Series 3 ရဲ့ရောင်းအားနှစ်ဆတက်လာမှုကြောင့် wearable ဟာ ၀င်ငွေဒုတိယအများဆုံးရှာနိုင်လာ

0
1651

Apple Watch ဟာ Q1 2018 မှာ ၀င်ငွေအကောင်းဆုံးဖြစ်ခဲ့တယ်လို့ Apple က ဆိုပါတယ်။ Series 3 မော်ဒယ်လ်အသစ်ဟာ မနှစ်က Series 2 မော်ဒယ်လ်ရောင်းအားထက် နှစ်ဆရှိခဲ့တာပါ။ Apple Watch ဟာ အရေအတွက်ပိုင်းမှာလည်း ၅၀% တိုးတက်လာခဲ့ပြီး ၀င်ငွေလည်း နှစ်ဆလောက်ရရှိခဲ့တာပါ။

Beats headphone  နဲ့ AirPod ရောင်းအားကိုပေါင်းလိုက်မယ်ဆိုရင်တောင် wearable ရဲ့ ၀င်ငွေ ၇၀% သာ ရှိပါတယ်။

Apple ရဲ့အခြားသောအမျိုးအစားတွေဖြစ်တဲ့ Apple TV ၊ Apple Watch ၊ Beats ၊ iPod နဲ့ Apple-branded ၊ third-party accessories တွေကတော့ ဒေါ်လာ5.5ဘီလျံဝင်ငွေ ရှိပါတယ်။

Apple ကတော့ Apple Watch ၊ AirPods ၊ Beats တို့ပါဝင်တဲ့ wearable အမျိုးအစားဟာ iPhone ပြီးရင် ၀င်ငွေဒုတိယအများဆုံးဖြစ်ကြောင်း သိရပါတယ်။

မနှစ်က Q1 2017မှာ Apple ရဲ့ အခြားသောအမျိုးအစားတွေက ဒေါ်လာ 4ဘီလျံဝင်ခဲ့တာမို့ အခုနှစ်မှာ ဒေါ်လာ1.5ဘီလျံ တက်လာခဲ့တာဖြစ်ပါတယ်။