4K ဗွီဒိယိုများရိုက်ကူးနိုင်စေမယ့် Olympus ရဲ့ PEN E-PL9

0
1622

Olympus ရဲ့ အသစ်ထွက်လာမယ့် PEN E-PL9 ကတော့ “သင့်ရဲ့ဖန်တီးနိုင်မှုစွမ်းရည်တွေကို အမြဲထိတွေ့နေစေဖို့”အတွက် ထုတ်လုပ်လိုက်တာပါ။ သူဟာ ကင်မရာကို အဆင့်မြှင့်ချင်ပေမယ့်လည်း ဈေးကြီးပြီးတော့ ကြီးမားတဲ့ကင်မရာကို မသုံးချင်သေးတဲ့ ဓါတ်ပုံသမားများအတွက် အရည်အသွေးရှိပြီးတော့ ဖန်တီးနိုင်စွမ်းတွေကို ပေးအပ်မယ့်သူပါ။

ကင်မရာရဲ့ အဓိကအားသာချက်ကတော့16-megapixel Four Thirds CMOS sensor ကို အားဖြည့်ထောက်ပံ့ထားတဲ့ TruePic VIII processor ပဲ ဖြစ်ပါတယ်။ သူ့မှာပါဝင်တာတွေကတော့ ISO range 200-6400 ၊ 100-25600 အထိ ချဲ့သုံးနိုင်ခြင်း၊ ကင်မရာကို 3-axis in-body sensor-shift stabilization ကို 3.5-stops of compensation နဲ့အသုံးပြုနိုင်ခြင်း ဓါတ်ပုံနဲ့ဗွီဒီယိုတွေကို lens အပေါ်မမှီခိုဘဲ stabilized လုပ်ပေးနိုင်ခြင်းများ ပါဝင်ပါတယ်။


ကင်မရာရဲ့ အနောက်ဘက်မှာတော့ ၃လက်မ touchscreen လေးရှိပြီးတော့ 1.04 million dots ရှိပါတယ်။ ကင်မရာဟာ control အပိုင်းမှာလည်း ကောင်းမွန်ပါတယ်။ စွမ်းဆောင်ရည်မြင့်မားတဲ့ AUTO mode က သင့်ကို brightness, color, contrast တွေကို ချိန်ညှိနိုင်စေမယ့်အပြင် touchscreen ကနေ ခလုတ်လေးတွေကို ဘယ်ညာကစားလိုက်ရုံပါပဲ။

Olympus ဟာ Advanced Photo (AP) mode ဆိုတဲ့ light painting ၊ HDR နဲ့ multiple exposures တို့လို ဆန်းသစ်တဲ့ပုံတွေဖန်တီးနိုင်တဲ့ အမျိုးအစားကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။ သူ့အကြောင်းကို ဒီလိုလေးရှင်းပြထားပါတယ်။

Olympus ဟာ ကင်ရာမီနူးထဲမှာရှိတဲ့ Live Composite လိုမျိုးနည်းပညာတွေကို စတင်ဖန်တီးခဲ့ပေမယ့်လည်း များသောအားဖြင့် မမြင်မိကြပါဘူး။ ညအချိန် တောက်ပနေတဲ့ အဆောက်အအုံရှေ့မှာ light paint လိုမျိုးနဲ့ သူငယ်ချင်းတွေ ရိုက်ကူးချင်ပါသလား။ များသောအားဖြင့် မဖြစ်နိုင်သလောက်ပါပဲ။ AP mode ပုံလေးကို နှိပ်လိုက်ပါ။ E-PL9 ကို တင်စရာတခုခုပေါ်မှာတင်လိုက်ပြီးတော့ ရိုက်နိုင်ပါပြီ။ multiple exposure ၊ HDR ၊ sweep panorama ၊ foucs bracketing တွေကိုလည်း စမ်းသပ်ရိုက်ကူးကြည့်လိုက်ပါဦး။

RAW photos ၊ 121-point AF system ၊ built-in flash ၊ Wi-Fi/Bluetooth connectivity ၊ 16 Art Filters (Instant Film one) ၊ scene modes ၊ 4K video recording ၊ 350 photos per battery charge နဲ့ အလေးချိန်ကတော့ 380g (13.4oz) ဖြစ်ပါတယ်။

Olympus PEN E-PL9 ကတော့ အဖြူ၊ အနက်၊ အညို ဆိုပြီးတော့ ရနိုင်ပြီး 2018 မတ်လမှာ စတင်ရောင်းရမှာပါ။ ဈေးနှုန်းကတော့ ဥရောပမှာ €549 (~$585) ဖြစ်ပြီးတော့ €699 (~$674) တန် M.Zuiko Digital ED 14-42mm F3.5-5.6 EZ pancake lens ကိုလည်း ၀ယ်နိုင်ဦးမှာပါ။ ယူအက်စ်အတွက်ဈေးနှုန်းနဲ့ ရနိုင်မလားဆိုတာကတော့ မသိသေးပါဘူး။