Sharpရဲ့ အကြမ်းခံ ဘတ်ဂျက်စမတ်ဖုန်းလေး Android One S3

0
1680

iPhone 5C လေးများလား လို့ ထင်ချင်မိစရာပါ။

ဘောင်ပျောက်ဒီဇိုင်း၊ screen ကြီးကြီးဖုန်းတွေ၊ facial scanning နည်းပညာခေတ်ကိုရောက်နေတာဖြစ်ပြီး အခုဆိုရင် Sharp ရဲ့ Android One S3 ကလည်း ကျေနပ်စရာကောင်းအောင် ဖန်တီးလိုက်ပြန်ပါတယ်။ Sharp X1 ရဲ့နောက်ကထွက်ရှိလာတဲ့ဖုန်းဖြစ်ပြီး S3 ကတော့ ဘတ်ဂျက်သာယာနိုင်ပါတယ်။ ငါးလက်မ IGZO 1080p display ပါဝင်ပြီး ဘောင်တွေတော့ ကြီးနေဆဲပါပဲ။ သူ့ကိုမြင်လိုက်ရတော့ iPhone 5C ကို ပြေးမြင်မိပါတယ်။ Snapdragon 430 processor ၊ 3GB RAM ၊ 32GB storage နဲ့ 2,700 mAh ဘတ်ထရီတို့ကိုလည်း အသုံးပြုခွင့်ရရှိမှာပါ။ အနောက်ကင်မရာက 13MP ၊ အရှေ့ကင်မရာကတော့ 5MP ဆိုတော့ အသင့်အတင့်ပါပဲ။

အချက်အလက်တွေကြည့်ရတာ စိတ်လှုပ်ရှားစရာမကောင်းပါဘူး။ ဟုတ်တယ်နော်။ ဒါပေမယ့် S3 မှာ အားသာချက်ရှိပါတယ်။ USB-C အားသွင်းစနစ်၊ IP68 ဆိုတော့ ရေစိမ်ခံတယ်လေ။ Sharp ကတော့ IP68 အပိုင်းမှာ အရမ်းကိုယုံကြည်မှုရှိနေပါတယ်။ တကယ်လို့ £207 လောက်နဲ့ Android One S3 ကို ဂျပန်ပြင်ပမှာ ၀ယ်နိုင်မယ်ဆိုရင်တော့ စိန်ခေါ်ကြည့်သင့်ပါတယ်။