မြန်ဆန်သော သံလိုက်စွမ်းအင်သုံးပို့ဆောင်ရေးစနစ်များဖြစ်လာနိုင်မယ့် HTT ရဲ့ HYPERLOOP စနစ်

0
360

Hyperloop Transportation Technologies (HTT) ရဲ့ စီအီးအို Dirk Ahlborn ဟာ သူ့ရဲ့ platform ကို Switzerland နိုင်ငံ Davos မှာကျင်းပတဲ့ World Economic Forum မှာ သူ့ရဲ့ပထမဆုံးသော hyperloop လမ်းကြောင်းကိုကြေညာနိုင်ဖို့အတွက် အစမ်းပြသခဲ့ပါတယ်။ ကွန်ဖရင့်မှာ Ahlborn က အခုလိုပြောခဲ့ပါတယ်။ “ဒီနှစ်ကတော့ အလုပ်အရမ်းရှုပ်တဲ့နှစ်ပါပဲ။ ဒီနှစ်ထဲမှာ ပထမဆုံးလမ်းကြောင်းကို ကြေညာသွားနိုင်ဖို့ မျှော်လင့်ထားပါတယ်။”

ဒီလိုလုပ်လိုက်ခြင်းဟာ ကမ္ဘာပေါ်က Hyperloop စနစ်တွေအကြားမှာ HTTကို ပထမဆုံးဖြစ်လာစေပါတယ်။ Ahlborn ဟာ နောက်ထပ်သုံးနှစ်လောက်အချိန်ပေးလိုက်ရင် အများသုံးအတွက် ဖြစ်လာနိုင်လောက်တဲ့အထိ မျှော်မှန်းထားတာဖြစ်ပါတယ်။

Ahlborn ဟာ ဘယ်နေရာမှာတည်ဆောက်သွားမလဲဆိုတာကို ပြောခဲ့ပါတယ်။ ဒါပေမယ့် သတင်းကတော့ အပြည့်အစုံမဟုတ်ခဲ့ပါဘူး။ တည်နေရာကတော့ အာရှနဲ့ အရှေ့အလယ်ပိုင်းမှာ စတင်သွားနိုင်တယ်လို့ သိရပါတယ်။ ပထမဆုံးခရီးသည်တင်ယာဉ်ကလည်း အရင်ကတည်းက ထုတ်လုပ်ပြီးသားဆိုတာ ပြောခဲ့ပါသေးတယ်။ “ဒါဟာ စမ်းသပ်ဖို့အတွက်မဟုတ်ဘဲ ခင်ဗျားရော၊ ကျွန်တော်တို့ရော လိုအပ်စီးနင်းနိုင်ပါတယ်”

Ahlborn က ဘယ်စနစ်ကိုမဆို မလည်ပတ်ခင်မှာ စည်းမျဉ်းစည်းကမ်းတွေလုပ်ရမယ်ဆိုတာ နားလည်ပါတယ်။ ဒါဟာ အသစ်ထွက်ပေါ်လာမယ့် သယ်ယူပို့ဆောင်ရေးနည်းပညာအတွက် ကျော်လွှားရမယ့် အကြီးမားဆုံးသော အခက်အခဲပါပဲ။

သယ်ယူပို့ဆောင်ရေးအတွက် မျိုးဆက်သစ်

HTT ဟာ Elon Musk ရဲ့ မြန်ဆန်တဲ့သွားလာမှုစိတ်ကူးကို အကောင်အထည်ပေါ်အောင်လုပ်ဆောင်နေတဲ့ ကုမ္ပဏီများထဲမှတစ်ခုသာ ဖြစ်ပါတယ်။ ယူဆထားတာကတော့ ခရီးသည်တွေဟာ ယာဉ်လေးထဲမှာ သံလိုက်အားကိုအသုံးပြုပြီးတော့ လေယာဉ်ပျံတွေလောက်နီးနီး သွားလာနိုင်ဖို့ပါ။

အဲဒီစနစ်တွေဟာ ပြန်လည်ဖြည့်တင်းနိုင်တဲ့လောင်စာအပေါ်မှာ မူတည်ထားတဲ့အတွက်ကြောင့် စီးပွားရေးအတွက်သာမက ပတ်ဝန်းကျင်အတွက်ပါ ကောင်းမွန်အကျိုးရှိစေနိုင်ပါတယ်။ Hyperloop စနစ်တွေဟာ အိန္ဒိယလို  လမ်းကျပ်တဲ့ဒေသတွေနဲ့ ယူအက်စ်ရဲ့ ပစိဖိတ်ကမ်းရိုးတန်းတွေအတွက်တော့ အထူးကောင်းမွန်စေနိုင်ပါတယ်။ ဒါကြောင့် နာရီနဲ့ချီပြီးစီးနင်းရတဲ့ခရီးစဉ်တွေကို မိနစ်ပိုင်းလောက်သာ ကြာမြင့်စေမှာပါ။

Hyperloop ရဲ့ အနာဂတ်ကတော့ စိတ်လှုပ်ရှားစရာပါပဲ။ သူ့မှာ လမ်းကြောင်းသာ လုံလုံလောက်လောက်ရှိခဲ့မယ်ဆိုရင်တော့ တိုးတက်လာနိုင်တဲ့အဆင့်တွေကလည်း ရှိနေပါသေးတယ်။ ဒါကြောင့် သံလိုက်စွမ်းအားသုံး ပို့ဆောင်ရေးခေတ်သစ်ကို ရောက်လာနိုင်ပါတယ်။ HTT ဟာ သူ့လမ်းကြောင်းအတိုင်း လုပ်ဆောင်နိုင်ပြီဆိုရင်တော့ မြင်ရဖို့ သိပ်မစောင့်ရတော့ပါဘူး။