လတ်တလောခေတ်စားနေတဲ့ Farm ဂိမ်းတစ်မျိုးဖြစ်တဲ့ Island Experiment ဂိမ်းလေး

0
1656





https://goo.gl/ENzNno

Farm ဂိမ်းလေးတွေက ကျွန်တော်တို့လို မိုဘိုင်းလ်ဂိမ်းဆော့တဲ့သူတွေအတွက်ကတော့ ရင်းနှီးပြီးသားပါပဲ။ ဂိမ်းတွေကလည်း အမျိုးအစားတူတယ်ဆိုပေမယ့်လည်း ကစားရပုံမတူညီတာလေးတွေ၊ မြင်ရတဲ့ဂရပ်ဖစ်ပြောင်းလဲသွားတာလေးတွေကြောင့် တစ်မျိုးနဲ့တစ်မျိုး ကစားရတဲ့ခံစားချက်က ကွဲပြားသွားတာပါ။

အခုမိတ်ဆက်ပေးချင်တဲ့ဂိမ်းလေးကတော့ Island Experiment ဂိမ်းလေးဖြစ်ပါတယ်။ အဲဒီဂိမ်းလေးကို Facebook ကြော်ငြာကနေတစ်ဆင့် မြင်လိုက်ပြီးတော့ စိတ်ဝင်စားတာနဲ့ apk ဒေါင်းမယ်ဆိုပြီး Google Play ထဲကိုဝင်လိုက်ပါတယ်။ ဒါပေမယ့် မြန်မာအတွက် support ပေးမထားပါဘူး။ အဲဒါနဲ့ apkpure ကနေ ဒေါင်းလုတ်ဆွဲတော့လည်း ကစားရတာ error တက်နေပါတယ်။ နောက်ဆုံးကြံရာမရတာနဲ့ Facebook Page ကိုသွားလိုက်တော့ လင့်တစ်ခုတွေ့တာနဲ့ ဝင်ကြည့်လိုက်တာ အဆင်ပြေရောဗျာ။

အဲဒီလင့်မှာ Facebook ကနေ တိုက်ရိုက်ကစားလို့ရတာမို့ ဒေါင်းလုတ်ဆွဲစရာမလိုအပ်ဘဲ ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာ ကြိုက်ရာနဲ့ကစားနိုင်ပါတယ်။ဒီဂိမ်းလေးကတော့ အွန်လိုင်းဂိမ်းအမျိုးအစားဖြစ်တဲ့အတွက်ကြောင့် အင်တာနက်ဖွင့်ပြီးကစားရမှာပါ။ လေယာဉ်ပျက်ကြပြီးတော့ တောထဲမှာခိုကိုးရာမဲ့နေတဲ့ သူငယ်ချင်းသုံးဦးဟာ ကျွန်းပေါ်မှာ အသက်ဆက်ရှင်ဖို့အတွက် နေထိုင်စရာ၊ စားစရာတွေဖန်တီးရင် တောကောင်တွေရန်က ဘယ်လိုကာကွယ်ကြမလဲဆိုတဲ့ ရင်ခုန်စရာဇာတ်လမ်းလေးကို ဆော့ကစားရမှာပါ။

အောက်မှာပေးထားတဲ့ လင့်လေးကနေတစ်ဆင့် Facebook အကောင့်နဲ့ဝင်လိုက်ပြီးတော့ ဆော့ကစားနိုင်ပါပြီ။

Aung Phyo Oo (Myanmar Mobile App)