ရွှေတုံးနဲ့တည်ဆောက်ထားတဲ့ iPhone X

0
1711

iPhone X ဆိုပြီးတော့ ဆယ်နှစ်ပြည့်အထိမ်းအမှတ်ဖုန်းကို ထုတ်ပြလိုက်တဲ့အခါမှာ လူအတော်များများကတော့ $1,000 (£1,000) ဆိုတဲ့ဈေးနှုန်းကတော့ မျက်လုံးပြူးသွားစေပါတယ်။
ဒါပေမယ့် အခုထွက်ရှိလာတဲ့ဖုန်းဈေးနှုန်းက Apple ရဲ့ ဈေးနှုန်းကို သက်သာသွားစေပါတယ်။

ဒီဇိုင်နာတွေဟာ Lux iPhone X Ingot ဆိုတဲ့ $69,995 (£53,000) တန် ဖုန်းတစ်လုံးကို ဖန်တီးလိုက်ပါတယ်။ အဲဒီဖုန်းမှာ ရွှေ၂၅၀ဂရမ် ပါဝင်မှာပါ။

အဲဒီ ဒီဇိုင်နာတွေဟာ စိန်စီထားတဲ့ Airpod တွေနဲ့ ရွှေချထားတဲ့ ခွေးပတ်ကြိုးတွေကိုလည်း ဖန်တီးခဲ့ဖူးပါတယ်။

လော့စ်အိန်ဂျလိစ်အခြေစိုက်လုပ်ငန်းတစ်ခုဖြစ်တဲ့ Brikk ဟာ ဇိမ်ခံပစ္စည်းပေါင်းများစွာကို Apple ရဲ့ပွဲအပြီးမှာ ဆက်တိုက်ဆိုသလို သူတို့ရဲ့ဝက်ဘ်ဆိုက်မှာ တင်ခဲ့ပါတယ်။
iPhone X အတွက်ဒီဇိုင်းအမျိုးမျိုးကို ပြင်ဆင်ခဲ့ပြီးတော့ ရွှေချထားတဲ့ပုံစံနှစ်မျိုးနဲ့ စိန်စီထားတဲ့ပုံစံတစ်မျိုးတို့လည်း ပါဝင်ခဲ့ပါတယ်။

Lux iPhone X Ingot ကတော့ အတော်ကိုရှားပါးတဲ့ အမျိုးအစားတစ်ခုပါ။

Ingot 108 မှာ 22K ၁၀၈ဂရမ်/၃.၅အောင်စ ပါဝင်ပြီးIngot 250 မှာ 22K ၂၅၀ဂရမ်/၈.၈၈အောင်စ ပါဝင်တဲ့အပြင် အနောက်ဘက်ကမှန်လိုကြည်လင်နေပါတယ်။

အဲဒီဖုန်းတွေဟာ hand-made အမျိုးအစားဖြစ်ပြီးတော့ Brikk ဒီဇိုင်းနာတွေက ဖန်တီးထားတာ ဖြစ်ပါတယ်။