semiconductor ဟာ စစချင်းမှာတော့ စမတ်ဖုန်းထုတ်လုပ်သူတစ်ဦးနဲ့သာ အသုံးပြုနိုင်ဦးမှာဖြစ်ပြီးတော့ နောက်ပိုင်းမှာ တိုးချဲ့သွားဖို့တော့ လုပ်ဆောင်ထားပါတယ်။ မနှစ်တုန်းက Akhan ရဲ့နည်းပညာကို တွဲဖက်အသုံးပြုမယ့်သူကတော့ OEM အငယ်စားလေးဖြစ်ကြောင်း CNET က ပြောကြားခဲ့ပါတယ်။ ဒါကြောင့် Samsung ၊ Apple ၊ Huawei ဒါမှမဟုတ် Xiaomi နဲ့တော့ တွဲဖက်မြင်ရမှာမဟုတ်လောက်ပါဘူး။

ဒါပေမယ့် သိထားသင့်တာတစ်ခုကတော့ သာမန်မျက်နှာပြင်တွေထက် ပိုဈေးကြီးမှာပါ။