Apple ထံမှ မရှိမဖြစ်လိုအပ်မယ့် Accessories သုံးမျိုး

0
675

Apple ဟာ ကြီးကျယ်ခြင်း၊ ဆန်းသစ်ခြင်း၊ အဆက်မပြတ် စိတ်အနှောင့်အယှက်ဖြစ်စေခြင်းတွေ စုစည်းထားတဲ့သူပါ။ အသစ်အဆန်း၊ စိတ်လှုပ်ရှားစရာပစ္စည်းတွေကို ထုတ်လုပ်ပြီးတော့ ပစ္စည်းအဟောင်းတွေကိုလုံးဝလွှင့်ပစ်ချင်အောင် လုပ်နိုင်တဲ့သူတွေပါ။ ဒါပေမယ့် ကျွန်တော်ပြောချင်တာကတော့ brand-new iPhone အသစ်ထွက်တိုင်းမှာ ၀ယ်ကိုင်နိုင်ဖို့ လူအတော်များများက မတတ်နိုင်ကြပါဘူး။ ဒါကြောင့်မို့ နှစ်သစ်မှာ သင့်ရဲ့ iနည်းပညာပစ္စည်းတွေ အသုံးပြုချင်တဲ့စိတ်ကိုဖြေဖျောက်နိုင်ဖို့အတွက် ပစ္စည်းသုံးမျိုးကိုသာ ရွေးချယ်ပေးထားပါတယ်။

MacBook Pro အတွက် HomeSpot USB-C Hubs

Macbook Pro အသစ်ရဲ့ ဘေးကအပေါက်တွေအားလုံးက ဒီဇိုင်းအတွက်လုပ်ထားတာလို့ သင်ထင်ပါသလား။ HomeSpot ရဲ့ USB-C hubs ကတော့ ကြိုက်တဲ့အပေါက်မှာထည့်လို့ရပါတယ်။ ဒါကြောင့်သင့်ရဲ့ကွန်ပျူတာအသစ်ကို အရင်တုန်းက အားသွင်းကြိုးတိုင်း၊ USB တိုင်းနဲ့ ကိုက်ညီသွားစေပါတယ်။ USB-A 3.0 port နှစ်ခု၊ SD port ၊ microSD port တွေလည်း ပါဝင်ပါတယ်။ HDMI port လည်း ထည့်နိုင်ပါသေးတယ်။ ဒီကောင်လေးအတွက်ဈေးနှုန်းကတော့ Cracked Store မှာဆိုရင် $54.99 ဖြစ်ပြီးတော့ $159.99 ကို ၆၅% ဈေးလျှော့ပေးထားပါတယ်။

Earhoox 2.0

Wireless earbuds တွေဟာ သီအိုရီအရတော့ မိုက်ပါတယ်။ ဒါပေမယ့် မော်ဒယ်လ်အများစုကတော့ လူနားကိုမမြင်ဖူးတဲ့ ဂြိုလ်သားတွေက ဒီဇိုင်းထုတ်ထားတယ်လို့ ပြောချင်ပါတယ်။ ပြေးတာ၊ ခုန်တာ၊ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ ပြုတ်ထွက်သွားမှာပါ။ Earhoox ကတော့ သူ့နေရာနဲ့သူ နေသားတကျဖြစ်စေမှာပါ။ Cracked Store မှာ $14.99 နဲ့  ၂၄% လျှော့ဈေးနဲ့ရမှာပါ။

Qi Wireless Fast Charging Pad

ဗွီဒီယိုဂိမ်းဆော့တဲ့သူတွေဆိုရင် ကြာကြာဆော့နိုင်ဖို့အတွက် ဘယ်အရာကသင့်ကို အားဖြည့်ပေးနိုင်ပါသလဲ။ Qi Wireless Fast Charging Pad ကတော့ သင့်ရဲ့ဖုန်းအတွက် အလုပ်လုပ်ပေးနိုင်ပါတယ်။ ဖုန်းကို သာမန်အားသွင်းခေါင်းတွေထက် 1.5 ဆ မြန်မြန်သွင်းပေးနိုင်ပြီးတော့ Qi အားသွင်းစနစ်က သင့်ရဲ့ iPhone ကို မြန်ဆန်စေပြီးတော့ဘတ်ထရီအားကျခြင်းတွေကိုလည်း ကာကွယ်ပေးနိုင်သလို ဘတ်ထရီကြံ့ခိုင်ရေးကိုလည်း ထိန်းသိမ်းပေးထားနိုင်ပါတယ်။

နှစ်တွေကြာလာမယ်ဆိုရင်တော့ iPhone ဘတ်ထရီလည်း အားကျမှာကျိန်းသေပါတယ်။ ဒါပေမယ့် ကြိုးမဲ့အားသွင်းမယ်ဆို၇င်တော့ ၈၅%လောက် ကောင်းနေနိုင်ပါသေးတယ်။ ဒါကြောင့် ဗွီဒီယိုဂိမ်းတွေကို အဆင်ပြေပြေဆော့နိုင်ရုံမျှမက စိတ်ညစ်စရာလည်းမလိုတော့ဘူးပေါ့။ $10.99 (၅၀%လျှော့ဈေး)နဲ့ Cracked Store မှာ ရနိုင်မှာပါ။

ဒီနေ့ခေတ်မှာ ဖုန်းဒီဇိုင်းတွေက ဖုန်းတွေကိုဖျက်နေတယ်လို့ ခံစားရပါတယ်။ ပေါက်ကွဲနိုင်တဲ့ဖုန်းတွေကို မျက်နှာအနားကို ကပ်ထားချင်တဲ့သူရှိလား။ ဒါကြောင့် gadget တွေရဲ့ တောက်ပမယ့်အချိန်ကို ရောက်လာပြီဆိုတာ ငြင်းချင်သေးလား။