ခရစ်ပတိုငွေကြေးကို တူးဖော်ဖို့အတွက် ASIC Chip ထုတ်လုပ်မယ့် ဆမ်ဆောင်း

0
804

ဆမ်ဆောင်းဟာ လက်ရှိမှာတော့ ကမ္ဘာ့ထိပ်တန်း chip ထုတ်လုပ်သူဖြစ်ပါတယ်။ အခုဆိုရင်တော့ ဈေးကွက်အသစ်ချဲ့ထွင်တဲ့အနေနဲ့ ခရစ်ပတိုငွေကြေးကို တူးဖော်ဖို့အတွက် ပြင်ဆင်နေပါပြီ။ ဆမ်ဆောင်းက သူကိုယ်တိုင်တူးဖော်မှာမဟုတ်ပေမယ့်လည်း သူ့ရဲ့အများအပြားထုတ်လုပ်နိုင်တဲ့စွမ်းရည်ကိုအသုံးပြုပြီးတော့ “application specific integrated circuits” လို့ခေါ်တဲ့ ASIC chip ကို ထုတ်လုပ်တော့မှာပါ။ အဲဒီ chip ကိုတော့ တူးဖော်တဲ့နေရာမှာ အသုံးပြုနိုင်မှာပါ။ chip တွေကို ကွိုင်တွေတူးဖော်ဖို့ ဒီဇိုင်းလုပ်ထားတာဖြစ်ပြီးတော့ GPU အထပ်လိုက်ထက် ပိုမိုအကျိုးရှိစေမှာ  ဖြစ်ပါတယ်။

ခရစ်ပတိုငွေကြေးကတော့ အမျိုးမျိုးသော feature၊ တန်ဖိုး၊ စီမံမှု feature တွေရှိပေမယ့်လည်း အများစုကတော့ တူးဖော်လို့ရပါတယ်။ ကွိုင်ကိုတူးဖော်ဖို့အတွက် သင့်ရဲ့စက်ဟာ ရှုပ်ထွေးခက်ခဲနက်နဲတဲ့ သင်္ချာတွက်ချက်မှုတွေကို ဖြေရှင်းနိုင်ဖို့လိုအပ်ပါတယ်။ အဲဒီတွက်ချက်မှုစွမ်းအားကတော့ ခရစ်ပတိုရဲ့ကွန်ရက်ဆီကို ကူးပြောင်းသွားပါတယ်။ ဒါပေမယ့်လည်း တွက်ချက်မှုတွေကတော့ အချိန်နဲ့အမျှခက်ခဲလာတာမို့ သင့်အနေနဲ့လည်း ဖြေရှင်းနိုင်ဖို့အတွက် ပိုမိုအားကောင်းဖို့ လိုအပ်လာပါတယ်။

ဘစ်ကွိုင်တွေဟာ အိမ်ကနေပြီးတော့ တူးဖော်လို့ရခဲ့ပါတယ်။ GPU အကြီးစားတွေကလည်း လျှပ်စစ်အတွက် သိပ်မစားခဲ့ပါဘူး။ ဒါကတော့ ခရစ်ပတိုငွေကြေးတွေတိုင်းပါပဲ။ ASIC chip ကတော့ တူးဖော်တဲ့လုပ်ငန်းစဉ်ကို ပိုမိုအကျိုးရှိနိုင်ပါတယ်။ ASIC chip အများစုကတော့ Bitmain နဲ့ Canaan Creative တို့ကဒီဇိုင်းထုတ်ထားတာဖြစ်ပြီးတော့ Taiwanese fabrication company TSMC နဲ့ တွဲဖက်လုပ်ဆောင်ထားကြတာပါ။ Samsung ၀င်လာတဲ့အချိန်မှာ သူ့ရဲ့ထုတ်လုပ်မှုစွမ်းအားတွေနဲ့ ဈေးကွက်ကိုဖြည့်ပေးနိုင်ပါလိမ့်မယ်။

Samsung ဟာ ခရစ်ပတိုငွေကြေးတူးဖော်တဲ့ chip ကို လုပ်ဆောင်နေကြောင်း အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ပါတနာတွေအကြောင်းတော့ မပြောခဲ့ပါဘူး။ လျှပ်စစ်အတွက်ကုန်ကျစရိတ်နည်းပါးတာက ခရစ်ပတိုငွေကြေးတူးဖော်ခြင်းအတွက် အသုံးပြုနိုင်ပါတယ်။ အဲဒီအမည်မဖော်တဲ့ပါတနာက ဆမ်ဆောင်းရဲ့ chip တွေကို အရေအတွက်တစ်ခုအထိ ၀ယ်ယူဖို့လိုအပ်ပါတယ်။ companyဟာ မနှစ်က chip ရောင်းအားဟာ $69 billionကို ယူဆောင်လာခဲ့ပြီးတော့ အခုအချိန်အထိ စမတ်ဖုန်းအများစုမှာ အသုံးပြုထားခဲ့ပါတယ်။ သူ့ရဲ့ဝင်ငွေအများစုကို ယူဆောင်လာခဲ့ပေးပြီးတော့ စမတ်ဖုန်းရောင်းအားထက်တောင် များနေပါသေးတယ်။

ASIC hardware တွေ ဈေးကွက်မှာများများရှိခြင်းကလည်း သိပ်တော့မနာပါဘူး။ consumer GPU တွေရဲ့ဈေးတွေဟာ ခေါင်ခိုက်နေပါတယ်။ အကြောင်းရင်းကတော့ အသစ်ထွက်တဲ့ ခရစ်ပတိုငွေကြေးတွေကို လိုက်လံတူးဖော်နေတဲ့အတွက်ကြောင့်ပါပဲ။ ဒါပေမယ့် ဆမ်ဆောင်းရဲ့မသိရသေးတဲ့ ပါတနာဟာ ASIC hardware တွေကို ရောင်းချမှာလား၊ သူ့ရဲ့ကိုယ်ပိုင်တူးဖော်မှုအတွက် အသုံးပြုမှာလားဆိုတာကိုတော့ မသိရသေးပါဘူး။ consumer ASIC device အများစုကတော့ ကျရှုံးခဲ့ကြပါတယ်။ မကြာသေးခင်က ခရစ်ပတိုတန်ဖိုးမြင့်တက်လာတာကြောင့် ခေတ်ပြန်ထလာပါတယ်။ တစ်နေ့နေ့မှာတော့ GPU ဈေးကို တင်ဆက်ပေးသွားမှာပါ။