App Store များတွင် ကျယ်ကျယ်ပြန့်ပြန့် ၀ယ်ယူနိုင်ပြီဖြစ်တဲ့ HomePod
0
330
Unicode Version
HomePod ကို ယူအက်စ်၊ယူကေနဲ့ သြစတေးလျတို့မှာ ကတိပေးထားတဲ့အတိုင်း launch လုပ်ပါပြီ။ အဲဒီစပီကာလေးကို အဲဒီနိုင်ငံတွေမှာရှိတဲ့ Apple ရဲ့ ဆိုင်တွေမှာ ဝယ်ယူနိုင်ပါပြီ။
HomePod ဟာ သူ့ရဲ့အသံအရည်အသေးနဲ့ မီဒီယာပိုင်းမှာလည်း သုံးသပ်ချက်ကောင်းကောင်းတွေ ရရှိထားပေမယ့်လည်း ကိုယ်တိုင်ခံစားချင်တဲ့ သုံးစွဲသူတွေကတော့ ဆိုင်တွေမှာ စမ်းသပ်ကြည့်လို့ရပါတယ်။ ဟုတ်ပါတယ်။ အိမ်မှာစမ်းသပ်ပြီးတော့လည်း ၁၄ရက်အတွင်း ပြန်အပ်လို့လည်း ရပါသေးတယ်။
Space Gray ၊ White တွေအတွက် အလုံးရေများများစားစားတော့ မရနိုင်သေးတဲ့အတွက်ကြောင့်မို့ မြန်မြန်ဆန်ဆန်သွားဝယ်မှ စိတ်ချရမှာပါ။ ကိုယ့်ဒေသမှာရနိုင်မလားဆိုတာ သိနိုင်ဖို့အတွက် HomePod order page ကိုသွားရောက်ပြီးတော့ “Pickup” အောက်ကလင့်ကိုနှိပ်လိုက်ပါ။ ပြီးရင်တော့ ZIP or postal code ကိုရိုက်ရမှာပါ။
HomePod အော်ဒါတွေကို ဒီနေ့မှာလိုုက်မယ်ဆိုရငတော့ နောက်တစ်ပတ် အင်္ဂါလောက်မှာ ဖြန့်ချိပေးမယ်လို့ ကြားထားပါတယ်။ မမှာရသေးဘူးဆိုရင်တော့ အခုပဲမှာယူပြီး ပိတ်ရက်မှာအသုံးပြုခွင့်ကို ရယူလိုက်ပါ။ Best Buy တို့လိုပြန်လည်ရောင်းချသူတွေဆီမှာလည်း အရေအတွက်ကန့်သတ်ပြီး ရောင်းချနေပါတယ်။
အရင်ကတည်းက ကြိုမှာထားတဲ့သူတွေကတော့ စတင်ဖြန့်ချိပေးနေပါပြီ။
Aung Phyo Oo (Myanmar Mobile App)