Google Assistant ပါဝင်လာမယ့် Sony 4K HDR Android TV အသစ်များ

0
1601

ဆိုနီဟာ CES 2018 အတွက်တော့ flagship စမတ်ဖုန်းတွေမရှိခဲ့ပေမယ့်လည်း ကျွန်တော်တို့ကိုပြသဖို့အတွက် ဆန်းကြယ်တာလေးတွေတော့ စီစဉ်ထားပါတယ်။ mid-range ပစ္စည်းအသစ်များ၊ headphone ၊ စပီကာနဲ့ တီဗွီတွေလည်း ပါဝင်ပါတယ်။ CES ပြီးသွားတော့ ဆိုနီဟာ မြှုပ်ကွက်လေးတွေကို စတင်ဖော်ဆောင်လိုက်ပါပြီ။ CES ပွဲမှာပြသခဲ့တဲ့ မော်ဒယလ်အဟောင်းကို ပြင်ဆင်ထားတဲ့ 4K HDR Android TV အသစ်တွေကို ကြေညာလိုက်ပါတယ်။ အဲဒီမော်ဒယ်လ်အသစ်တွေမှာ Google Assistant ပါဝင်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လတွေတုန်းက ဆိုနီဟာ 4K HDR တီဗွီတွေကို Google Assistant ပါဝင်နိုင်အောင် အဆင့်မြှင့်တင်နေခဲ့ပါတယ်။ ဒါပေမယ့် အခုဆိုရင်တော့ Google ရဲ့ virtual assistant ကို ဘူးထဲကဖွင့်ဖွင့်ချင်းမှာကို အသုံးပြုနိုင်တော့မှာပါ။ update လုပ်စရာမလိုတော့ပါဘူး။

CES မှာပြသခဲ့တဲ့ X900F series ကတော့ 55” ၊ 65” နဲ့ 75” ဆိုပြီးတော့လာပါတယ်။ မြန်ဆန်ပြီးတော့ ချောမွေ့ရှင်းလင်းစေမယ့် X-Motion Clarity ကိုလည်းထည့်သွင်းထားပါသေးတယ်။ panel တွေဟာ LED တွေဖြစ်ပြီးတော့ X1 Extreme processor ကိုအသုံးပြုထားတာမို့ 4K HDR image တွေကို ကောင်းကောင်းကိုင်တွယ်နိုင်ပါတယ်။

ဒီကနေ့ကြေညာတဲ့မော်ဒယ်လ်တွေကတော့ 65” ၊ 75” စီးရီးတွေဖြစ်ပြီးတော့ OLED panel တွေအသုံးပြုထားပါတယ်။ Acoustic Surface နည်းပညာကိုအသုံးပြုထားတာမို့ အသံပိုင်းဆိုင်ရာမှာလည်း အရမ်းမိုက်ပါတယ်။ အသံကျယ်ကျယ်နဲ့ ဇာတ်ကားကြည့်တတ်တဲ့အမျိုးတွေအတွက်တော့ အိုကေပြီပေါ့။

Google Assistant ပါဝင်တဲ့အတွက်ကြောင့် Google Home app ကိုအသုံးပြုပြီးတော့ အလွယ်တကူချိတ်ဆက်နိုင်ပါတယ်။ အသံနဲ့ခိုင်းစေရင်း ခံစားကြည့်ရှုနိုင်ပြီပေါ့။

XBR-X900F   55-inch        $1,499.99

XBR-X900F   65-inch        $2,299.99

XBR-X900F   75-inch        $3,999.99

XBR-X850F   65-inch        $1,999.99

XBR-X850F   75-inch        $3,299.99

ဈေးနှုန်းတွေကတော့ အပေါ်မှာပြထားတဲ့အတိုင်းပါပဲ။ Best Buy နဲ့ Amazon တို့မှာဝယ်ယူနိုင်မှာပါ။

Aung Phyo Oo(Myanmar Mobile App)