Windows နဲ့ Mac အတွက် နှစ်မျိုးစလုံး သုံးစေနိုင်တဲ့ Azio ရဲ့ Retro Classic Bluetooth Keyboard

0
689

Azio ဟာ သူ့ရဲ့ Retro Classic mechanical keyboard လိုမျိုးအရင်ခေတ်က စာရိုက်စက်တွေကို ကြိုးမဲ့ဗားရှင်းအနေနဲ့ ရောင်းချဖို့အတွက် စတင်ခဲ့ပါတယ်။ အဲဒီပစ္စည်းတွေဟာ ကြိုးတပ်ဗားရှင်းနဲ့ အတူတူဖြစ်ပြီး အမျိုးအစားလေးမျိုးထုတ်လုပ်မှာဖြစ်ပါတယ်။ ဒီထုတ်ကုန်အသစ်လေးတွေကတော့ ကြိုးတပ်ဗားရှင်းထက် ဒေါ်လာ30 ပိုမိုကျသင့်မှာဖြစ်ပြီး Bluetooth နဲ့ ချိတ်ဆက်နိုင်မှာပါ။ Mac နဲ့ချိတ်ဆက်နိုင်မယ့် “official” အမျိုးအစားကိုလည်း ထုတ်သွားမှာပါ။

Azio Retro Classic mechanical keyboard ကတော့ အရင်ကလည်း သုံးသပ်ချက်တွေရေးခဲ့ဖူးပါတယ်။ ကီးဘုတ်ဟာ မျက်စိကျစရာဖြစ်ပြီးတော့ သူရဲ့ဒီဇိုင်းက စိတ်ကျေနပ်စရာပါပဲ။ (သင်ဟာငယ်ရွယ်သူတစ်ယောက်ဖြစ်ပြီးတော့ classic mechanical စာရိုက်စက်တွေကို မမြင်ဖူးဘူးဆိုရင်လည်း ကြွေသွားနိုင်ပါတယ်။) Kailh Typelit switch တွေကြောင့် ကီးဘုတ်ဟာ တကယ့်သားရေအစစ် ဒါမှမဟုတ် သစ်သား၊ Zinc alloy frame တို့ကို အသုံးပြုပြီးတော့ တည်ဆောက်နိုင်စေခဲ့ပါတယ်။ ဒါပမယ့်လည်း သူ့ရဲ့ကီးတွေ ၀ိုင်းစက်နေခြင်း၊ ပြားပြားကပ်ကပ်ဖြစ်နေခြင်း၊ အကွာအဝေးနီးနေခြင်းကြောင့် သုံးစွဲရအဆင်မပြေဖြစ်နိုင်ပါတယ်။

Azio ဟာ Bluetooth ဗားရှင်းကိုထုတ်လုပ်လိုက်ပါတယ်။ ဒါပေမယ့် ကြိုးမဲ့ဖြစ်တာာမို့ အသုံးပြုနိုင်တဲ့နယ်ပယ်ကို ထပ်ချဲ့လိုက်သလို ဖြစ်သွားပါတယ်။

ကြိုးတပ် Azio Retro Classic လိုပဲ Retro Classic Bluetooth ဟာလည်း Onyx, Posh, Artisan နဲ့ Elwood ဆိုပြီးတော့ စတိုင်လ်လေးမျိုး ရနိုင်မှာပါ။ ကီးဘုတ်တွေဟာ 6000-mAh အားပြန်သွင်းနိုင်တဲ့ ဘတ်ထရီနဲ့အတူ ထွက်ပေါ်လာပြီးတော့ backlight နဲ့ အသုံးပြုမှုအပေါ်မူတည်ပြီးတော့ နှစ်လလောက်အထိ အားခံပါတယ်။ ဘတ်ထရီကိုအားသွင်းတဲ့နေရာမှာတော့ special USB-C cable ကို အသုံးပြုရမှာပါ။

 

Azio Retro Classic Bluetooth General Specifcations
Onyx Posh Artisan Elwood
Official Design Description Black leather with black chromed frame White leather with copper matte frame Black leather with copper matte frame Walnut wood with gunmetal matte frame
Number of Keys 104
Switch Azio/Kailh Typelit
N-key Rollover Support 6
Interface Bluetooth or USB 1.1
Removable Keys Yes
Compatibility Apple MacOS, Microsoft Windows
Battery 6,000 mAh
Dimensions 455 × 147 × 40 mm | 17.9″ × 1.6″ × 5.8″
Weight 1587 grams | 3.5 lbs
MSRP $219.99

ကီးဘုတ်အသစ်တွေကတော့ Microsoft Windows အတွက်ရော Apple macOS အတွက်ပါ official support ပေးပြီးတော့ interchangeable Mac key caps တွေလည်း ပါဝင်ပါတယ်။ retro keyboard ကို ultramodern Mac နဲ့ ချိတ်ဆက်ခြင်းကတော့ အဆင်ပြေနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

Azio ရဲ့ Retro Classic BT ကီးဘုတ်တွေကတော့ ကုမ္ပဏီမှ တိုက်ရိုက်ဝယ်ယူနိုင်သလို Amazon လိုမျိုး တစ်ဆင့်ခံဆီကနေလည်း $219.99 နဲ့ ၀ယ်ယူနိုင်ပါတယ်။ ဒါပေမယ့်  ဒေါ်လာ30 တော့ ပိုများပါတယ်။ Mac compatibility  နဲ့ ကြိုးမဲ့ဆိုတော့ ပေးသင့်ပါတယ်။