မျက်လုံးထံကိုတိုက်ရိုက် လေဆာပုံရိပ်ထုတ်ပေးမယ့် Intel ရဲ့ စမတ်မျက်မှန်

0
1610

စစချင်းတုန်းကတော့ Google Glass နောက်တော့ Snapchat Spectacles။ နှစ်ခုစလုံးကတော့ကမ္ဘာကြီးကို အင်တာနက်စွမ်းအားနဲ့ ကျွန်တော်တို့ရဲ့မျက်နှာအနားအထိ နည်းပညာတွေဆောင်ကြဉ်းပေးပြီးတော့ ပြောင်းလဲဖို့ပြင်ဆင်ခဲ့တာပါ။ ဒါပေမယ့် နှစ်ခုစလုံးက ကျရှုံးခဲ့ပါတယ်။ ဈေးအရမ်းကြီးခြင်း၊ ခိုးယူဖို့လွယ်ကူခြင်း၊ ကြည့်ရဆိုးခြင်းတွေက Segways နဲ့ K-cups တို့လို ပျောက်ကွယ်သွားစေပါတယ်။

အခုဆိုရင်တော့ အခြားသူတွေမအောင်မြင်ခဲ့တဲ့လုပ်ရပ်ကို နောက်ထပ်ကုမ္ပဏီတစ်ခုက ပြန်လည်ကြိုးစားတော့မှာပါ။ ကွန်ပျူတာ chip တွေထုတ်လုပ်နေတဲ့ Intel ဟာ သူ့ရဲ့ကိုယ်ပိုင်စမတ်မျက်မှန်တွေအကြောင်းကို ကြေညာခဲ့ပါတယ်။

Intel ဟာ အခြားသူတွေကျရှုံးခဲ့တဲ့အကြောင်းရင်ရှာတွေ့ရင် အောင်မြင်နိုင်ပါတယ်။ The Verge ကတော့ Vaunt မှာ ကင်မရာ၊ စပီကာ၊ မိုက်ခရိုဖုန်း၊ ခလုတ်၊ LCD screen မရှိပါဘူး။ သင်မျက်နှာနားမှာ စမတ်ဖုန်းရှိဖို့မလိုဘူးလို့ ဆိုပါတယ်။ Vaunt ရဲ့ လျှပ်စစ်ပစ္စည်းတွေအားလုံးဟာ နားရဲ့အပေါ်နားက နေရာသေးသေးလေးလောက်နဲ့ အဆင်ပြေပါတယ်။ သူတို့ဟာ ခေါင်းညိတ်လိုက်တာနဲ့ အမိန့်ပေးလိုက်ခြင်းကိုတုံ့ပြန်နိုင်ပါတယ်။ ဒါဆိုရင် သင့်ရဲ့အဆက်ဟောင်းဆီကို ခေါင်းလေးညိတ်ပြီးစာပို့မလား၊ ခေါင်းလေးညိတ်ပြီးတော့ headphone ကအသံကိုချိန်ညှိမလား။

မျက်မှန်တွေကတော့ ပေါ့ပါးပြီးတော့ အလေးချိန်ကလည်း 50ဂရမ်သာရှိတာမို့ Oreo ငါးခုစာလောက်ပဲ ရှိပါတယ်။

Vaunt ကတော့ သိပ်မလေးပါဘူး။ ဒါက နည်းပညာသိပ်မပါဘူးလို့ ထင်ရင်မှားမှာပါ။ Vaunt ဟာ ပရိုဆက်ဆာ၊ accelerometer ၊ Bluetooth ၊ သံလိုက်အိမ်မြှောင်တို့ပါဝင်တယ်လို့ သိရပါတယ်။

သင့်ရဲ့ retina ဆီကိုတိုက်ရိုက်ပို့ဆောင်ပေးနိုင်တဲ့ ပုံရိပ်အသေးစားလေးကိုထုတ်ပေးနိုင်မယ့် လေဆာလေးလည်း ထည့်သွင်းပေးထားပါတယ်။ အဲဒီပုံရိပ်လေးကတော့ သင့်ရဲ့ဖုန်းဆီက အချက်ပြစနစ်တွေကို ပြသပေးမှာဖြစ်ပြီးတော့ လမ်းညွှန်ချက်တွေ၊ သင့်အမေမွေးနေ့အတွက် ဖုန်းခေါ်ဖို့သတိပေးတာတွေလည်း ပြသပေးနိုင်ပါတယ်။ လေဆာနဲ့ထိတွေ့မှုကိုတော့ တခြားသူတွေက မြင်ရမှာမဟုတ်ပါဘူးလို့ Intel ရဲ့ ဒီဇိုင်းတာဝန်ရှိသူဖြစ်တဲ့ Mark Eastwood က အခုလိုပြောကြားခဲ့ပါတယ်။

“စွမ်းအားအရမ်းနည်းပါးတဲ့အတွက်ကြောင့် လေဆာဟာ အရမ်းကိုအားပျော့ပါတယ်။” ဒါဟာ ယူအက်စ်အစားအသောက်နဲ့ဆေးဝါးခွင့်ပြုချက်က သတ်မှတ်ထားတဲ့စံနှုန်းဖြစ်တာမို့ လေဆာကိုစိုက်ကြည့်မယ်ဆိုရင်တောင် အေးဆေးပါပဲ မစိုးရိမ်ပါနဲ့။

အရေးပါတာတစ်ခုကတော့ Vaunt ဟာ စမတ်မျက်မှန်နဲ့ မတူတာပါပဲ။ သူတို့ဟာ Robocop ထက် James Bond ဆန်ပါတယ်။ စမတ်နာရီတွေလို လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမယ့် သင့်မျက်နှာမှာတပ်ထားလိုက်တာမို့ နာရီကိုငုံ့ကြည့်နေရမယ့်အချိန်ကို သက်သာစေပါတယ်။

ရောင်းမလား၊ မရောင်းဘူးလား၊ Intel ဟာ ဈေးကွက်မှာ အောင်မြင်မလား၊ ကျရှုံးမလားဆိုတာကတော့ မသိရသေးပါဘူး။ ထွက်ရှိမယ့်ရက်၊ ဈေးနှုန်းတွေကိုလည်း သူတို့ဘက်က မကြေညာရသေးပါဘူး။ ဒါပေမယ့် အခြားသူတွေနဲ့လည်း ပူးပေါင်းပြီးတော့ ဈေးကွက်ဝင်အောင်၊ ရောင်းချနိုင်အောင် လုပ်ဆောင်သွားနိုင်ပါတယ်။