Honor 7X ကတော့၂၀၁၈အစောပိုင်းမှာ အကောင်းဆုံးသောဘတ်ဂျက်စမတ်ဖုန်းတစ်လုံး ဖြစ်လာပါတယ်။ ယူအက်စ်ကဖုန်းသုံးစွဲသူတွေအတွက်တော့ ဆက်စီကျတဲ့ အနီရောင်လေးကို ပိုင်ဆိုင်ခွင့်ရတော့မှာပါ။ ဒီဗားရှင်းကိုတော့ ဇန်န၀ါရီလက CES ပွဲမှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ယူအက်စ်မှာ ၀ယ်ယူရရှိနိုင်ပါပြီ။
ဈေးနှုန်းကတော့ သာမန် 7X နဲ့ အတူတူပါပဲ။ ဒေါ်လာ ၁၉၉ ပါ။ ဒါပေမယ့် limited edition ဆိုတော့ နည်းနည်းသာ ရောင်းချပါလိမ့်မယ်။ Honor ဟာ အနီရောင် 7X ကို ဆယ်လုံးတိတိ မဲဖောက်ပေးဦးမှာပါ။ ကံစမ်းချင်တယ်ဆိုရင်တော့ Instagram ကိုဝင်ပြီးတော့ Honor ရဲ့ဗွီဒီယိုလေးကို သင်နှစ်သက်တဲ့သူတစ်ယောက်ထံ မျှဝေပေးရမှာပါ။
အနီရောင် Honor 7X ကတော့ အခုပဲဝယ်ယူနိုင်ပါပြီ။ ဒီတော့ မြန်မြန်လေးဝယ်ထားရမှ စိတ်ချရမယ်နော။