သိပ်မကြာခင်မှာ သုံးစွဲနိုင်တော့မယ့် Cake Kalk လျှပ်စစ်ဘီး

0
1678

Swedish Cake electric bike လုပ်ဆောင်နေတယ်ဆိုတဲ့ကြောင်းလည်း အရင်က ပေါက်ကြားခဲ့ပါသေးတယ်။ ဒီဇိုင်းတွေလည်း ထွက်ပေါ်ခဲ့တာကို မှတ်မိနေပါသေးတယ်။ အခုဆိုရင်တော့ launch လုပ်မယ့်ရက်က ဖေဖော်ဝါရီ လကုန် ရက် ဖြစ်ပြီးတော့ အတည်ပြုလိုက်ပါပြီ။

ဒီလိုပေါ့ပါးတဲ့ လျှပ်စစ်ပစ္စည်းလေးက ဇန်န၀ါရီ ၂၅ မှာ Denver မှာရှိတဲ့ Outdoor Retailer expo မှာ ရောက်ရှိနေမှာဖြစ်ပါတယ်။ ပြီးရင်တော့ အားကစားသမားတွေအတွက် ISPO Munich trade fair ကျင်းပမယ့် ဇန်န၀ါရီ ၂၈မှာတော့ ဥရောပကို ပွဲထုတ်မှာပါ။

Kalk ဆိုတဲ့နာမည်ကတော့ ဆွီဒင်လိုဘာသာပြန်မယ်ဆိုရင် ထုံးကျောက်ဖြစ်ပါတယ်။ ဒီပစ္စည်းကိုအသုံးပြုထားမှုကြောင့် ကွဲထွက်နေတဲ့ အဖြူရောင်မျက်နှာပြင်ကို အသုံးပြုခွင့်ရရှိသွားစေပါတယ်။ Cake ကတော့ ပုံကြမ်းကနေ အစိတ်အပိုင်းတစ်ခုချင်းကို ဖန်တီးခဲ့တာပါ။ သူ့မှာဂီယာတွေမရှိသလို ကြမ်းတမ်းတဲ့လမ်းတွေအတွက်လည်း အဆင်ပြေပါတယ်။ တစ်ချိန်တည်းမှာပဲ ငြိမ်သက်တဲ့လျှပ်စစ်ဘီးလေးက ဆူညံသံတွေ ညစ်ညမ်းမှုတွေကိုလည်း ဖယ်ရှားနိုင်စေပါတယ်။

Cake ရဲ့ တည်ထောင်သူနဲ့ စီအီးအိုဖြစ်သူ Stefan Ytterborn ကတော့ အခုလိုရှင်းပြပါတယ်။

“ကျွန်တော်တို့ရဲ့ယာဉ်လေးကတော့ လျှပ်စစ်ဘီးအားလုံးကို မှီငြမ်းပြီးတော့ ပြောင်းလဲဖို့အတွက် ထုတ်လုပ်လိုက်တာပါ။ ဆယ်စုနှစ်တစ်ခုအတွင်း ဖြစ်လာပါလိမ့်မယ်။

စဉ်းစားကြည့်လိုက်ပါ။ အသံညစ်ညမ်းမှုတွေ၊ ရေမသန့်မှုတွေ၊ လေသန့်စင်မှု စတဲ့အဖြစ်အပျက်တွေကို အရင်တုန်းကတည်းက စိုးရိမ်နေခဲ့ကြတာမဟုတ်လား။ ကျွန်တော်တို့ရဲ့မစ်ရှင်ကတော့ အခြားသူတွေနဲ့ ဂေဟစနစ်ကိုလေးစားတဲ့ထုတ်ကုန်ကို ဖန်တီးဖို့ပါပဲ။ နောက်ပြီးတော့ ပျော်ရွှင်မှုနဲ့ စိတ်လှုပ်ရှားမှုကိုပါ ပေးစွမ်းနိုင်ဖို့ပါ။”

Launch နီးကပ်လာတာနဲ့အမျှ ပုံတွေကို ထုတ်ပြသွားဖို့ စီစဉ်ထားပါတယ်။ သူ့ရဲ့ဝက်ဘ်ဆိုက်နဲ့ Instagram ကို စောင့်ကြည့်ပြီး ပုံလေးတွေကို ခံစားလိုက်ရအောင်။